monsoon

Living Fashion ပရိသတ်ကြီးရေ . . .  အေးမြ ခြင်း၊ စိမ်းလန်းခြင်းတွေကို ပွေ့ပိုက်ထားတဲ့ မိုးရာသီကို ရောက်ရှိနေပါပြီ။ မိုးရာသီက သင့်ကို စိမ်းမြအေးချမ်း ခြင်းေ တွ ပေးစွမ်းနို င်ပေ မဲ့လည်းသင့် စိတ်အလိုမ ကျ ဖြစ်စရာ တချို့အချက်တွေလည်း ရှိနေမှာပါ။ မိုးရာသီမှာ သင့်အိမ်အတွက် ပြင်ဆင်စရာ အချက်အလက်တွေ အများအပြားရှိ  နေနိုင်ပါတယ်။ သင့်အိမ်ရဲ့ ဧည့်ခန်း၊ အိပ်ခန်း စတာတွေ ကိုလည်းလန်းဆန်း တ က်ကြွတဲ့ အသွင်ဆောင်စေမယ့် အပြင်အဆင်မျိုး ပြောင်းလဲ ပစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင့်အတွက် Idea ရစေ မယ့် Monsoon Decoration အပြင်အဆင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

monsoon1

moonsoon4

door

သမိုင်းဦး ဘုံမြေခေတ်က  ပုဂ္ဂလိကပိုင်ဆိုင်မှု ဟူ၍မရှိခဲ့။ ဝိုင်းလုပ် ဝိုင်းစား၊ နိုင်သလောက်လုပ်၊ လိုသလောက်ယူပင်ဖြစ်ခဲ့ပါသည်။ အားလုံး စုပေါင်းနေထိုင်ကြ၊ စုပေါင်းရှာဖွေကြ၊ စုပေါင်းစားကြလေရာ သူ့ဟာ ငါ့ဟာဟူ၍မရှိ။ ထို့ကြောင့် မိမိပိုင်ဆိုင်သော အရာဝတ္ထုများအ တွက် ပူပန်ရသည်လည်းမရှိခဲ့။ သို့ရာတွင် ထိုမှ တစ်ဆင့်ပြီးတစ်ဆင့် ယဉ်ကျေးမှု တိုးတက်လာသည်ဟုဆိုကြရာတွင်မူ ပုဂ္ဂလိက ပိုင်ဆိုင်မှု တွေ ရှိ လာကြတော့သည်။ငါ့အိမ်၊ ငါ့မြေ၊ ငါ့ပစ္စည်း အစရှိသဖြင့် မိမိ ပိုင်ဆိုင်ထားသော အရာတို့အတွက် တာဝန်ယူမှုများ၊ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာကြ ရလေတော့ သည်။ ဤတွင် အိမ်တံခါး၊ ခြံတံခါးများ ပေါ်ေ ပါက်လာကြပြီး ယင်းတံခါးများကိုအခြားသူ တို့ အလွယ်တကူမဖွင့်နိုင်ကြစေရန် ကြံဆတီထွင် မှုများလည်း ပေါ်ပေါက်လာကြရသည်။

Read more: သမို်င်းကိုပြောပြနေသော တံခါးသော့များ

a yake hla hla

အဆောက်အအုံတစ်ခု လှလှပပခိုင်ခိုင်တည်တည်နဲ့ ဖြစ်တည်လာတယ်ဆိုတာ ဆောက်လုပ်ရေးအင်ဂျင်နီယာပညာရှင်တွေရဲ့ ကျွမ်းကျင်မှု၊ အဆောက်အအုံဒီဇိုင်းကောင်းေ ကာင်းတွေကို ရေးဆွဲပေးနိုင်တဲ့ Architectပညာရှင် တွေရဲ့လက်ရာသေသပ်မှုနဲ့ အဲ့ဒီလို သေသပ်လှပတဲ့လက်ရာတွေကို စနစ်တကျ အကောင်အထည်ဖော်ပေးနိုင်တဲ့ လက်သမား၊ ပန်းရန်သမား စတဲ့ ဆောက်လုပ်ရေး သမားတွေကြောင့် ဆိုတာ ငြင်းလို့မရပါဘူး။

အဲ့ဒါကြောင့် ခိုင်တည်လှပ တဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်လိုကြ သူေ တွဟာ အဲ့ဒီလို ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ Construction Company တွေကို ရွေးချယ်မိဖို့ လိုပါ တယ်။စိတ်မပူပါနဲ့။ ဒီစာမျက်နှာလေးကနေ အဲ့ဒီလိုကျွမ်း ကျင် ပညာရှင်တွေနဲ့ ပေါင်းတည်ဖွဲ့စည်းထားတဲ့ အရိပ်လှလှ   ဆောက်လုပ်ရေးကုမ္ပဏီနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

  • Customer များ၏ လုပ်ငန်းနှင့် ပတ်သက်သော ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးပေးခြင်း၊
  • Customer များ၏ မြေယာပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ မြေယာဌာနမှာ စုံစမ်းပေးခြင်း၊
  • မိမိတို့ မြေပေါ်မှာ PAE စနစ်၊ အခန်းပေး အခန်းယူစနစ်၊ လုံးချင်းများ တည်ဆောက်ပေးခြင်း၊
  • အဆင်မြင့် ကွန်ဒိုမီနီယမ် ၊ အထပ်နိမ့် ၊ အထပ်မြင့် များ တည်ဆောက်ပေးခြင်း၊
  • ဟိုတယ်၊ စက်ရုံနှင့် ဂိုဒေါင်များ တည်ဆောက်ပေးခြင်း၊
  • Estimate တွက်ချက်ပေးခြင်း၊
  • Architect Design Drawing ရေးဆွဲ ပေးခြင်း၊
  • Home Decoration နှင့် Renovation လုပ်ကိုင်ပေးခြင်း၊

လိုင်စင်နံပါတ်f LC – 689 ဖြစ်ပြီးတော့ အရိပ်လှလှ ဆောက်လုပ်ရေးကုမ္ပဏီနဲ့ အတူလက်တွဲ လုပ်ကိုင်လိုသူတွေ အတွက် ရန်ကုန်မြို့၊ မင်္ဂတောင်ညွှန့်မြို့နယ်၊ ဒေါ်သိန်းတင်လမ်း၊ အမှတ် ၅၅၊ သုံးလွှာမှာရုံးခန်းဖွင့်လှစ်ထားပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ပြီး သိလိုသမျှကို စုံစမ်းလိုတယ်ဆိုရင်တော့ ဝ၁-၃၉၄၉၆၇ ၊ ဝ၉-၅ဝ၇၄၂ဝ၃ ၊ ဝ၉- ၇၃၁၈၃၂၂၁ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
                                                       နွေလ

68

ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု United GP Development Co.ltd ၏ ပွဲဦးထွက် လုပ်ငန်းတစ်ခုမှာ ကမ္ဘာ့အဆင့်နှင့်အညီ တည်ဆောက်မည့် 68 Residence ကွန်ဒိုမီနီယမ်ဖြစ်သည်။ အဆိုပါ 68 Residence ကို ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံ လမ်းထောင့်တွင် တည်ဆောက်မည်ဖြစ်ပြီး Serviced Residence တွေ ပါဝင်မည်ဖြစ်သည်။

Read more: ရွှေနန်းတော် စိန်ရွှေရတနာ လုပ်ငန်းစု၏ ပထမဦးဆုံး ခြေလှမ်းသစ်

sale  rent

အိမ်တစ်အိမ် ဝယ်တော့မယ်ဆိုရင် ဘယ်လို အိမ်မျိုးကို ဝယ်ရမလဲ၊ ဘယ်လိုနေရာမျိုးမှာ ဝယ်ရင် ကောင်းမလဲ စတဲ့ စဉ်းစားစရာတွေ၊ တွေးပူစရာတွေ ကိုယ့်မှာ ပုံဆင့်လာပါပြီ။ ဘယ်သူ ပဲဖြစ်ဖြစ် ကိုယ်ဝယ်လိုက်တဲ့ အိမ်က ကောင်းမွန်တဲ့ အိမ်လေးဖြစ်ဖို့၊ ကောင်းမွန်တဲ့ နေရာလေးမှာ တည်ရှိနေဖို့ မျှော်လင့်မိကြမှာပါ။ မှန်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ နေရာက နေရာကောင်း၊ နေရာသန့်ဖြစ်ဖို့၊ စားရေးသောက်ရေး၊ သွားရေးလာရေး လွယ်ကူအဆင်ပြေတဲ့နေရာ ဖြစ်ဖို့က သိပ်ကို အရေးကြီးလှပါတယ်။ ဒါကြောင့် Living Fashion မဂ္ဂဇင်း ပရိသတ်ကြီး ဦးနှောက်မစားစေဖို့ ဒီလ ဒီကဏ္ဍလေးမှာ အကျိုးဆောင်လုပ်ငန်းတွေက နေရောင်းငှားမယ့် အိမ်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Read more: အကျိုးဆောင်လုပ်ငန်းများမှ ရောင်း/ငှားမည့် အိမ်ရာများ

Go to top