home

- ပိုင်ဆိုင်မှု အထောက်အထား စစ်ဆေးခြင်း
- အမည်ပြောင်းခြင်း၊ မြေပုံရာဇဝင်ထုတ်ခြင်း၊မြေပုံ ကူးခြင်း၊ မှတ်ပုံတင်ခြင်း
- မြေအမည်ပေါက်စေရန် ဆောင်ရွက်ပေးခြင်း
 အထက်ပါ အလုပ်တွေ ကတော့ အိမ်ခြံမြေ ရောင်း၊ ငှား၊ ဝယ်တော့မယ်ဆိုရင် လုပ်ကိုလုပ်ရတော့မယ့် အလုပ်တွေပါ။ ဒီအလုပ်တွေကို လုပ်နိုင်ဖို့ ကျွန်တော်တို့ မှာ အချိန်အလုံအလောက်ရှိဖို့ လိုပါတယ်။ အချိန်အ လုံအလောက် မရှိပါဘဲနဲ့ ကျွန်တော်တို့ ဒီအလုပ်တွေ ကို စေ့စေ့စပ်စပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ နောက်ပြီး ငွေကြေး တော်တော်များများကို ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့ အလုပ်မို့ စေစေ့စပ်စပ် လု   ပ်နိုင်မှသာ အဆင်ပြေချောမွေ့စေမှာပါ။ဒီအတွက် အချိန်အလုံအလောက် မရှိလို့ စိတ်ပူ နေပါသလား။ စိတ်မပူပါနဲ့။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတွေ ရှိပါတယ်။ ဒီလ အိမ်ခြံမြေ အရောင်း၊ အငှား၊ အဝယ်ေ တွကို စိတ်ဝင်စားသူ Living Fashion  မဂ္ဂဇင်းစာဖတ်ပရိသတ်တွေအတွက New Home Realestate Agency က ရောင်းငှားမယ့် အိမ်ခြံမြေ တွေကို ဝေမျှတင်ဆက်ပေးလိုက်ပါတယ်။

 

home1

FOR RENT  9L/month

ရန်ကင်းမြို့နယ်၊ ရန်အေးလမ်းထဲမှာရှိတဲ့ ရန်အေး အိမ်ရာထဲက တိုက်ခန်းတစ်ခန်း ဖြစ်ပါတယ်။ အကျယ် အဝန်းမှာ စတုရန်းပေ ၉ဝဝ ရှိပြီးတော့ အခန်းကိုMaster Bed Room ၁ ခန်း၊ ရိုးရိုးအိပ်ခန်း ၂ ခန်း၊ မီး ဖိုချောင်၊ရေချိုးခန်းတို့နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ရေ၊ မီး အပြည့်အစုံ၊ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်း အပြည့်အစုံ ပါဝင်တာကြောင့် နေရေးထိုင်ရေးအတွက် ပူပန်စရာ မလိုပါ။အိပ်ခန်းနဲ့ ဧည့်ခန်း ကိုပါကေးခင်းထား ပြီး မီးဖိုချောင်ကိုတော့ ကြွေပားခင်းပေးထားပါတယ်။ Water Heater  ပါဝင်တာကြောင့် ရေကို အပူ၊ အအေး နှစ်မျိုးစလုံး အသုံးပြုနိုင်ပါတယ်။

home2

FOR RENT 55L/month

မရမ်းကုန်းမြို့နယ် ၊ ၇ မိုင်မှာ ရှိတဲ့ ကုန်းမြင့်ရိပ်သာ ထဲက ခေတ်မီသပ်ရပ်လှတဲ့ နှစ်ထပ်တိုက် RC လုံးချင်း အိမ်တစ်လုံး ဖြစ်ပါတယ်။ အကျယ်အဝန်းမှာ (၁၃၅ x ၅၅) စတုရန်းပေ ရှိပြီးတော့ သိမ်းဆည်းလိုရာ သိမ်းဆည်းနိုင်တဲ့ ဂိုဒေါင်တစ်လုံး ပါဝင်ပါတယ်။ အိမ်ကို Master Bed Room ၂ ခန်း၊ ရိုးရိုးအိပ်ခန်း ၂ ခန်း ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ခြံနဲ့ဝင်းနဲ့ ဖြစ်တာ ကြောင့် မိသားစုတစ်တွေ ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံနေနိုင်ပါတယ်။ရေ၊ မီး အပြည့်အစုံနဲ့ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်း အပြည့်အစုံ ပါဝင်တာကြောင့် နေရေးထိုင်ရေးအတွက် ပူပန်စရာမလိုပါ။ လေအေး ပေးစက် တပ်ဆင်ပေးထားတာကြောင့် ရာသီဥတု ပူပြင်း တဲ့အချိန်မှာတောင် အိမ်ထဲမှာ အေးအေးလူလူ နေနိုင် ပါတယ်။

FOR SALE 3200L

အင်းစိန်မြို့နယ်၊ ဆင်ရေတွင်း ဘတ်စ်ကား မှတ်တိုင်အနီးမှာရှိပြီး Sein Yadanar Condo ရဲ့ တိုက်ခန်းတစ်ခန်း ဖြစ်ပါတယ်။ အကျယ်အဝန်းမှာ စတုရန်းပေ ၁၄ဝဝ ရှိပြီးတော့ Master Bed Room တစ်ခန်း၊ ရိုးရိုးအိပ်ခန်းနှစ်ခန်းနဲ့ ဖွဲ့စည်းတည် ဆောက်ထားပါတယ်။ Bed Room ၄ ခန်းစလုံးကို ပါကေးခင်းထားပြီး မီးဖိုချောင်ကိုတော့ ကြွေပြားခင်း ထားပါတယ်။ ပရိဘောဂနဲ့ အသုံးအဆောင်ပစ္စည်း အပြည့်အစုံ ပါဝင် ပါတယ်။လေအေးပေးစက် နှစ်လုံး တောင် တပ်ဆင်ပေးထားတာကြောင့် အခန်းအတွင်း မှာ အေးအေးလူလူ နေနိုင်ပါတယ်။ ကားပါကင်လည်း ပါဝင်တာကြောင့် ကားရှိသူ မိသားစုတွေအတွက် အထူး အ ဆင်ပြေစေပါတယ်။ဓာတ်လှေကား အသုံးပြုနိုင်ပြီး လုံခြုံရေးအတွက် စိတ်ချရပါတယ်။

Go to top