J1

ရာစုနှစ်များစွာ စိတ်ကူးရှိသလို ပြောဆိုမှုတွေနဲ့ မဲခေါင်ဟာ ခရီးသွားဧည့်သည်တွေကို စနောင့်စနင်းဖြစ်စေခဲ့တာက အမှန်ပါ။ သူတို့အပြောက အခိုးအငွေ့ တွေမှုတ်ထုတ်နေတဲ့ နဂါးတွေရှိတယ်။ ကမ္ဘာကြီးရဲ့ အောက်နရက်အထိ ရွှံ့နွံအတိပြီးလိမ့်မယ်၊ ဒါပေမဲ့ တန်ခိုးရှင်တွေက ကယ်တင်လာလိမ့်မယ်စသဖြင့် ခမာရှေးလူကြီးတွေက ပုံတိုပတ်စသဖွယ် စိတ်ဝင်တစားပြောစမှတ်ပြုနေကြတာပါ။

မဲခေါင်အကြောင်းပြောရင် ဟိုမြောက်ဖျား တိဘက်ကုန်းပြင်မြင့်ကနေ စပြောရပါလိမ့်မယ်။ တရုတ်ပြည်၊ ယူနန်ဒေသ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေကို ဖြတ် ကျော်စီးဆင်းရင်း နောက်ဆုံးမှာ တောင်ဘက်အကျ ဆုံး ဗီယက်နမ်ကမ်းခြေနဲ့ထိတွေ့ပြီး ပင်လယ်ထဲကို ထိုးစိုက်စီးဆင်းသွားခဲ့တာလေ။ သူ့အရှည်က

၄၃၅ဝ ကီလိုမီတာပါ။ သူ့ရေပြင်အနေအထားက ၈ဝဝဝဝဝ စတုရန်းမီတာရှိသတဲ့။ မုတ်သုန်ရာသီဥတုကောင်းမွန် တဲ့အတွက် နှစ်ပေါင်းထောင်ချီပြီး သီးနှံစပါးတွေြ<ွကယ်ဝချမ်းသာစွာ အရှေ့တောင်အာရှသားတွေကို ဆီအိုး၊ ဆန်အိုးအပြည့် ကျွေးမွေးစောင့်ရှောက်လာတဲ့ မြစ်ကြီးတစ်စင်းပဲပေါ့။

သူက ကမ္ဘောဒီးယားက တုံလီဆက်ပ်ရေအိုင်ကြီးဆီကိုလည်း ရေဖြည့်ပေးနေတာလေ။ ကမ္ဘောဒီးယားအလယ်ပိုင်းက လယ်ယာကိုင်းကျွန်းတွေ သီးနှံစပါးဥယျာဉ်တွေ ရေအရင်းမြစ်တွေကို ဖွံ့ ဖြိုးသန်မာစေခဲ့တယ်။ တုံလီဆက်ပ် ရေအိုင်ကြီးဟာ မဲခေါင် နဲ့ ဆက်သွယ်ပေါင်းကူးပြီး ဖနွမ်းပင်ကတော့ သူ့ကမ်းပါး တစ်လျှောက် လဲလျောင်းခိုဝင်ပျော်ရွှင်နေတာမျိုး ပေါ့။ ဒါဟာ ရာစုနှစ်ပေါင်းများစွာ အဘိုးအဘွားတို့ ခေတ်ကတည်းက ရေကြောင်းသွားလာကုန်သည်ကြီးတွေ ဆန်တက်လှော်ခတ်စုန်ဆင်းကူးသန်းခဲ့ကြတာပါပဲလေ။

ဥရောပသားတွေ ခြေချလာပုံ ပထမဦးဆုံး ပြောရရင် ၁၈၆၅ ခုနှစ်မှာ Irrawaddy Flotilla Company ဆိုတာ စကော့တစ်ခ်ျလူမျိုးကုန်သည်တွေနဲ့ ဖွဲ့စည်း တည်ထောင်ပေါ်ထွန်းလာတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း မြန်မာနိုင်ငံနဲ့ ဆက်သွယ်မိကြတယ်။ အိမ်ရှင်ဧရာဝတီရဲ့ ခရီးသည်တွေဖြစ်တဲ့ ကမ္ဘာကျော် စာရေးဆရာကြီးဂျော့ဂ်ျအိုဝဲလ်နဲ့ ပြိုင်ဘက်ရှု့ဒေါ့ကစ်ပလင်တို့ဟာလည်း မန္တလေးအကြောင်း အကောင်းအဆိုးမျှတစွာ ရေးဖွဲ့ခဲ့ကြတယ်။

မဲခေါင်ဟာ ဒုတိယကမ္ဘာစစ်ကြီးကိုလည်း မီလိုက်သူဖြစ်ပါတယ်။ ကမ္ဘာစစ်အပြီးမှာတော့ မဲခေါင်ရေကြောင်းခရီးဟာ ကံကောင်းတယ်လို့ ပြောရမှာပါ။ သင်ဟာ ဒေါ်လာတွေထောင်သောင်းချီဖြုန်းတီးနိုင် သူဖြစ်ရင် ရှုခင်းလှလှတွေ တမေ့ကြီးမြင်ရမယ်။ စားကောင်းသောက်ဖွယ်တွေ ပြေါ<ွကယ်ဝစွာစားရမယ်။ ရေကန်မှာ ရေကူးနိုင်တယ်။ လျှောစီးနိုင်တယ်။ ရေအောက်ကို ငုပ်လျှိုးနိုင်တယ်။ ဖျော်ဖြေစရာ ခေတ်မီပစ္စည်းတွေရှိတယ်။ အင်တာနက်သုံးစွဲနိုင်တယ်။ မဲခေါင်ဒေသဟာ နောက်ချန်မနေခဲ့ပါဘူး။ အဲဒီလိုကမ္ဘာကြီးနဲ့ တစ်ပြေးညီ အမီလိုက်ပြီး တိုးတက်ဖွံ့ ဖြိုးနေပါပြီ။

j2-3

မဲခေါင်ရဲ့အလှရှုခင်း ပြတင်းတံခါးတွေကို ဖွင့်ကြည့်လိုက်ရင် ရောင်စုံပန်းခင်းကြီးဖြန့်ကျက်ချလိုက်သလို ရှုမဆုံးနိုင်တဲ့ အလှကွန်ရက်မှာ သင်ရုန်းမထွက် နိုင်အောင်တွယ်ငြိနေမှာက အသေအချာပါပဲ။ မြစ်ကမ်းပါးတစ်လျှောက် အရှေ့တောင်အာရှရဲ့ သင်္ကေတလက္ခဏာတွေ အထိမ်းအမှတ်တွေ ပြည့်နှက်နေတဲ့ မြို့ ပြကျေးရွာ ဘုရားကျောင်းကန် ယဉ်ကျေးမှု ပြရုပ်အဆောက်အဦတွေ တအံ့တသြတွေ့ မြင်နိုင်တယ်လေ။ ရေကြောင်းခရီးလိုက်ပါ ကြည့်ရှုနိုင်ဖို့ကိုတော့ အားပေးတိုက်တွန်းပါရစေ။ အမောပြေ ဟုမ်းမိတ်ထ် သစ်သီးဖျော်ရည်ကလေးတွေကို မြည်းစမ်းရင်းပေါ့။ ရှေးဟောင်းခမာ လက်ရာအစစ်ပါ။ ကရုစ်ဘုတ်က လေး (ရေကြောင်းသွားကမ်းရိုးတန်းလှေ)ကလည်း သင့်အပြန်ကိုစိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေမှာပါ။

ဒေသခံကျေးရွာသားတွေ ဧည့်လမ်းညွှန်တွေ ပြောပြောနေတဲ့ မြစ်ဖျားတစ်ခွင်က ယုံတမ်း ပုံပြင်တွေကိုလည်း အခါခါအလီလီ ကြားရဖန်များလို့ ရိုးသွားမလား။ ရေစီးကြောင်း အောက်ဘက် မျောပါ သွားတဲ့ သင်္ဘောတွေအကြောင်းကိုလေ...။ သူတို့အကြိမ်ကြိမ် တခမ်းတနားပြောကြပါလိမ့်မယ်။ မဲခေါင်ဟာ သူ့ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ အဖြစ်သနစ်တွေကို မျှဝေသိစေချင်ပုံပါပဲ။ သင်အချိန်မဖြုန်းတီးလိုက်ပါနဲ့။ ကမ္ဘောဒီးယားမြေကို သင်နောက်တစ်ကြိမ် လာရောက်ခဲ့ရင်လည်း သူက သင့်ကို မြ>ွခင်းမချန်ပြောပြပါလိမ့်ဦးမယ်။

Florist

Go to top