volcano

Lord of the Rings ဇာတ်လမ်းတွဲတွေမှာ ထည့်သွင်းရိုက်ကူးထားခဲ့တဲ့ မီးတောင်ရဲ့ မီးတောင်ချိုင့်ဝှမ်းကြီးဟာ လှုပ်ရှားမှုတွေတိုးလာတာကြောင့် နယူးဇီလန်က ခြေလျင်ခရီးသည်တွေကို မီးတောင်ဝကနေ ခပ်ဝေးဝေးနေကြဖို့ တိုက်တွန်းထားပါတယ်။ GNS Science က အဲဒီ Mount Ruapehu ရဲ့ သတိပေးချက် အဆင့်

၂ ကို တိုးမြှင့်လိုက်ပါတယ်။ အဲဒါဟာ အလယ်အလတ်ကနေ လှုပ်ရှားမှုတွေပိုမြင့်လာတဲ့ အခြေအနေကိုဖော်ပြတယ်။ အဆင့် ၃ မှာတော့ ပေါက်ကွဲမှု အသေးစားစပြီးဖြစ်နေပါပြီ။ 'လှုပ်ရှားမှုတွေအများကြီးဖြစ်တဲ့ အကြိမ်တွေရှိပါတယ်။ ဒါပေမဲ့ ပေါက်ကွဲမှုကတော့ အင်မတန်နည်းပါးတယ်' လို့ GNS Science က မီးတောင်သုတေသနပညာရှင် Brad Scott က CNN ကို ပြောပါတယ်။

ခြေလျင်ခရီးသည် တွေဟာ မီးတောင်ဝအလယ်ဗဟိုကနေ အနည်းဆုံး ၂ ကီလိုမီတာအကွာမှာပဲနေရမှာပါ။ တောင်တက်သမားတွေ၊ ခြေလျင်ခရီးသည်တွေနဲ့ လမ်းလျှောက်ကြသူတွေ ဇုန်ထဲကိုမဝင်ဖို့ အကြံပြုထားပါတယ် 'လို့ Tongariro အမျိုးသားပန်းခြံ မန်နေဂျာ Paul Carr က သတင်း ထုတ်ပြန်ပါတယ်။ လမ်းညွှန်ကုမ္ပဏီတွေလည်း အကြံပြု ချက်ကိုအာရုံစိုက်ထားပြီး ခရီးသွားတွေကို ဇုန်အတွင်း ခေါ်ဆောင်မသွားဖို့ သတိပြုရမှာပါ။ GNS Science စောင့်ကြည်စစ်ဆေးတဲ့ကိရိယာမှာ မြေငလျင်လှုပ်ရှားမှု တွေ၊ မီးတောင်ဓာတ်ငွေ့တွေ တွန်းကန်ထွက်နေပြီး အပူတွေစီးဆင်းနေတာ တိုင်းတာသိရှိခဲ့တယ်လို့ Scott ကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်ကျော်မှာ Mount Ruapehu က မီးတောင်ဝကန်ရဲ့အပူချိန်ဟာ ၂၅ ဒီဂရီထိတိုးခဲ့ပြီး ၆၈ ကနေ ၁၁၃ ဒီဂရီဖာရင်ဟိုက် ရှိခဲ့ပါတယ်။ ၂ဝ၁ဝ ကတည်းက Mount Ruapehu ဟာ အပူချိန်မြင့်တက်တာ ၈ ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပေါက်ကွဲမှုတော့မဖြစ်ခဲ့ပါဘူး။ Tongariro National Park ဟာ ဒါရိုက်တာ Peter Jackson ရဲ့ Lord of the Rings ရုပ်ရှင် ၃ကားမှာ အမည်းရောင်အရှင်သခင်ကြီး Suaron ရဲ့ နယ်မြေ Mordor အတွက်ထည့်သွင်း ရိုက်ကူးခဲ့တာကြောင့် နိုင်ငံတကာမှာကျော်ကြားခဲ့တယ်။

ဖြိုးဖြိုး

Go to top