auinnwa

ရာဇဝံသ မင်းသွေးမင်းမာန်တွေ လွှမ်းခြုံထားခဲ့ရာ မြန်မာမင်းနေပြည်တော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ အင်းဝ မြို့ကို သွားဖို့ဆိုရင် စစ်ကိုင်းမှာ ဘူတာစရပါလိမ့်မယ်။ ရန်ကုန်-မန္တလေး-စစ်ကိုင်းကားကို စီးခဲ့ပါ။ စစ်ကိုင်းမြို့ အဝင် ၃၅၈-၆ အဝိုင်းလို့ ခေါ်တဲ့ လမ်းဆုံမှာ ဆင်းပါ။ သို့မဟုတ်လည်း စစ်ကိုင်းမြို့ပေါ်မှာဆင်းပြီးမှ ဒီနေရာ ကိုလာခဲ့ပါ။ ဒါဟာ စိတ်ဝင်စားစရာခရီးရဲ့ အစပါ။ အင်းဝကိုသွားဖို့ဆို ဒီနေရာကို ဖြတ်ရမှာဖြစ်လို့ပါပဲ။ ဒီနေရာဟာ

အင်းဝဘက်ကိုသွားဖို့ အကောင်းဆုံး ဆုံချက်နေရာလို့ဆိုရင်လည်း မမှားပါဘူး။


ဗားကရာကျောင်းတိုက်

ဆိုင်ကယ်ကယ်ရီနဲ့သွားရင် မိနစ် ၂ဝခန့်အကြာမှာ ပထမဆုံးရောက်မယ့် နေရာဟာ ဗားကရာ ကျောင်းတိုက်ပါ။

auinnwa2

-တံခါးရွက်တွေမှာထွင်းထုထားတဲ့ဘုရင်နဲ့ မိဖုရားပုံတော်တွေဟာ နှစ်ကာလများနဲ့ ရာသီဥတုရဲ့ တိုက်စားချက်တွေကြောင့် သတိထားကြည့်မှ မြင်ရတော့တဲ့
မှိန်ဖျော့ဖျော့အရာလေးတွေအဖြစ်သာ ရှိပါတော့တယ်။

- ဆရာတော် ဘုရားဝတ်ပြုရာနေရာကိုအပြင်ကလှမ်းကြည့်ရင်

auIMG 6882

-ဆရာတော် သတင်းသုံးရာမှ ဖူးမြော်ခံဖို့ြ<ွကလာမယ့် တံခါးပေါက်ဝတည့်တည့် ဖြစ်တဲ့ ဒီနေရာမှာ စောင့်မျှော်တဲ့ ဒကာတော်မင်းမြတ်နှင့် သူရဲ့မိဖုရားတို့ ရှိခဲ့ကြတယ်လို့ ဆိုကြပါတယ်။တစ်ဖက်ကို အလင်းတိုး လျှိုပေါက်သွားမယ့် တံခါး တွေကို စီမံပုံဟာ ရှေးမြန်မာတွေရဲ့ အတတ်ပညာတစ်ရပ် ဖြစ်မယ်လို့ မှန်းဆရပါတယ်။

auScreenshot 64

- သစ်အတိုင်းသားမြင်နေရတဲ့ တိုင်လုံးကြီးတွေ ရဲ့ကြီးမားပုံနဲ့ မြင့်မားမှုဟာ အံ့မခန်းဖြစ်စေပါတယ်။

auIMG 6881


မဟာလောကသရဖူဘုရား

ဗားကရာကျောင်းတိုက်ကအထွက် ဆင်ကျုံးရပ်မှာ မဟာလောကသရဖူဘုရား ဝင်ရောက်ဖူးမြော်နိုင်ပါတယ်။ လောကသရဖူဘုရားဟာသက္ကရာဇ် ၁ဝ၉၂ မှာ တနင်္ဂနွေမင်း စတင်တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ပါတယ်။ လောကသရဖူဆိုတဲ့ဘွဲ့အမည် အလျောက် လောကတစ်ခွင် ပြိုင်ဘက်ကင်း သရဖူကို ရရှိပိုင်ဆိုင်နိုင်မယ် ဆိုတဲ့ပညတ်နဲ့ မင်းတရားအဆူဆူ တို့ ဖူးခဲ့ကြလေ့ရှိတယ်လို့အဆိုရှိပါတယ်။

ဆင်ကျုံးခံတပ်

auIMG 6914

မဟာလောကသရဖူဘုရားကအထွက်မှာ ရောက်မယ့် ဆင်ကျုံးခံတပ်ကိုလည်း တစ်ဆက်တည်း သွားရောက်ကြည့်ရှုသင့်ပါတယ်။ ဆင်ကျုံးခံတပ်ကို အပြင်ကကြည့်တဲ့အခါခံစားမှုတစ်မျိုး၊ အတွင်းထဲကို ဝင်သွားတဲ့အခါ ခံစားမှုတစ်မျိုးပေးပါတယ်။

နန်းမြင့်မျှော်စင်

auIMG 6930

နောက်ထပ် စိတ်ဝင်စားစရာနေရာကတော့ အင်းဝ နန်းတော်ဟောင်းတွင်းမှာ အမြင့်ပေ ၉ဝ ဝန်းကျင်ခန့်ရှိတဲ့နန်းမြင့်မျှော်စင်ပဲဖြစ်ပါတယ်။ ဘကြီးတော် မင်းလက်ထက်ကြ<ွကွင်းကျန်ရစ်ခဲ့တဲ့ တစ်ခုတည်း သော အင်္ဂတေလက်ရာဖြစ်ပါတယ်။ ငလျင်ဒဏ်ကိုပြင်းပြင်းထန်ထန်ခံခဲ့ရပြီး အပေါ်ပိုင်းပြိုကျခဲ့တယ်လို့ မှတ်တမ်းပြုထားတာတွေ့ရပါတယ်။ ယခုအခါမှာ တော့ပြိုကျလုဆဲဆဲ အန္တရာယ်အခြေအနေကြောင့် အထက်ကိုပေးမတက်တော့ဘဲ ပိတ်ထားပြီ ဖြစ်ပါတယ်။

မယ်နုအုတ်ကျောင်း

ဆရာတော်ဦးဗုဓ်ရဲ့ ကျောင်းဒါယိကာမ မယ်နု ကိုဆုံးမခဲ့တဲ့ စကားတစ်ခွန်းဟာသမိုင်းတစ်လျှောက်တွင်ကျန်ရစ်ပါတယ်။ အင်းဝကိုရောက်ရင် မဖြစ်မနေ သွားရမယ့်နေရာဟာ ဒီကျောင်းတော်ပါပဲ။ ဒီနေရာ ဟာအတိတ်ရဲ့ ဆွတ်ပျံ့ဖွယ်ရာတွေကိုလှုပ်နှိုးပါလိမ့် မယ်။ ဆရာတော် ဦးဗုဓ်အားလှူဒါန်းခဲ့တဲ့နန်းမတော် မယ်နု အုတ်ကျောင်းရဲ့ ထင်ရှားမှုမှာခမ်းနားပြီး ထုထည် ကြီးမားခိုင်ခံ့ခြင်းပဲဖြစ်ပါတယ်။ ထိုခေတ်တန်ဖိုးငွေ ကျပ် ၃သိန်းခန့် ကုန်ကျတယ်လို့ ဆိုရိုးရှိကြပါတယ်။ ကမ္ဘာ့ ခရီးသွားတွေ လာရောက်ကြည့်ရှုကြရတဲ့ ဗိသုကာ၊ ပန်းရံ၊ ပန်တမော့လက်ရာတွေ အဖိုးမဖြတ်နိုင်အောင် ရှိနေပါတယ်။

auIMG 6939

အချိန်ပေးနိုင်မယ်ဆိုရင် ဘကြီးတော်မင်းတရား ကောင်းမှုဖြစ်တဲ့ လေးထပ်တိုက်ကျောင်းကို သွားရောက် လေ့လာနိုင်ပါသေးတယ်။ အေးအေးလူလူသွားမယ် ဆိုရင်တော့ ဒီမျှလောက် ခရီးစဉ်ဟာ စိတ်ကျေနပ် စရာကောင်းပါပြီ။ ဒီခရီးစဉ်ကိုမီးသွေးတိုက်ရွာဂိတ်စကစတင်ပြီး ဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ အင်းဝနန်းတော် ဟောင်းနေရာအစုံဖြစ်တဲ့ နန်းမြင့်မျှော်စင်ပါမကျန် အသွားအပြန် တစ်သောင်းကျပ်နဲ့ မြင်းလှည်းစင်းလုံးပြီးသွားနိုင်မှာဖြစ်ပါတယ်။ ဆိုင် ကယ်ကယ်ရီနဲ့သွားရင်တော့ တစ်နေရာနဲ့ တစ်နေရာကို မိနစ် ၂ဝမှ ၃ဝ အကြာဆုံးအချိန်ပေးရပါတယ်။

မင်ဒီ

Go to top