Progress-in-meditation-10-steps-700x400

ကျွန်ုပ်တို့ဟာ လူမှုအသိုက်အဝန်းဝန်းကျင်လုပ်ငန်းဆောင်တာတွေအတွက် သွားလာလှုပ်ရှားရုန်းကန်ရင်း တချို့အချိန်တွေမှာတော့ ပင်ပန်းနွမ်းလျနေတတ် ကြပါတယ်။ ဒီလိုပင်ပန်းနွမ်းလျမှုတွေကို ခံစားရပြီဆို ရင်တော့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့လိုအပ်လာပြီဆိုတာ အချက်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အားအင်ပြန်လည်ဖြည့်တင်းဖို့အတွက် နည်းလမ်းကောင်းလေးတွေကို လေ့လာကြည့်ရအောင်ပါ။

စားသုံးမှု

၁။ ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်ကျန်းမာပြီး စိတ်ဓာတ်လန်းဆန်းစေမှာဖြစ်ပါတယ်။
၂။ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့

အရက်နဲ့ ကော်ဖီတွေကို ဖြတ်တောက်ပစ်ဖို့ သင် တကယ် ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။
၃။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ လိုပါတယ်။
၎။ ကျန်းမာစေတဲ့ စားသုံးမှုပုံစံအတိုင်း နေ့စဉ်စားသုံးပေးရပါမယ်။

relax-in-recovery

အိပ်စက်ခြင်း

၁။ စောစီးစွာ အိပ်ရာဝင်ပါ။
၂။ အသက်ရှူလေ့ကျင့်ခန်းဖြစ်တဲ့ တရားထိုင်ခြင်းမျိုးကို ပြုလုပ်ပေးပါ။ ဒါဟာ ကိုယ့်ရဲ့စိတ်ကို အနားယူအပန်းဖြေခြင်း
တစ်မျိုးပဲဖြစ်ပါတယ်။
၃။ Herbal Tea များကို သောက်သုံးပေးပါ။

အနားယူပါ

၁။ လုံးလုံးလျားလျား ငြိမ်သက်အေးချမ်းမှုကို ကြိုး စားရှာဖွေပါ။
၂။ အေးဆေးငြိမ်သက်မှုရရှိအောင် ကြိုးစားသလို ပျော်ရွှင်တက်ြ<ွကစွာလည်း နေထိုင်ရမှာဖြစ်ပါတယ်။
၃။ အလုပ်အလွန်အကျွံလုပ်ခြင်းကို ရှောင်ကျဉ်ပါ။

ခန္ဓာကိုယ်ကို အားအင်ပြည့်ဖြိုးစေနိုင်တဲ့ အိမ်တွင်းဖြစ် Energy Drink တွေကို ဖော်ပြပေးလိုက်ပါတယ်။ မိမိကိုယ်တိုင်ပြုလုပ်သောက်သုံးတဲ့ အချိုရည်ဟာ အန္တရာယ်ကင်းတာမို့ ခန္ဓာကိုယ်ရဲ့ရေရှည်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ဒီနေရာမှာ အဓိကကျတာက ကဖိန်းဓာတ်၊ သကြားနဲ့ ကျန်းမာရေးအတွက် မညီညွတ်တဲ့အရာတွေကို မထည့်သွင်းမိစေဖို့ပဲ ဖြစ်ပါတယ်။ သဘာဝအသီးအနှံတွေကို အသုံးပြုပြီး ကိုယ်တိုင်ပြုလုပ်ထားတဲ့အာဟာရဖြည့် အချိုရည်ကအန္တရာယ်အကင်းဆုံးနဲ့ အကောင်းမွန်ဆုံးပဲဖြစ်ပါတယ်။

banana-juice-recipe

ငှက်ပျောသီးဖျော်ရည်

ငှက်ပျောသီးဟာ အာဟာရပြည့်ဝစေတဲ့ အသီးအနှံတစ်မျိုးပဲဖြစ်ပါတယ်။ အားအင်ကုန်ခန်းပြီး ခြေကုန်လက်ပန်းကျနေတဲ့အချိန်တွေမှာ ငှက်ပျောသီး ဖျော်ရည်က ခန္ဓာကိုယ်ရဲ့ အင်ဇိုင်းဓာတ်ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် စွမ်းအင်ကို ရရှိစေပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်၊ သတ္ထုဓာတ်၊ ပိုတက်ဆီယမ်နဲ့ ဖော့စ် ဖရပ်စ်ဓာတ်တွေြ<ွကယ်ဝစွာပါဝင်နေပြီး ပင်ပန်းနွမ်းလျမှုတွေကို လျော့ချပေးပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း တိုးမြှင့်ပေးပါတယ်။

ပန်းသီးဖျော်ရည်

ပန်းသီးဟာ အားအင်ပြည့်ဝစေတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ကျန်းမာစေတဲ့ အကျိုးသက်ရောက်မှုကို ပေးစွမ်းပါတယ်။ ပန်းသီးကို အိမ်တွင်းဖြစ် အားဖြည့် အချိုရည်တစ်ခုအနေနဲ့လည်း သင်ပြုလုပ်သောက်သုံးနိုင်ပါတယ်။ အေးမြတဲ့ ပန်းသီး ဖျော်ရည်ဟာ သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုသက်သောင့်သက်သာရှိစေပြီး လန်းဆန်းတက်ြ<ွကမှု ကို ရရှိစေမှာ ဖြစ်ပါတယ်။

ပျားရည်ဖျော်ရည်

ပျားရည်အနည်းငယ်ကို ရေနွေးနွေးလေးနဲ့ရောစပ်သောက်သုံးပေးခြင်းက ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပြီး ခွန်အားတိုး ပွားလာမှုကို ချက်ချင်းရရှိခံစားနိုင်မှာဖြစ်ပါတယ်။ အိမ် တွင်းဖြစ် ခွန်အားဖြည့်အချိုရည်တွေဟာ ဝိတ်ချသူတွေအတွက် စိတ်ကူးကောင်းပဲ ဖြစ်ပါတယ်။

bimage

မုန်လာဥနီဖျော်ရည်

မုန်လာဥနီမှာ ဗီတာမင်၊ ပရိုတင်းနဲ့ သတ္ထုဓာတ်တွေြ<ွကယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ ခွန်အားကို တိုးတက်လာစေပါတယ်။ မုန်လာဥနီဟာ ခန္ဓာကိုယ်တွင်းကို သန့်စင်စေပြီး ပင်ပန်းနွမ်းလျခြင်းကိုလည်း တိုက်ထုတ် ပေးနိုင်ပါတယ်။ အလုပ်ချိန်ကြာမြင့်စွာ လုပ်ကိုင်ရပြီး ပင်ပန်းနွမ်းလျနေချိန်တွေမှာ မုန်လာဥနီကို ကြက်ဥနှင့်ရောစပ်ကာဖျော်ပြီး သောက်သုံးပေးပါက ပင်ပန်းနွမ်းလျမှုတွေတွေမှ အမှန်တကယ်ကို လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

မြတ်လေးခင်

Go to top