68

ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု United GP Development Co.ltd ၏ ပွဲဦးထွက် လုပ်ငန်းတစ်ခုမှာ ကမ္ဘာ့အဆင့်နှင့်အညီ တည်ဆောက်မည့် 68 Residence ကွန်ဒိုမီနီယမ်ဖြစ်သည်။ အဆိုပါ 68 Residence ကို ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံ လမ်းထောင့်တွင် တည်ဆောက်မည်ဖြစ်ပြီး Serviced Residence တွေ ပါဝင်မည်ဖြစ်သည်။

68 Residence တည်ရှိသည့်နေရာသည် ရန်ကုန်မြို့တွင်းမှ ကားဖြင့်သွားလျှင် ၁ဝ မိနစ်ခန့်အကြာတွင် ရောက်ရှိနိုင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် မိနစ် ၃ဝအကွာတွင်ရှိသည်။ အဆောက်အဦ၏ ဒီဇိုင်းများကို တစ်မူထူးခြားသော ဗိသုကာဒီဇိုင်းများဖြင့် တည်ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော INFINITY SWIMMING POOLAT ROOFTOP & SKY GARDEN ပါရှိသည်။ ထို့အပြင် ရည်ရွယ်ချက်မျိုးစုံ အသုံးပြုနိုင်သည့် DUAL KEY SYSTEM UNIT များ၊ တစ်နေရာတည်းတွင် ရုံးခန်းနှင့် လူနေအိမ်ခန်း တွဲလျက်ပါရှိမည့် DUPLEX SYSTEM၊ အဆင့်မြင့် MAIN DOOR နှင့် လုံခြုံရေး SMART ACCESS SYSTEM၊ အဆင့်မြင့် မီးဘေးအန္တရာယ် ကာကွယ်ရေးစနစ်နှင့် အလိုအလျောက် မီးငြှိမ်းသတ်စနစ်၊ ကမ္ဘာ့အဆင့် CONDOMINIUM နှင့် SERVICED  RESIDENCE စီမံခန့်ခွဲမှု၊ ၂၄။၇ အဆင့်မြင့် လုံခြုံရေးစနစ်များ၊ အခန်းတိုင်းအတွက် လုံလောက်သော CAR PARKING ပါရှိမည် ဖြစ်သည်။68third

FULLY  FINISHED FACILITIES ဖြစ်သည့် MARBLE/GRANITE FLOOR, INTERNATIONAL STANDARD PARQUET, LOW E-GLASS, BUILT IN KITCHEN WITH CABINET AND OVEN, FULLY FITTED BATH ROOM, DOWNLIGHT LIGHTING FOR WHOLE UNIT, SPLIT   TYPE AIRCON, FULLY PAINTED WITH INTERNATIONAL QUALITY PAINT, WARDROBE IN ALL BEDROOMS, HOT & COLD WATER SYSTEM တို့ ပါဝင်သည်။

68 Residence တွင် ပါဝင်မည့် အခန်းများ ကို အရစ်ကျရောင်းချသွားမည်ဖြစ်ပြီး ပထမဦးဆုံး Reservation Fees အနေဖြင့် သိန်း ၅ဝ ပေးသွားကာ မိမိကြိုက်နှစ်သက်သည့် အခန်းများကို ရွေးချယ်ဝယ်ယူ နိုင်သည်။ ကျန်ရှိသော ငွေကြေးပမာဏကို ၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ၅ %၊ ဇူလိုင်လတွင် ၁ဝ%၊ သြဂုတ် လတွင် ၁ဝ% ပေးသွင်းပြီး ကျန် ၇ဝ%ကို ၃၆ လအတွင်း အညီအမျှခွဲဝေ၍ (၂%ဝန်းကျင်စီ) ပေးသွင်းရမည်။ နောက်ဆုံးကျန်ငွေ ၅% ကို အခန်းဝယ်ယူသူများမှ DEVELOPER အား သော့အပ်ချိန်၌ ပေးသွင်းရမည်။

ယခုကဲ့သို့  ထူးခြားသော ဗိသုကာဒီဇိုင်းများနှင့် 68  Residence ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောက်လုပ်ဖြစ်သည်ကို မေးကြည့်ရာ "68  Residence ကို လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းက မြန်မာနိုင်ငံက နိုင်ငံတော်အစိုးရ အပြောင်းအလဲရှိတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိလာတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ဘက်က တခြားလုပ်ငန်းလုပ်ဖို့ဆိုတာက ကိုယ့်ရဲ့ လုပ်ငန်းကို ဘယ်လို diversity ကို သွားမလဲ ဆိုတာကို စဉ်းစားရတယ်။ အစ်ကို့အနေနဲ့က စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် လူအများစုကို cover ဖြစ်တဲ့ဟာမျိုးပဲ လုပ်ချင်တယ်။ ဒါကြောင့် တိုင်းပြည်မှာရှိတဲ့ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ထောင့် တစ်နေရာကနေ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဖြစ်တာပါ။ ဒါကြောင့် ဘိုးဘွားပိုင်မြေမှာ လုပ်ဖြစ်တာပါ။ ဒီမှာ ဝယ်ယူတဲ့သူ အတွက်လည်း အာမခံချက်တွေ ရှိပါတယ်။ ဘိုးဘွားပိုင်မြေက ဂရန်မြေနဲ့ မတူဘူး။ ဂရန်မြေက အခု အချိန်တန်ရင် သက်တမ်းတိုးရတယ်။ ဘိုးဘွားပိုင်မြေဆိုတာ တစ်သက်လုံး နေထိုင်သွားလို့ရတယ်။ နိုင်ငံတော်အစိုးရ ဘက်ကလည်း မကြာမီမှာ ကွန်ဒိုဥပဒေတွေ ထွက်တဲ့အခါ ဒီမြေကြီးမှာ နေထိုင်တဲ့သူတွေအတွက် ရာသက်ပန် ပိုင်ဆိုင်နိုင်မယ့် ရည်ရွယ်ချက်လည်းပါတယ်။ အစ်ကို့ အဖေဖြစ်စေချင်တဲ့ ညီအစ်ကို မောင်နှမ စုစုစည်းစည်းနဲ့ မိသားစု စီးပွားရေးလုပ်ငန်း လုပ်စေချင်တဲ့ ဆန္ဒလည်း ပြင်းပြခဲ့တဲ့အတွက် ဒီလုပ်ငန်းကို အောင်မြင်အောင် လုပ်သွားမှာပါ" ဟု ရွှေနန်းတော် စိန်ရွှေရတနာ လုပ်ငန်းစု (United GP Development Co.,ltd)၏ CEO နှင့် Founder ဒေါက်တာ အောင်ကျော်ဝင်းက ရှင်းပြခဲ့သည်။

Sale Gallery Grand Opening ကို ၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ စတင်မည်ဖြစ်ပြီး ၂ဝ၁၄ စက်တင်ဘာလကုန်မှ ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလ အတွင်း အပြီးတည်ဆောက်သွားမည်ဟု သိရသည်။ ဆောက်လုပ်ပြီးစီးသည့်အခါ အခန်းတစ်ခန်းချင်းစီကို စနစ်ကျစွာ စစ်ဆေးရမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်၊ ဇွန်လတွင် အခန်းဝယ်ယူထားသူများကို အခန်းများ အပ်နှံမည်ဖြစ်သည်။

68fourths68 Residence တွင် ပါဝင်မည့် အခန်းအမျိုး အစားနှင့် အကျယ်အဝန်းမှာ 2BEDROOMS 1000-1100 sqft ၊ 2 BEDROOMS+STUDY 1200-1300 sqft ၊ 3 BEDROOMS+STUDY 1380-1580 sqft ၊ DUPLEX (3 BEDROOMS + 1) 2100 sqft ၊ DUAL KEY (2 Be) ROOMS+1 BEDROOM 2100 sqft ၊ PENTHOUSE 4850-5400 sqft ဖြစ်ပြီး ဘိုးဘွားပိုင်မြေ တစ်ဧက ပေါ်တွင် အထပ်ပေါင်း ၂၇ ထပ်၊ အခန်းပေါင်း ၃၆၉ ခန်း ပါဝင်မည်ဖြစ်သည်။

စင်ကာပူအစိုးရပိုင် ဖြစ်ပါတယ်။ ဒီကုမ္ပဏီက Managed လုပ်တဲ့ residence တွေက ကမ္ဘာပေါ်မှာ အဆင့်တစ် ရှိကြတယ်။ သူတို့နဲ့ တွေ့ဆုံပြီး စာချုပ်ချုပ်ဖြစ်ခဲ့ပါတယ်။ အစ်ကိုတို့ရဲ့ ဒီဇိုင်းက မှန်တွေ အကုန်သုံးထားတယ်။ ဒီမှန်တွေက low energy consumption တွေ သုံးထားတယ်။ ဥပမာ - အပြင်မှာ 100°F ရှိတယ် ဆိုရင် 25°F လောက်ပဲရှိတယ်။ Room အပူချိန် ကို ထိန်းနိုင်သလို အသံနဲ့ပတ်သက်လာရင် ဆူညံသံကို လည်း ထိန်းထားနိုင်တယ်။ ကမ္ဘာအေးဘုရားလမ်းနဲ့ ပေ ၆ဝ အကွာမှာ ဆောက်လုပ်ထားတဲ့အတွက် ဆူညံသံ သိပ်မရှိဘူး။ နည်းပညာအပြည့်နဲ့ ဆောက်လုပ်သွားမှာ ပါ။ ဒီကွန်ဒိုမှာ ကမ္ဘာ့အဆင့်ရှိတဲ့ ၂၆ ထပ်မှာ sky swimming pool ရှိမယ် playground တွေ၊ gyms တွေ စတဲ့ဟာတွေ ပါဝင်မှာဖြစ်တဲ့အတွက် ဘယ်အထပ် မှာပဲနေနေ တူညီတဲ့အခွင့်အရေးတွေ ရမှာပါ။ ရန်ကုန်တစ်မြို့လုံးရဲ့ ရှုခင်းတွေကို ကြည့်နိုင်သလို  လေကောင်းလေသန့်လည်း ရမှာပါ။ နောက်တစ်ခုက ရန်သူမျိုးငါးပါးမှာ မီးအန္တရာယ်က အရေးကြီးဆုံးဖြစ်တဲ့ အတွက် Integrated Fire Alarm System တွေ သုံးထားပါတယ်။ အခန်းတွေရဲ့ အလယ်မှာ ရေဖြာထွက် နိုင်တဲ့ ပိုက်တွေတပ်ထားတယ်။ ဒီစနစ်ကို သေချာလေး လုပ်ထားတယ်။ ဖွဲ့စည်းပုံကလည်း တချို့အခန်းတွေကို Dual Keys System လုပ်ထားတယ်။ အခန်းက  2100sq ရှိတယ်။ အပြင်ကကြည့်ရင် တစ်ခန်းတည်းပဲ။ အတွင်းမှာ အခန်းကြီးနဲ့ အခန်းငယ်ဆိုပြီး ပါတယ်။ အခန်းကို ဝယ်ပြီးရင် လူများများဆိုရင် အခန်းကျယ်ကို ငှားလို့ရတယ်။ ကိုယ်က အခန်းငယ်မှာနေပြီး အခန်းကျယ်ကို ငှားစားလို့ရတယ်။ အခန်း တစ်ခန်းတည်းကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ Duplex တွေလည်းပါမယ်။ ဝရန်တာကလည်း ပေ ၄ဝ လောက်ရှိတယ်။ ဒီကွန်ဒိုက သွားရေး လာရေးအချက်အချာကျတဲ့ နေရာမှာ တည်ဆောက် ထားပါတယ်။ ဈေးနှုန်းဆိုတာကလည်း အချက်အလက်တွေပေါ် မူတည်ပါတယ်။ နံပါတ်တစ်က location ၊ နိုင်ငံခြားမှာလည်း ဘိုးဘွားပိုင်မြေနဲ့ ဂရန်မြေဈေးနှုန်းက သိပ်ကိုကွာပါတယ်။  ဒီမြန်မာနိုင်ငံမှာတောင် 1sqft ကို ၅ သောင်းလောက် ကွာပါတယ်။ ခိုင်မာမှုလည်း မတူညီနိုင်ပါဘူး။ ဝယ်ယူတဲ့သူတွေကို ၉၅ ရာခိုင်နှုန်းလောက် ပြင်ဆင်ပေးတယ်။ ၅ ရာခိုင်နှုန်းပဲ ဝယ်ယူသူက လုပ်ရမှာပါ။

Home Automation System တွေလည်း ပါဝင်မှာပါ။ တံခါးတွေကိုလည်း သေချာလေး လုပ်ပေးထားပါတယ်။ ပြီးပြည့်စုံတဲ့ အချက်တွေ ပါဝင်အောင် သေချာစနစ်တကျ လုပ်ပေးထားပါတယ်။ ဈေးနှုန်းပိုင်းကိုလည်း ဝယ်ယူသူတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးထားပါတယ်' ဟု ဒေါက်တာအောင်ကျော်ဝင်းက 68 Residence နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။

68 Residence Showroom ကို အမှတ် (44A) ဆရာစံလမ်း၊ ဗဟန်းမြို့ နယ်၊ ရန်ကုန်မြို့ ၌ ဖွင့်လှစ်ထားသည်။ ပြီးပြည့်စုံသော နေထိုင်မှုဘဝကို ခံစားနိုင်စေရန် သီးသန့်နားနေခန်း၊ အားကစားရုံ၊ ရေကူးကန်၊ ကလေးများအတွက် ရေကူးကန်၊ ကလေးကစားစရာကွင်းများအစရှိသည့် အပန်းဖြေ အဆောက်အဦများနှင့် ဝန်ဆောင်မှုများကိုလည်း ထားရှိမည်ဖြစ်သည်။

ထွဋ်မြတ်

68second


 

Go to top