28

ဘဝရဲ့ မသိနိုင်တဲ့အရာတွေထဲ တစ်ခုက သေဆုံး ခြင်းပါ။ အခုတော့ အားလုံးဆီကို လာနေပါပြီ။ အဲဒါဟာ သေဆုံးခြင်းအကြောင်းကို ရှင်းပြပေးမှာမဟုတ်ဘဲ သေဆုံးခြင်းတွေရှိခဲ့တဲ့ နေရာတွေကိုသွားရောက် လည်ပတ်နိုင်မယ့် စွဲမက်ဖွယ်ရာ ခရီးသွားအစီအစဉ်ပါ။ အဲဒီလိုအစီအစဉ်မျိုးကီုမွေှုသကမငျာ လို့ ခေါ်နေကြ ပြီး ဒီဘက်နှစ်တွေမှာ ပေါ်ပြူလာဖြစ်လို့နေပါတယ်။ ခရီးသွားအေဂျင်စီတွေဟာ ပြင်သစ်နိုင်ငံက ရုပ်ကြွင်း တွေရှိနေတဲ့ မြေအောက်လိုဏ်ဂူတွေ၊ ကမ္ဘောဒီးယားက သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့တဲ့နေရာတွေ၊ ချာနိုဘိုင်းလ် နျူကလီးယားစက်ရုံနဲ့ တခြားအဲဒီလိုခရီးစဉ်မျိုးတွေ စီစဉ်ကြတယ်။ အဲဒီလိုနေရာတွေနဲ့ အဖြစ်အပျက်တွေ ဟာ သေဆုံးခြင်း၊ ကျော်ကြားမှုနဲ့ အာဏာတွေ ပေါင်းစပ် နေကြတယ်။ အဲဒီခရီးစဉ်တွေကနေ လှုပ်ရှားဖြစ်ပျက်မှု တွေရဲ့သတိပြုဆင်ခြင်စရာတွေ၊ သတင်းစကားတွေ ရနိုင်ကြတယ်။ လုပ်ကြံ သတ်ဖြတ်မှုတွေနဲ့ ခရီးစဉ် ၁၁ ခုဟာ ဒီနှစ်တွေမှာ ကမ္ဘာ့လှည့်ခရီးသွားတွေ အင်မတန် စိတ်ဝင်စားခဲ့ကြတယ်။ တချို့အဖြစ်အပျက်တွေဟာ နှစ်ပေါင်း ၂ဝဝဝ ကြာမြင့်ခဲ့ပြီးတဲ့နေရာတွေဖြစ်ပြီး

ခရီးသွားတွေ သိ လိုစိတ်ပြင်းပြနေဆဲနေရာတွေပါ။ အဲဒီနေရာတွေကို ကိုယ်တိုင်လှည့်လည်ကြည့်ရှုနိုင်ကြသလိုခရီးသွားလမ်းညွှန်အကူအညီယူပြီး လည်း ပြတိုက်တွေကိုပါ လိုက်လံကြည့်ရှုနိုင်ကြပါတယ်။

1. Julius Caesar,

jj

ဂျူးလီးယက်ဆီဆာ ဓားထိုးအသတ်ခံလိုက်ရပုံဟာ သွေးထွက်သံယိုများများဝရုန်းသုန်းကားနိုင်ငံရေး လုပ်ကြံမှုတစ်ခုဖြစ်ပြီး အစီအစဉ်တကျလုပ်ကြံမှုတွေနဲ့ နှိုင်းယှဉ်ရင်တော့ငြီးငွေ့စရာဖြစ်နေပါလိမ့်မယ်။ ဆီဆာလို တစ်ဦးတည်းသောအာဏာရှင်ကို လွှတ်တော်အမတ်တွေ အယောက် ၆ဝ ပူးပေါင်းလုပ်ကြံခဲ့ကြတာပါ။ သူ ဓားချက်ပေါင်း ၂၃ ချက်ခံစားခဲ့ရပြီးသေဆုံးပါတယ်။ ပွန်ပီကဇာတ်ရုံပေါ်တီကိုတွေနားက လွှတ်တော်ခန်းမထဲမှာ ဖြစ်ပွားခဲ့တာလို့ဆိုကြတယ်။ အခုတော့ မြေကြီးအောက် အင်မတန်နက်တဲ့နေရာမှာ ဆီဆာကို မြှုပ်ထားလိုက်ပါပြီ။ခရီးသွားလမ်းညွှန် စတူးဝပ်ဟာဗေးအပြောအရဆိုရင် ဆီဆာ လုပ်ကြံခံရတဲ့နေရာဟာ အီတလီနိုင်ငံ၊ ရောမမြို့က Teatro Argentina ကဇာတ်ရုံတစ်ခုအဖြစ်အသက်ဝင်နေတဲ့နေရာပါတဲ့။အမြဲအလုပ်ရှုပ်နေတဲ့ လမ်းမတစ်ခုကို ဖြတ်ကူး လိုက်ရင် ရှေးဟောင်း သုတေ သ နဆိုင်ရာ စိတ်ဝင်စားဖွယ်ရာ Area Sara di Largo Argentina ရှိနေပါတယ်။ အဲဒီကနေ ရောမဘုရားကျောင်းတွေကိုမြင်ကွင်း ကောင်းကောင်းနဲ့ မြင်တွေ့ရပါလိမ့်မယ်။

'လွှတ်တော် အမတ်တွေဟာ ဂျူးလီးယက်ဆီဆာကို လုပ်ကြံလိုက်ရတာကို မှန်ကန်တဲ့လုပ်ရပ်လို့ အသေအချာလက်ခံကြတယ်။ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အာဏာရှင်တစ် ဦးကို သတ်ဖြ တ်နိုင်လိုက်တယ်လို့ ယုံကြည်ခဲ့ကြတာပါ။ သူတို့ကိုယ်တိုင် 'လွတ်မြောက် စေသူတွေ' လို့ အမည်တပ်ခဲ့ကြတယ်လို့ ဟာဗေးက ခရီးစဉ်မှာ ရှင်းပြပါတယ်။ သူတို့စီစဉ်ခဲ့သလိုတော့အဆင်ပြေပြေ မဖြစ်ခဲ့ပါဘူး။ သမ္မတစနစ်ဟာ တစ်နှစ်အတွင်းချုပ်ငြိမ်းသွားပြီး ၁၇ နှစ်ကြာပြီးတဲ့အခါ သြဂတ်စတတ် ရောမမြို့ကြီးရဲ့ ပထမဆုံးဧကရာဇ် ဖြစ်လာခဲ့ပါတယ်။ ပူးပေါင်းလုပ်ကြံခဲ့သူတွေဟာလည်း လုပ်ကြံမှုအပြီး ၃ နှစ်အကြာ ထိပဲ  အသက်ရှင်နေထိုင်သွားနိုင်ခဲ့ကြတယ်။

2. John F. Kennedy

 

9-30

၁၉၆၃ ခုနှစ်နှောင်းပိုင်းမှာ သမ္မတ JFK ဟာ လာမယ့်နှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခဲ့တဲ့အချိန်ပါ။ ပြန်လည်အရွေးခံရဖို့လည်းအပြည့်အဝ မျှော်လင့်ထားပါတယ်။ ယူနိုက်တက်စတိတ်၊တက္ကဆက်မြို့တော် Dallas က Dealey Plaza ဟင်းလင်းပြင်နေရာမှာပဲ မော်တော်ယာဉ်တန်းမောင်းနှင်လာတဲ့အချိန်  Lee Harvey Oswald ဟာ တက္ကဆက်ကျောင်းစာအုပ်သိုလှောင်ရုံ အထပ် ၆လွှာမှာ သူရဲ့ရည်မှန်း ချက် အတိုင်း လုပ်ဆောင်ဖို့ရှိနေခဲ့တယ်။ နောက်ပိုင်း FBI နဲ့ Warren Commission က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ အောစ်ဝဲလ်ဒ်ဟာ တစ်ကိုယ်တော်သေနတ်သမားတစ်ဦးလို့ပဲ သက်သေပြခဲ့ကြတယ်။ ကနေဒီလုပ်ကြံမှုအပြီး အောစ်ဝဲလ်ဒ် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ အမှုမစစ်ဆေးခင် နှစ်ရက်အကြာမှာ အောစ်ဝဲလ်ဒ်ရဲ့ နိုက်ကလပ်မန်နေဂျာ ဂျက်ရူဘီကအောစ်ဝဲလ်ဒ်ကိုသေနတ်နဲ့ ပစ်သတ်ခဲ့ တယ်။ အောစ် ဝဲလ်ဒ်ဟာ တစ်ကိုယ်တော် လူသတ်သမားမဟုတ်ဘဲ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေရှိတယ်လို့လည်း ယုံကြည်သူတွေ ရှိကြတယ်။

၁၉၈၉ ခုနှစ်ကတည်းက Dallas ကောင်တီ သမိုင်းဆိုင်ရာ ဖောင်ဒေးရှင်းက အဲဒီအဆောက်အဦး က ၆ လွှာ နဲ့ ၇ လွှာကို ပြတိုက်အဖြစ်ပြောင်းလဲခဲ့ပြီး JFK ရဲ့ ဘဝ၊ လုပ်ကြံခံရမှုနဲ့အမွေ အနှစ် စတဲ့ အကြောင်းတွေ ရှင်းလင်းပြောပြနေခဲ့ပါတယ်။ Dealey Plaza  ရဲ့  ၆ လွှာ ပြတိုက်ကို နှစ်စဉ်ခရီးသွားဧည့်သည် ပေါင်း ၃၅ဝဝဝဝ ဦးတိုင်အောင်သွားရောက်လေ့လာလည်ပတ်လျက်ရှိပါတယ်။ ၂ဝ၁၃ နို ဝင် ဘာ မှာဆိုရင် နှစ် ၅ဝ မြောက်တိုင်ခဲ့ပါပြီ။ ဒါပေမဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုဆိုတဲ့ အယူအဆတွေကလည်း ရှင်သန်နေဆဲပါပဲ။ လေ့လာအဖြေရှာလိုတဲ့ သူတွေအများကြီး ပဲရှိနေသေး တယ်။ ပြ တိုက် ကို လာရောက်လေ့လာနေပြီး သူတို့တစ်သက်တာလုံး JFK လုပ်ကြံမှုကို အဖြေရှာနေကြဦး မှာပဲလို့ Dallas မှ DFW သမိုင်းဆိုင်ရာခရီးသွား လုပ်ငန်းပိုင်ရှင်ဖရီဒါဒီလ်လာဒ့်ကပြောပါတယ်။ သမ္မတ လုပ်ကြံ ခံရ တဲ့ နေရာမှာလည်း အဖြူရောင် X  အမှတ်အသားပြထားပါတယ်။ သေနတ်သမား အောစ်ဝဲလ်ဒ်နေရာယူပြီး ချိန်ရွယ်ပစ်သတ်ခဲ့တဲ့နေရာလို့ ယူဆနိုင်တဲ့နေရာကနေ မြင်ရတဲ့ မြင်ကွင်းအတိုင်း ကြည့်နိုင်မယ့် Dealey Plaza webcam ကနေလည်း ခရီးသွားတွေကြည့်ရှု နိုင်ကြပါတယ်။

3. Abraham Lincoln

 

19-30

shot in Ford's Theatre,
Washington, D.C.,
April 14,1865

အေဗရာဟမ်လင်ကွန်းဟာ ကျွန်စနစ်ကို ဆန့်ကျင်တဲ့သူအဖြစ်ကျော်ကြားထင်ရှားခဲ့ပြီး ယူနိုက်တက်စတိတ်တစ်ဝန်း ပျံ့နှံ့သွားလိုက်တာ အဲဒါဟာ နယ်မြေသစ်၊ အတွေးအခေါ်သစ်ကမ္ဘာ သစ်တစ် ခုဖြစ် ထွန်းစေ ခဲ့သလိုပါပဲ။ သူဟာ ကဇာတ်ရုံတွေနှစ်ခြိုက်သူပါ။ သူပြောခဲ့တဲ့စကားပြန်ကိုးကားရင် 'ကျွန်တော်ကဇာတ်ရုံ တွေသွားနေတာကို အမှားလုပ်နေတယ်လို့ တချို့ကထင်ကြတယ်။ ဒါပေမဲ့ အဲဒါ ကျွန်တော့်ကို အ နားပေးတယ်။ ကျွန်တော် တစ်ကိုယ်တည်းနေရတာ ကြိုက်သလို လူတွေနဲ့တွေ့ဆုံနေရတာလည်း သဘောကျတာပဲ' လို့ ပြောခဲ့ဖူးတယ်။ လင်ကွန်းနဲ့ ဇနီး မေရီတောဒ့် လင်ကွန်း၊ တခြား ဧည့်သည်နှစ်ဦးနဲ့အတူ Ford ကဇာတ်ရုံမှာ ဥကမ Our American Cousin ဆိုတဲ့ စင်တင်ပါဖောမန့်စ်ကြည့်ရှုနေကြတဲ့အချိန်မှာပဲ ကျွန်စနစ်ဖျက်သိမ်းတာကို ဆန့်ကျင်သူ ထင်ရှားတဲ့ကဇာတ်သရုပ်ဆောင် ဂျွန်ဝီခ်စ်ဘုသ်ဟာ လင် ကွန်းရှိနေတဲ့ ကဇာတ်ကြည့်ရှုရာ သီးခြားအခန်းငယ်လေးထဲဝင်လာပြီး ဦးခေါင်းနောက်ပိုင်း ကနေသေနတ်နဲ့ပစ်ခဲ့တယ်။ နောက်တစ်နေ့မနက်မှာ လင်ကွန်းသေဆုံးပါတယ်။ ဒီနေ့မှာတော့  Ford ကဇာတ်ရုံဟာ ကပွဲခန်းမ၊ ပညာရေးစင်တာနဲ့ ပြတိုက်အဖြစ်ဆက်ပြီး အသုံးပြုနေဆဲပါ။ Ford မှာ အလည်လာတဲ့ဧည့်သည်တွေဟာ လင်ကွန်းရဲ့သမိုင်းကြောင်းနဲ့ဆက်သွယ်နိုင်သလို သူ့ရဲ့လူသားဆန်တဲ့ အမူအကျင့်ကိုလည်း ခံစားနိုင်တယ်'လို့  Ford ကဇာတ်ရုံ ဒါရိုက်တာ ပေါလ်အာရ်တက်ထ် ထရော့ထ် ကပြောပါတယ်။ နှစ်စဉ် ဧည့်သည်ခရီးသွား ပေါင်း ၇ သိန်းခန့်လာရောက်လေ့ရှိကြတယ်။


4. Mohandas K. Gandhi

1

shot in the grounds of
Birla House,
New Delhi, January 30, 1948

နေ့စဉ်ဆုတောင်းပွဲတစ်ခုအသွားလမ်းပေါ်မှာ မဟတ္တမဂန္ဓီဟာ နက်သူရမ် ဗီနာရက် ဂေါ့ဒ်ဆဲဆိုတဲ့ အစွန်းရောက်ဟိန္ဒူတစ်ဦး ၉ မမ ပစ္စတိုသေနတ်နဲ့ကျည် ၃တောင့်ပစ်ခတ်ပြီး လုပ်ကြံသတ်ဖြတ် ခဲ့ တယ်။ ဂေါ့ဒ် ဆဲဟာ ဂန္ဓီရဲ့ အကြမ်းမဖက်ရေးငြိမ်းချမ်းရေးတရားတွေကို ဆန့်ကျင်သူပါ။ ဘာသာရေးအကြမ်းဖက်မှုဆီ ဦးတည်သွားခဲ့တဲ့ ၁၉၄၇ ခုနှစ်ကအိန္ဒိယနိုင်ငံပိုင်းခြားမှုမှာ ဂန္ဓီက တာဝန်ရှိ တယ် လို့ ဂေါ့ဒ်ဆဲက ယုံကြည်ထားသေးတယ်။ ၁၉၄၈ ဇန်နဝါရီလမှာ ဂန္ဓီဆုံးပါးခဲ့ပြီး ကမ္ဘာတစ်ဝန်း တုန်လှုပ်ချောက်ချားခဲ့ကြရတယ်။ အဲဒီနေ့ ညနေခင်း တစ်ခုမှာ နယူးယောက်တိုင်းမ်စ် သတင်းစာက 'သူ့ရဲ့ သေဆုံးခြင်းဟာ အိန္ဒိ ယနိုင်ငံသားအားလုံးကို ကြက်သေသေသွားစေပြီး ဦးတည်ရာမရှိစိတ်ရှုပ်ထွေးမှုတွေနဲ့ချန်ထားရစ်ခဲ့တယ်။ အသစ်စက်စက်လွတ်လပ်တဲ့ ဒီနိုင်ငံဟာ မြင့်မြတ်တဲ့စိတ်နှလုံးပိုင်ရှင်/ အရှင်သူမြတ် 'မဟတ္တမ' မရှိေ တာ့ဘဲ တာဝန်တွေယူရတော့မယ်' လို့ ရေးသားခဲ့ပါတယ်။ အဲဒီအချိန်မှာဂန္ဓီဟာ အိန္ဒိယ စီးပွားရေးသမား ဂျီဒီဘာလာ ရဲ့အိမ်မှာ နေထိုင်ပါတယ်။ ဘာလာရဲ့ အိမ်ကို နောက်ပိုင်းမှာ  အစိုးရက ဝယ်ယူ လို က်ပြီး Gandhi Smriti လို့ အမည်ပေးခဲ့ပြီး အထိမ်းအမှတ်ပြတိုက်တစ်ခုအဖြစ်ထားရှိခဲ့တယ်။ ပြတိုက်မှာယဉ်ကျေးမှုနဲ့ လူမှုရေးလှုပ်ရှားမှုတွေအကြောင်း ပြသထားသလို လက်ရှိလှုပ်ရှားမှုတွေ ပါဝင်တဲ့ ရုပ် ရှင်စာပေ ပွဲတော်၊ မသန်စွမ်းညီလာခံနဲ့အမျိုးသမီးများငြိမ်းချမ်းရေး လှုပ်ရှားမှုတွေပြုလုပ်ပါတယ်။    

5. John Lennon

lenon

shot outside the Dakota, New York,
December 8, 1980

အသံသွင်းစတူဒီယိုကနေ အိမ်အပြန်နောက်ကျနေခဲ့တဲ့ ဒီဇင်ဘာညတစ်ညမှာ ဂျွန်လင်နွန်ဟာ သေနတ် ၄ ချက်နဲ့ ပစ်သတ်လုပ်ကြံခံခဲ့ရတယ်။ ၇၂ လမ်းနဲ့ Central Park West က Dakotaတိုက် ခန်း အပြင်ဘက်နားမှာပါ။ Dakota နားမှာတော့ ဘာအထိမ်းအမှတ်မှရှိမနေပါဘူး။ ယိုကိုအိုနို အဲဒီနေရာမှာပဲ နေထိုင်ဆဲပါ။ ဒါပေမဲ့ Central Park အတွင်းဘက်နားမှာအထိမ်းအမှတ်ဧရိယာအဖြစ် Strawberry Fieldsလို့ နာမည်ပေးထားတဲ့ မှန်စီ၊ ကျောက်အကွက်လေးတွေနဲ့ ပုံဖော်ထားတာရှိနေတယ်။ Imagine ဆိုတဲ့စကားလုံးပါ။ အိုနို စီစဉ်ဖန်တီးခဲ့တာပါ။Dakota ဟာ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ နယူးေ ယာ က်မြို့ခရီးစဉ်ထဲ အဓိကကြည့်ရှုစရာတစ်ခုဖြစ်ပါတယ်။ အဲဒီနေရာဟာ လီယိုနာဒ့်ဘန်းစတိန်း၊ ဘောရစ်ကာလောဖ့်နဲ့ ရူးဒေါနာရေဗ့်တို့ရဲ့အိမ်နေရာဟောင်းလည်းဖြစ်ခဲ့တယ်။ Rosemary's Baby နဲ့ anilla Sky ရုပ်ရှင်ရိုက်ကွင်းတွေအဖြစ်လည်း အသုံးပြုခဲ့ကြတယ်။

6. Martin Luther King Jr,

martin

shot at the Lorraine Motel,
Memphis, Tennessee,
April 4, 1968

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဟာ ယူနိုက်တက်စတိတ်၊ တန်နက်ဆီပြည်နယ် Memphis က မိုတယ်လသာဆောင်မှာရပ်နေစဉ် သေနတ်ပစ်လုပ်ကြံခံရပါတယ်။ မြို့တော်ကအလုပ်သမားဆန္ဒပြပွဲမှာဦးဆောင် ချီ တက်ဖို့ရောက်ရှိနေခဲ့တာပါ။ JFK လုပ်ကြံမှုဟာ ၄ နှစ်ခွဲစောခဲ့ပါတယ်။ ဂျိမ်းစ်အားလ်ရေးဟာ တစ်ကိုယ်တော်လုပ်ကြံသူမဖြစ်နိုင်ဘူးလို့ယုံကြည်သူတွေရှိကြတယ်။ အစိုးရပိုင်းကပူးပေါင်းလုပ်ကြံခဲ့တယ်လို့ ဆိုကြတယ်။ Dr. King ဟာ ဗီယက်နမ်စစ်ပွဲအကြောင်း ဟောဟောဒိုင်းဒိုင်း ဝေဖန်ခဲ့သူဖြစ်ပြီး သူ့ရဲ့ရပ်တည်မှုဟာ အစိုးရပိုင်းမှာ ခြိမ်းခြောက်မှုကြီးတစ်ခုလို ခိုင်မာမြဲမြံစွာတည်ရှိခဲ့တယ်။ အဲဒီ Lorraine Motel ကို နောက်ဆုံးမှာ ဒေသခံတွေရဲ့ထောက်ပံ့ငွေကြေးနဲ့ အမျိုးသား ပြည်သူ့အခွင့်အရေးပြတိုက်အဖြစ် အသွင် ပြောင်းဖွင့်လှစ်ခဲ့တယ်။ အခန်းအမှတ် ၃ဝ၆နဲ့ ၃ဝ၈ တွေ ဟာ ကင်း မကြာခဏနေ ထိုင်သွား ခဲ့တဲ့ အ ခန်းတွေ ဖြစ် ပါတယ်။ ကင်းဟာ အသက် ၃၉ နှစ်အရွယ်မှာသေဆုံးခဲ့ ပေမဲ့ သူ့ရဲ့ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးချက်မှာ နှလုံးဟာ အသက်၆ဝ လူတစ်ဦးရဲ့ နှလုံးလို အိုမင်းနေခဲ့ တယ်လို့ ဖော်ပြ ချက် ပါရှိခဲ့ တယ်။ အရပ်သားအခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ၁၃ နှစ်ကြာလှုပ်ရှားခဲ့တဲ့ စိတ်ဖိစီးမှုတွေ ကြောင့်လို့ သတ်မှတ်ခဲ့ကြပါတယ်။

7. Grigory Rasputin

y

killed at the Yusupov Palace,
St. Petersburg,
December 1916

၁၉၁၇ တော်လှန်ရေးမတိုင်မီလတွေမှာ ရုရှားမှာဂရီဂိုရီ ရက်စပြူတင်ကို ယုံကြည်ကြတဲ့သူတွေများပြားလှတာကြောင့် ရုရှားဟာ အဲဒါကို အရေးစိုက်ဖြေရှင်းရမယ့်ပုံစံလိုဖြစ်နေခဲ့တယ်။ သူတို့ဟာ ရက် စပြူ တင်ကို ကြောက်ရွံ့ကြတယ်။ မုတ်ဆိတ်မွေးထူပြစ်ပြစ် စူးရှတဲ့မျက်လုံးအကြည့်ပိုင်ရှင် ရက်စပြူတင်ဟာ စိတ်တန်ခိုးစွမ်းအားနဲ့ ကုသပေးနိုင်တယ်ဆိုတဲ့ကျော်ကြား မှုဟာတော်ဝင်မိသားစုတွေကိုပါ လွှမ်း မိုးနိုင် ခဲ့ တယ်။ ရုရှားဘုရင်မရဲ့ ချစ်သူဖြစ်ခဲ့တယ်ဆိုတာကြောင့် အန္တရာယ်ကြီးလှတဲ့သူဖြစ်သွားခဲ့တယ်လို့ ဆိုတယ်။ Yusupov Palace မှာ ညနေခင်းတစ်ခုမှာရက်စပြူတင်ကို လုပ်ကြံကြပါတယ်။ ပထမတော့ အဆိပ် သုတ်လိမ်းထားတဲ့ ကိတ်မုန့်ကိုကျွေးပြီး သူ့ကို လဲပြိုကျစေတယ်။ ပြီးမှ သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ခဲ့ပါတယ်။

နောက်ဆုံးတော့ သေနတ်ဒဏ်ရာပြင်းပြင်းထန် ထန်ခံစားရပြီး အင်မတန် အေးစက်နေတဲ့ Moika မြစ်ရေလောင်းပြီး ရက်စပြူတင် သေဆုံးသွားတာ ဟုတ်၊ မဟုတ် မစမ်းသပ်ခင်အထိ ကြမ်းတမ်း တဲ့ ရိုက်နှ က် မှုတွေ ကို ကြံ့ကြံ့ခံသွားခဲ့ပါသေးတယ်။ အခုတော့ ကြော့မော့ တောက်ပြောင်နေတဲ့ အဝါရောင် Yuspov Palace မှာ အင်္ဂလိပ်၊ ရုရှား tour ခရီးစဉ်တွေ အများကြီးပဲရှိနေပါပြီ။ရက်စပြူတင်ပြပွဲတွေလည်း မကြာ ခ ဏပြုလုပ်လေ့ရှိတယ်။ Boney M ရဲ့ ၇ဝ ခုနှစ်က ဒစ္စကိုသီချင်း ရုရှားရဲ့အကြီးမြတ်ဆုံး အချစ်စက်ရက်စပြူတင်ဆိုတဲ့ သီချင်းကိုလည်း အဲဒီနန်းတော်ထဲမှာနားထောင်နိုင်ပါလိမ့်မယ်။

8. Archduke Franz Ferdinand

shot in Sarajevo, Bosnia,
June 28, 1914

အမှုစစ်ဆေးကြားနာစဉ်မှာ သေနတ်သမား ဂါဗရီလိုပရင်ဆစ်ပ်ဟာ သူ့ကိုယ်သူ ယူဂိုဆလဗ်အမျိုးသားရေးဝါဒီသမားလို့ ညွှန်းဆိုခဲ့ပြီး သြစတြီးယား-ဟန်ဂေရီအင်ပါယာ ကနေလွတ်မြောက်ရေး လို လား လိုသူ လို့ဆိုပါတယ်။ သြစတြီးယားမင်းသား ဖရန့်ဇ်ဖာဒီနန် ရဲ့ဆာရာယေဗိုခရီးစဉ်အတွင်း Lateier တံတားအနီးကုန်စုံဆိုင်တစ်ဆိုင်အနီးမှာ ပရင်ဆစ်ပ်ရပ်စောင့်နေခဲ့ပြီးမင်း သားကားထဲ ကနေထွက် လာတဲ့အချိန် ပစ်ခတ်ခဲ့တာပါ။ 'လမ်းဟာ အင်မတန်ကျဉ်းမြောင်းနေတယ်။ ပရင်ဆစ်ပ်ကတော့ ဖာဒီနန်ရဲ့အမိုးပွင့်ကားအနီး မီတာအနည်းငယ်အကွာမှာရပ်နေခဲ့တယ်'လို့ ဆာယာရေဗို ခရီးသွားကုမ္ပဏီမှာ နဲနိုနိုဗာ ကိုဗစ်ခ်ျ ကပြောပါတယ်။ အဲဒီနေရာမှာ အထိမ်းအမှတ် ကျောက်ပြား စိုက်ထူထားပြီး အခုဆိုရင်ကမ္ဘာလှည့်ခရီးသွားတွေ အင်မတန်စိတ်ဝင်စားကြတဲ့နေရာဖြစ်နေပါတယ်။ ဆာရာယေဗို ပြတိုက် (၁၈၇၈-၁၉၁၈) လည်း အဲဒီထောင့်ချိုးအကွေ့ နားမှာပဲ ဖွင့်လှစ်ထားပါတယ်။ အဲဒီနေရာတွေဟာ ပထမကမ္ဘာစစ်စတင်ခဲ့တဲ့ အဖြစ်အပျက်တွေ အရှိန်မြင့်တက်ခဲ့ရာ အရေးပါလှတဲ့နေရာတွေပါ။ ပရင်ဆစ်ပ်ဟာ ဖာဒီနန်ရဲ့လည်ပင်းကို ပစ်ခတ်ခဲ့ပြီး ဇနီးသည်ဆိုဖီကို တော့ ဝမ်းဗိုက်ပိုင်းကိုပစ်ခတ်ခဲ့တာပါ။ ဆာရာရေဗို အစိုးရရိပ်သာဆီသယ်ဆောင်သွားပြီး မကြာခင်ပဲနှစ်ဦး လုံးသေဆုံးသွားခဲ့ပါတယ်။

9. Malcolm X

shot in the
Audubon Ballroom,
New York,
February 21, 1965

Audubon ကပွဲခန်းမဟာ နယူးယောက်စီတီးမြို့တော်၊ အထက်မက်ဟန်တန်ရပ်ကွက်မှာရှိတဲ့ကဇာတ်ရုံ၊ ဂီတခန်းမပါ။ အဲဒီမှာ ၁၉၆၄-၆၅ ခုနှစ်မှာ မဲလ်ကွန်အက်စ် ရဲ့ အာဖရိကန်-အမေရိကန် ညီညွ တ်ရေး အဖွဲ့အစည်း အစည်းအဝေးပွဲတွေ ပြုလုပ်လေ့ရှိတယ်။ အစည်းအဝေးတစ်ခုမှာ Nation of Islam အဖွဲ့ဝင်တွေက ပစ်ခတ်လုပ်ကြံခဲ့ပါတယ်။ Nation of Islam အဖွဲ့ဟာလူမည်းတွေရဲ့အာဏာ၊ အနေ အထား အမြင့်ဆုံးရောက်ရှိစေဖို့ ထောက်ခံအားပေးတဲ့အဖွဲ့ပါ။ မဲလ်ကွန် အက်စ်လည်း ဆယ်စုနှစ်တစ်စုစာ အဲဒီအဖွဲ့ရဲ့အရေးအပါဆုံးအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။လုပ်ကြံမခံရခင်နှစ်မှာတော့ မဲလ်ကွန်အက်စ်ဟာ အဖွဲ့ ကိုပစ်ပယ်ထားခဲ့ တယ်လို့ဆိုတယ်။ အဲဒီကပွဲခန်းမကိုအငြင်းပွားမှု တွေကြားထဲကပဲ ဇီဝနည်းပညာသုတေသနစင်တာအဖြစ် ၁၉၉၂ မှာပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ မူလအတိုင်းပဲ ထိန်းသိမ်း မှုတွေပြု လုပ် ခဲ့ပြီး ဒုတိယအထပ်မှာ မဲလ်ကွန်အက်စ်ရဲ့ ဘဝ နံရံဆေးပန်းချီတွေနဲ့ ဖော်ပြထားပါတယ်။ မဲလ်ကွန်အက်စ် ( El-Hajj Malik El-Shabazz) ဟာ အာဖရိကန်-အမေရိကန်မူစလ င်ဝန်ကြီး တစ် ဦး ဖြစ်ပြီး လူ့ အခွင့်အရေးလှုပ်ရှားတက်ကြွသူပါ။

10. Thomas Becket
,

killed at Canterbury Cathedral, England, December 29, 1170

သောမတ်စ် ဘက်ကက်ဟာ ဘုရင်ဟန်နရီ II အုပ်ချုပ်တဲ့ကာလ မှာ အင်္ဂလန်အရှေ့တောင်ဘက်ပိုင်း  Canterbury ဘုရားကျောင်းရဲ့ ခရစ်ယာန်ဂိုဏ်းချုပ်တစ်ပါးပါ။ အဲဒီဒေသက အာဏာအရှိဆုံး ဘုန်းေ တ်ာကြီးတွေထဲက ၃ ပါးကို အသင်းတော်ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့တာကြောင့် ဘုရင်က အမျက်သိုခဲ့ပါတယ်။ တစ်ချိန်က အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ ဟင်နရီ II ဟာ ဘက်ကက်ကို ဒေါသ ထွက်နေ ခဲ့ပြီးဖယ်ရှားပစ်ချင်တယ်လို့ တတွတ်တွတ် ပြောနေခဲ့တာပါ။ ဘုရင်ရဲ့သူရဲကောင်း ၄ ဦးဟာ ဘုရင်ရဲ့အမှာ စကားသယ်ဆောင်ပြီး ဘုရားကျောင်းကိုလာနေခဲ့ပါ တယ်။သူရဲကောင်းတွေလာနေပြီဆိုတဲ့ သတိပေး စကားဘက်ကက်ရရှိ ခဲ့တယ်။ ဒါပေမဲ့ သူကဘုရားကျောင်းရဲ့တံခါးကို ပိတ်ဆို့တားဆီးဖို့ ငြင်းဆန်ခဲ့ပါတယ်။

'ဘုရားရဲ့ အိမ်တော်ဟာ ဘယ်သူ့ကိုမှမဟန့်တားသင့်ပါဘူး' လို့ ပြောနေခဲ့တယ်။ ၁၉၈၂ ခုနှစ် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် II ဘုရားကျောင်းကို ဆုတောင်းပွဲအတွက် ရောက်ရှိခဲ့တဲ့အချိန် သူကြည့်ရ သလော က် သောမတ်စ်ဘက်ကက်ကို ညွှန်းဆိုတဲ့အထိမ်းအမှတ် ဘာမှရှိမနေဘူးလို့ မှတ်ချက်ချခဲ့တယ်။ ဗိသုကာပညာရှင် ဂျိုင်းဘလွန်ဖီးလ်ရဲ့လက်ရာဓားရှည်ကိုင်စွဲလုပ်ကြံခဲ့တဲ့နေရာမှာခေတ်မီ ဆီမီးခုံရှိနေ တယ်။ ဘက်ကက်ရဲ့သရဖူကိုသူရဲကောင်းတစ်ဦးခုတ်ဖြတ်ခဲ့ရာ နေရာအမှတ်အသားလို့ဆိုကြတယ်။ ကျိုးပဲ့နေတဲ့ ဓားရှည်လည်း အဲဒီနေရာမှာထားရှိပါတယ်။

 

11. Leon Trotsky

killed by icepick,
Coyoacán, Mexico City,
August 21, 1940

စတာလင်နဲ့ နိုင်ငံရေးအယူအဆတိုက်ပွဲတွေမှာ ရှုံးနိမ့်သွားခဲ့ပြီး မက္ကဆီကိုပြည်နယ်ဆီ ပြည်နှင်ဒဏ်ခံရပြီးနောက် ရုရှားတော်လှန်ရေးသမား လီယွန်ထရော့စကီကို စတာလင်လိုလားသူ လက်နက်ကိုင်တွေ က ၁၉၄ဝ၊ မေ ၂၄ ရက်နေ့မှာ လုပ်ကြံဖို့ကြိုးစားပါတယ်။ အဲဒီနေ့က ထရော့စကီလွတ်မြောက်သွားခဲ့ပြီး ထရော့စကီ ရဲ့မြေးငယ်၊ လက်ထောက်တစ်ဦး နဲ့ သက်တော်စောင့်တို့ ပစ်သတ်ခံရပါတယ်။ သြဂုတ် ၂ဝ မှာ သူ့ရဲ့ မက္ကဆီကိုအိမ် မှာ တစ်ကြိမ်ထပ်မံလုပ်ကြံခံရပြီး နှင်းခွဲတဲ့ပုဆိန်နဲ့ ဦးခေါင်းကို ရိုက်ခတ်ခံခဲ့ရတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်။ ထရော့စကီရဲ့ အခိုင်အမာဆောက်လုပ်ထားခဲ့တဲ့ အဆောက် အဦကို ပြ တိုက် အဖြစ် ၁၉၉ဝ ၊ နှစ်၅ဝမြောက် နှစ်ပတ်လည်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ ပြတိုက်ထဲက ထရော့စကီရဲ့ စားပွဲပေါ်က ဒိုင်ယာရီစာအုပ်ဟာ အဲဒီနေ့ သူသေဆုံးသွားခဲ့စဉ်ကအတိုင်း စာအုပ်ဟာ ပွင့်လျက် အနေ အ ထား နဲ့ ရှိနေပါတယ်။ ပြတိုက်ပန်းခြံထဲမှာ ထရော့စကီရဲ့ အုတ်ဂူရှိနေပါတယ်။

ဖြိုးဖြိုး

Go to top