kmar

ကျုပ်တို့ရဲ့ အနုပညာဖန်တီးမှုတွေဟာ တစ်နေ့ တခြား ဆန်းသစ်ဖွံ့ဖြိုးလာတယ်လို့ ဆိုရပါလိမ့်မယ်။ လူတွေက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျုပ်တို့ကတော့ ဇွဲမလျှော့ဘူး။ ကျုပ်တို့လိုချင်တာ နိုင်ငံတကာနဲ့အညီ ယှဉ်ပြိုင်နိုင်ဖို့ပါပဲတဲ့။ ခေတ်ပြိုင်ကချေသည် နက်ဂ်ရာဒီ (Negt Rady) က ကျွန်တော့်ကို ပြောပါတယ်။ သူတို့ ဒီလိုလုပ်နိုင်ရင် ကျုပ်တို့လည်းလုပ်နိုင်ကြောင်း ပြသနိုင်ရမယ်တဲ့။ ကျုပ်တို့ ခမာလူမျိုးတွေ နောက်ချန်နေရစ်ခဲ့ရမလားတဲ့။ ဟုတ်ပါပြီ။

ဖနွမ်းပင်မြို့လယ်ကောင်က ကော်ဖီဆိုင်တစ်ဆိုင်မှာ သူနဲ့တွေ့ ဆုံကြဖို့ ချိန်းဆိုရင်း ကျွန်တော့်ကို သူက စပြောနေတာပါ။ သူက သူ့အကျင့်စရိုက်အတိုင်း ကော်ဖီတစ်ကျိုက်နှစ်ကျိုက်စုပ်ရင်း ပွင့်ပွင့်လင်းလင်း ပြောချလိုက်တာလေ။ အနုပညာဆိုတာ အမြဲတမ်းဆန်းသစ်နေရမယ်။ နိုင်ငံတကာနဲ့ ယှဉ်နေနိုင်ရမယ်ဆိုပါလား။ ကျုပ်တို့တစ်တွေ ဆယ်စုနှစ်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ကြရာက ခုမှနိုးထလာကြတာပါတဲ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရာဒီတို့လို ငယ်ရွယ်နုပျိုပြီး အရည်အသွေးရှိတဲ့ လူငယ်လေးတွေလက်ထဲမှာ ခေတ်ပြိုင်အကပညာရပ်တွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ တန်ခိုးသြဇာရှိလာကြတယ်။ ဖနွမ်းပင်ယဉ်ကျေးမှု ရှုခင်းသာ Apsara အကတွေထဲမှာ

Read more: နိုးကြွလာသော ခမာယဉ်ကျေးမှုနှင့် ခေတ်ပြိုင်အက

k1-2

ဟိုးရှေးရှေးတုန်းကတော့ ကျွန်မတို့အမေများ ပြောတာက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီဆိုတာ အုံ့ဆိုင်းမှုန်မှိုင်းပြီး တကယ့်တောကြီးနက်ခေါင် တော လျှိုမြောင်ထဲမှာတဲ့။ လူမနီးတဲ့ စိမ့်ကြီးမြိုင်ကြီးထဲမှာ သားရဲ တိရစ္ဆာန်တွေ ပေါကပေါသနဲ့။ ဘုရားဖူးလာ သူတွေကိုတော့ သူတို့ကရန်မမူဘူးတဲ့ ၊ ဘာမှမလုပ်ဘူးတဲ့။ တမော့မော့နဲ့ စမ်းချောင်းကလေးတွေ့ရင်နားလိုက်၊ ရောက်တော့မယ်ရောက်တော့မယ်ဆိုပြီး ဘုရားဖူးရတော့မယ်ဆိုပြီး မျှော်လင့်ချက်ကလေးနဲ့ တောင်ဝှေးလေးထောက် ဖြေဖြေးတက်သွားလိုက်။ တယ်...အရသာရှိသကိုးတဲ့။

Read more: ဆောင်းနှင်းနဲ့အတူ ကျိုက်ထီးရိုးဘုရားဖူးကြမယ်

y1

ကျိုက္ခမီရေလယ်ဘုရား

ကျိုက္ခမီရေလယ်ဘုရားဟာ မြန်မာနိုင်ငံ အရှေ့တောင်ဘက် မွန်ပြည်နယ် အပန်းဖြေမြို့တော် ကျိုက္ခမီ မှာရှိတယ်။ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ၄၈ ကီလိုမီတာ အကွာ (မိုင် ၃ဝ)ကျွန်းဆွယ်တစ်ခုပေါ်မှာ ရှိတယ်။ ဒေသတွင်းဘုရားဖူးတွေနဲ့ ကမ္ဘာတစ်ဝန်းမှ ခရီးသွားဧည့်သည်တွေ လာရောက်အပန်းဖြေ နားနေကြတဲ့နေရာဖြစ်ပါတယ်။ မြန်မာပြည်ရှိ တန်ခိုးကြီးဘုရားတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တယ်။ ကျိုက္ခမီရေလယ်ဘုရားဟာ သဘာဝအလျောက် ဖြစ်တည်ဖွဲ့စည်းထားအပ်တဲ့

Read more: ထင်ရှားတဲ့ ရေလယ်ဘုရားတွေ

 

mandalay 1

မန္တလေး
 မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မင်းနေ မြို့တော်ဆိုတာ လူတိုင်းသိရှိကြ ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ရဲ့  အရှေ့ဘက်ကမ်းမှာ တည်ရှိပြီး အလွန်သာယာဝပြောစည်ပင်တဲ့  ကုန်စည်ကူးသန်းရောင်းဝယ် ဖြစ်ထွန်းရာ သင်္ဘောဆိပ်မြို့တော် ကြီးဖြစ်ပါတယ်။ ရန်ကုန်ရဲ့မြောက်ဘက် ၆၆၈  ကီလိုမီတာကွာဝေး ပါတယ်။ ရှေးအခါကတော့ ရတနာပုံနေပြည်တော်ရယ်လို့ အကျော်အမော်ဖြစ်ခဲ့ တာပေါ့။ ၁၈၅၇ ခုနှစ်မှာ ဘဝရှင်မင်းတုန်းမင်းတရားကြီးက     တည်ထောင်ခဲ့တာဖြစ် တယ်။   ယခုအခါမှာတော့

Read more: ရွှေမန္တလေးက သမိုင်းဝင်အကျော်အမော်နေရာများ

 

က မ္ဘာေ ပါ် က  အကြီးဆုံး အလှဆုံး ရေတံခွန်ကြီးများ

ဗီယက်နမ်နိုင်ငံက ရေတံခွန်  (Vietnam Ban Gioc Fall)

vietnam ban gioc fall1

ဒီရေတံခွန်က  ဗီယက်နမ် ဘက်မှာရော  တရုတ်ဘက်မှာပါ  ခွထိုင်တည်ရှိနေတယ်လို့  ပြောရမှာ ပါ။   ကျောက်ဆောင်တွေ သစ်ပင် တွေ ကြားကနေ  ကွဲထွက်လာတာ  ကြောင့် လည်း နှစ်ပိုင်း သုံးပိုင်း ကွဲနေ တာ ဖြစ်ပါတယ်။ မိုးများတဲ့ အခါမျိုးမှာတော့

Read more: က မ္ဘာေ ပါ် က အကြီးဆုံး အလှဆုံး ရေတံခွန်ကြီးများ

Go to top