pot1

ပန်းအိုးတွေ ဆိုတာက အိမ်၊ ရုံးနဲ့ ပန်းဥယျာဉ် ကြီးငယ်မဟူအတွက် မြေယာရှု ခင်းဖန်တီးခြင်း၊ အပင်စိုက်ခြင်းတို့ မှာ အသုံးဝင် ရုံတင်မကဘဲ သင်နဲ့ အနီးဆုံး နေရာကို သဘာဝအငွေ့အသက်နဲ့ အလှတ ရား ဖြစ်တဲ့ အပင်လေး တွေထားရှိ ဖို့ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ ဝရန်တာတွေအထိ အသုံးတည့်တဲ့ အရာတစ်ခုပါ။ ပန်းအိုးတွေက မြေအိုး၊ စဥ့်ရည်သုတ်အိုး၊ ကြွေအိုး၊ ဖန်အိုး တွေကစလို့ ပလတ်စတစ် အိုးတွေဖြစ်နိုင် သလိုစွန့်ပစ်ပစ္စည်း တွေနဲ့ဖန်တီးထားတဲ့ ပန်းအိုးတွေလည်း ဖြစ်နိုင်ပါတယ်။ ပန်းအိုးလှလှလေးတွေမျိုးစုံ၊ အရွယ်စုံ၊ ဒီဇိုင်းအစုံမှာ ပန်းအိုးကြီးတွေက အပင်ကြီးတွေ ထည့်စိုက်ဖို့နဲ့ တခမ်း တနားဖြစ်စေဖို့ အထောက်အကူ ပေးသလိုတခြား ပန်းအိုးလေးတွေ ကလည်း သူ့နေရာနဲ့ သူ  လှပမှု၊ ခမ်းနားမှု၊ ပျော်ရွှင် မှုစတာတွေကို ပေးစွမ်းနိုင် ပါတယ်။ စိတ်ကူးကောင်းလေးတွေ မျိုးစုံကို လေ့လာကြည့် ရအောင် Living Fashion ပရိသတ်ကြီးရေ။

Read more: ပျော်ရွှင် ကြည်နူးခြင်းများကို ပေးစွမ်းမယ့် ပန်းအိုးများ

garden1

ပျော်ရွှင်ဖို့၊ သာယာဖို့ အပင်တွေ စိုက်ပါဆိုလို့ ဆိုရင် မြေယာရှိတဲ့ သူတွေ၊ ခြံကျယ်ကျယ်မှာနေတဲ့ သူတွေအတွက် ဘာမှ ခဲယဉ်းလှတဲ့ ကိစ္စမဟုတ်ပေမဲ့ ရိုးရိုးတိုက်ခန်းတွေ၊ ကွန်ဒိုတိုက် ခန်းတွေမှာနေ တဲ့သူတွေ ဒါမှမဟုတ်မြေကြီး အလွတ်သိပ် မရှိတဲ့ အိမ်မှာ နေတဲ့သူတွေ အဖို့တော့ အပင်စိုက်ရတာ ပြဿနာ တစ်ခုပါပဲ။ ဒါပေမဲ့ မပူပါနဲ့ လိုအပ်ချက်လေးတွေ၊ လိုအပ် တာလေးတွေကို မှတ်သားပြီး ကိုယ်တတ်နိုင်တဲ့ ဝန်တာနဲ့ စရိတ်ကို လိုက်ပြီးနေရာ ကျဉ်းကျဉ်းမှာ အပင်စိုက်လို့ ရတဲ့ ပန်းပင်လေးတွေ ထားလို့ရတဲ့ နည်းတွေရှိပါတယ်။ အဲဒီလို စိတ်ကူးကောင်းလေးတွေ ရချင်ရင်တော့ အောက်မှာဖော်ပြ ထားတဲ့အချက်လေး တွေကို ဖတ်ပြီး နမူနာပုံလေးတွေ ကိုလေ့လာကြည့်လိုက် ပါ။ ရရှိလာမယ့် စိတ်ကူးလေးတွေနဲ့ ကိုယ်နေထိုင်ရာ ကိုယ့်အိမ် ကမ္ဘာလေးကို စိမ်းလန်းအောင်၊ လှပအောင်၊ သက်ဝင်အောင် ဖန်တီးကြည့် လိုက်ကြ ရအောင်နော် ။ဘာ့ကြောင့် လိုအပ်လဲနေ့ စဉ်အလုပ်များ လှတဲ့ဘဝမှာ ရှုခင်းတွေဆီ သွားမကြည့်နိုင်လောက်အောင် အလုပ်များနေတတ် ပါတယ်။ သင့်အိမ်ရဲ့ တည်နေရာနဲ့ အနေအထားကြောင့် လည်း ဒါတွေကို မထိတွေ့နိုင်တာဖြစ်နိုင် ပါတယ်။ ဒါ့ကြောင့်အပင် တုတွေလိုတန်ဆာ ဆင်ရုံသက်သက် မဟုတ်ဘဲ အစိမ်းရောင်မြင် ကွင်းစစ်စစ် ကိုပေးနိုင်၊ လန်းဆန်းတဲ့ ခံစားမှုကို ပေးနိုင်လို့ပါ။

Read more: Gardening For Small Space

home-garden

သင့်မှာ မြေနေရာအများကြီးရှိမှ သစ်ပင်၊ ပန်းပင်လေးတွေကို စိုက်ပျိုးနိုင် မယ်ဆိုတာ မဟုတ်ဘူးလို့ သင်သိထားရပါမယ်။ သင်ဟာ ဥယျာဉ်ကြီးတစ်ခုကို မပိုင်ဆိုင်နိုင်ရင်တောင်မှ သင့်အိမ်တွင်း မှာပဲဥယျာဉ် ငယ်လေးတစ်ခုကို ဖန်တီး တည်ဆောက်လို့ရပါတယ်။ ဒါကြောင့် သင်ဖန်တီးရာမှာ အထောက်အပံ့ဖြစ်စေမယ့် indoor plant အခင်းအကျင်းလေးတွေကို တင်ဆက် ပေးလိုက်ပါတယ်။

Read more: သင့်အိမ်တွင်းက ဥယျာဉ်ငယ်လေး

ပြင်သစ်နိုင်ငံ Lyon ဒေသမှာ လှပခံ့ညား ကျယ်ဝန်းတဲ့ နှင်းဆီမြို့ပြ ဥယျာဉ်ကြီး သုံးခုရှိတယ်။ပြင်သစ်လို dk Parc de la Tete d’Ór (France) လို့ ခေါ်ဝေါ်ကြပြီး အဓိပ္ပာယ်ကတော့ Golden Head Park (ရွှေရောင် ဦးခေါင်းတော်ကြီး ဥယျာဉ်) ပါတဲ့။ ဟိုရှေးက ခရစ်ယာန်နဲ့ အစ္စလာမ်တွေ ဘာသာရေးစစ်ပွဲ ဖြစ်ပွားနေစဉ် ခရူဆိတ်ဒါတွေက ခရစ်တော်ရဲ့ ဦးခေါင်းတော်ကို အဲဒီနေရာ သို့မဟုတ်  တစ်နေရာရာ မှာ မြှုပ်နှံခဲ့ကြတယ်လို့အဆို ရှိပါတယ်။ ဥယျာဉ်တွေရဲ့ အပြင်အဆင် အမွမ်းအမံတွေကိုတော့ ဟိုတုန်းက လူတွေ သတိမပြုခဲ့ ကြပေမဲ့ သမိုင်းရာဇဝင်ကတော့ ခုတိုင် ရှိနေတာပါ။ အခုဆိုရင် ကမ္ဘာမှာ နိုင်ငံတကာ ဥယျာဉ်ပြိုင်ပွဲတွေခေတ်စားလာနေတာ၁၇ ကြိမ်မြောက် နှင်းဆီဥယျာဉ် ပြိုင်ပွဲကို ပြင်သစ်က အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပပါလိမ့်မယ်။ ၂ဝ၁၅ မှာ လာရောက် ကြည့်ရှုလိုသူတွေကိုလည်း အကဲဖြတ်စေဖို့  ဖိတ်ကြားပါလိမ့်မယ်။TheWorld Rose Convention and Festival in 2015 ပွဲတော်ကို ကျင်းပမယ်လို့  ဂျာမနီနိုင်ငံမှာ ရုံးစိုက်တဲ့ Garden Kingdom Dessau-Woertitz အဖွဲ့ က ကြေညာထားပါတယ်။ ယူနက်စကို (UNESCO) World HertageSite  ကလည်း ၂ဝဝဝ ပြည့်နှစ်က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စစ်စစ်ဖြစ်ကြောင်း ကြေညာထားပါတယ်။ သမိုင်းရော ၊ ဒဏ္ဍာရီရော၊ ရုက္ခဗေဒ ပညာရပ်တွေရော စုပေါင်း ဆက်နွှယ်နေတဲ့ လက်ရာမွန်ဒီဇိုင်းတွေဖြစ်တာမို့  ထူးထွေတည့် အံ့ရာလို့ ဆိုရမှာပါ။ခု ကမ္ဘာတစ်ဝန်းမှာ ထင်ရှားကျော်ကြားဆဲ ဥယျာဉ်ကြီး ၁၃ ခုကို CNN က စာရင်းပြုစုထားတာကို  ဖလောရစ်က အခု ဝေမျှပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာထင်ရှား တဲ့ အံ့ဖွယ်ဥယျာဉ်တွေဖြစ်ပါတယ်။သူ့ အရည်အချင်းနဲ့ သူ လမ်းဆုံးထိ ခရီးဆက်ကြမယ့် ဥယျာဉ်ကြီးတွေကို အခုလို စာရင်းပြုထားတာ တွေ့ရတယ်။

pare-de-la-tete

Read more: ရှေးဟောင်းအမွေ ကမ္ဘာ့ဥယျာဉ်ကြီးတွေ

r2

အပင်တွေဆိုတာက လူသားတွေနဲ့ ကင်းကွာလို့ ရတဲ့အရာ မဟုတ်ပါဘူး။ အရိပ်ရဖို့၊ သစ်သားရဖို့၊ အသီး-သစ်စေ့၊ သစ်ရွက်နဲ့ အဆီအနှစ် စတဲ့ သစ်ပင် နဲ့ အပင်ထွက်ပစ္စည်းတွေရဖို့၊ ဆေးဝါးဖော်စပ်ဖို့၊ အလှ ကြည့်ပြီးရှုခင်းခံစားဖို့အတွက် အပင်တွေကို ဂရုစိုက်ရပါတယ်။ တချို့အပင်တွေကိုတော့ ရည်ရွယ် ချက်တစ်ခုနဲ့ စိုက်ကြပါတယ်။အပင်တချို့က လူတွေနဲ့ မစိမ်းကြပေမဲ့ လူတွေ အမြင်စိမ်းပြီး ထူးခြားတဲ့ အပင်ေ တွကလည်း အများအပြားပါပဲ။ အဲဒီထဲက ထူးထူးခြားခြားဖြစ်နေတဲ့ အပင် တချို့ကို လေ့လာကြည့်ရအောင်။

Read more: ထူးထူးခြားခြား အပင်များ

Go to top