june58

Hello kitty အရုပ်လေးတွေကို ချစ်ခင်နှစ် သက်ကြသူတွေကို ဆွဲဆောင်နိုင်တဲ့ နည်းလမ်းအဖြစ် အရှိန်မြင့်ရထားတစ်စင်းမှာံHello kitty ရုပ်လေး တွေဆေးခြယ်ထားလိုက်ပါတယ်။ အဲဒီရထားဟာ Taipei နဲ့ Taitung မြို့တော်ကြား အပြန်အလှန် ပြေး ဆွဲမှာပါ။ ပါးစပ်မပါတဲ့ အရုပ်လေးရဲ့ ပရိသတ် ၂ဝဝ ကျော်ဟာ ကျွန်းရဲ့ မြောက်ဘက်နဲ့ အရှေ့တောင် ဘက်ဆီအသွား ၄ နာရီခရီးမှာ စကားပြောစရာမလို လှဘဲ မြူးထူးပျော်ရွှင်ရယ်မောသွားနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ ဆိုတယ်။ ကြောင်မဟုတ်တဲ့ နာမည်ကျော် Hello kitty ရဲ့ ပုံလေးတွေကို ရထားရဲ့အပြင်ဘက်၊ အတွင်းဘက်နံရံတွေမှာ၊

ခေါင်းမှီအဖုံးအကာ၊ အစား အသောက်တည်ခင်းဧည့်ခံတဲ့ တွန်းလှည်းလေးတွေနဲ့ အစားအသောက်ပြင်ဆင်ပေးတဲ့ ဘူးတွေမှာ ရထား ဝန်ထမ်းတွေဟာHello kitty အပြင်အဆင်လေး တွေနဲ့ စီစဉ်ခင်းကျင်းထားပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲပြေးဆွဲ နေ့တုန်းက ခေါင်းမှီအဖုံးအကာ ၃ဝဝ ကျော် ခိုးယူ သွားတာနဲ့ကြုံခဲ့ရတယ်လို့Taipei Time မှာ သတင်းဖော်ပြခဲ့တယ်။

အဲဒီရထားကို ထိုင်ဝမ် မီးရထား အုပ်ချုပ်ရေးဌာန(TRA)၊ EVA AIR နဲ့ ဂျပန်ကာတွန်း ကုမ္ပဏီ Sanrio Taiwanတို့က နိုင်ငံတကာခရီးသည် တွေကို ဆွဲဆောင်ဖို့ ဒီဇိုင်းဖန်တီး ပူးပေါင်းဆောင်ရွက် ခဲ့တာပါ။ ရထားရဲ့ တွဲ ၈ တွဲမှာ ကွဲပြားတဲ့ခရီးသွားရှုခင်း မျိုးရရှိနိုင်အောင်လို့ တိုင်ပေ၊ အာရှ၊ သြစတြေးလျ၊ဥရောပ၊ အာဖရိက၊ မြောက်နဲ့ တောင်အမေရိကနဲ့ မြောက်နဲ့ တောင်ဝင်ရိုးစွန်းက အထိမ်းအမှတ် အဓိကနေရာတွေနဲ့ ဒီဇိုင်းပုံဖော်ထားပါတယ်။ နောက် ဆုံးတွဲမှာတော့ ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းက နိုင်ငံရှုခင်းတွေရေးဆွဲထားပါတယ်။

jne58

Sanrio ဂျပန် ကာတွန်းကုမ္ပဏီက အထူး Hello kitty ဇာတ်ကောင် လေးမှာ ရထားကပ္ပတိန်ရဲ့ ဦးထုပ်နဲ့ ဝတ်စုံဝတ်ဆင်ထား ပြီး ရထားမာစတာတစ်ဦးအဖြစ် ဧည့်ခံပါတယ်။ ၃၇၆ ခုံပါဝင်ပြီွးှTaipei နဲ့ Taitung ကြား ခရီးလမ်းကို မတ်လ ၂၅ ရက်နေ့မှာ ပြေးဆွဲခဲ့ပါတယ်။ံHualien Taitung ရထားလိုင်းဖွင့်ပွဲ နှစ် ၉ဝ မြောက် အထိမ်း အမှတ်အဖြစ် မတ်လ ၂၇ နေ့ကtaipei နဲံ့Hualien ဆီကိုလည်းံHello kitty ရထားပြေးဆွဲခဲ့တယ်။ ဂျပန်ကာတွန်းကုမ္ပဏီSanrio ဟာ Hello Kittyကာတွန်းဇာတ်ကောင်လေးကို ၁၉၇၄ ခုနှစ်မှာ စတင် ဖန်တီးခဲ့တယ်။ အဲဒီအချိန်ကတည်းက မိန်းကလေး ငယ်လေးတွေ ကြိုက်နှစ်သက်လှတဲ့ ဇာတ်ကောင်လေး ဖြစ်လာခဲ့ပြီး Jame Bond,WillieNelson,Jackieတို့လို့ ကမ္ဘာကျော်ဇာတ်ကောင် တွေကြားထဲမှာပါ မနားတမ်းလူသိများနေခဲ့တဲ့ ဇာတ် ကောင်လေးဖြစ်ခဲ့တယ်။ ဆယ်စုနှစ် ၄ ခုစာ ကြာပြီးတဲ့ အချိန်Sanrio ရဲ့ နှစ်စဉ်လုပ်ငန်းလည်ပတ်ရာက ရရှိ ခဲ့တဲ့ ဒေါ်လာ ၁၄၂ သန်းမှာ အကြမ်းဖျဉ်း ၇၅ ရာခိုင်နှုန်း Hello kitty ကြောင့်ရရှိခဲ့တဲ့အမြတ်အစွန်းလို့ ဆိုတယ်။

ဖြိုးဖြိုး

Go to top