garden

တည်နေရာ

Butchart Gardens ဆိုတာက ကမ္ဘာကျော် သမိုင်းဝင် ပန်းခြံအစုအဝေးကြီးတစ်ခုဖြစ်ပါတယ်။ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ၊ ဘရန့်တ်တိဝု ပင်လယ်အော်မှာ တည်ရှိပါတယ်။ ဗန်ကိုဘာကျွန်းနဲ့ နီးပြီး နှစ်စဉ် လူပေါင်း တစ်သန်းလောက် လာရောက် ကြည့်ရှု လည်ပတ်နေကြတဲ့ နေရာဖြစ်ပါတယ်။

 

 

သမိုင်းကြောင်း

လှပပြီး ကမ္ဘာကျော်တဲ့ သမိုင်းဝင်တဲ့ ဥယျာဉ်ကြီး Butchart Gardens ရဲ့ အစကတော့ လုပ်ငန်းရှင် တစ်ယောက်ရဲ့ ကိုယ်ပိုင်ဥယျာဉ်တစ်ခု ဖြစ်ပါတယ်။ သူကတော့ ရောဘတ်ပင် ဘွတ်ချာ့တ် ဖြစ်ပြီး သူဟာ မြောက်အမေရိကရဲ့ ဘိလပ်မြေလုပ်ငန်း နဲ့ ပတ်သက်လို့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်ပါတယ်။ သူ့ကို ထုံးကျောက်တွေ သိပ်ပေါတဲ့ ကနေဒါအနောက်ဘက် ကမ်းရိုးတန်းက ဆွဲဆောင်ခဲ့တာကြောင့် ၁၉ဝ၄ ခုနှစ်မှာ သူက ဗန်ကိုဗာကျွန်းမှာ ဘိလပ်မြေ စက်ရုံဆောက်၊ မိသားစုနေဖို့ အိမ်ဆောက်ရင်း နှင်းဆီချုံတွေ၊ ပဲပန်းတွေကိုပါ စိုက်ပျိုးစေခဲ့ပါတယ်။  တဖြည်းဖြည်းနဲ့ သူ့ရဲ့ဇနီးကလည်း အဲဒီအနီးတစ်ဝိုက်မှာ လှပတဲ့ပန်း ဥယျာဉ်တွေကို ဖန်တီးပုံဖော်ခဲ့ပါတယ်။ ၁၉ဝ၆ ကနေ ၁၉၂၉ ခုနှစ်အတွင်းမှာတော့ ပင်လယ်ဘေးမှာ မစ္စတာ ဘွတ်ချာ့တ်က ဂျပန်ဥယျာဉ်တစ်ခုနဲ့ အီတလီဥယျာဉ် တစ်ခုကို တည်ဆောက်စေခဲ့ပါတယ်။ ဒီလိုဖန်တီးရတာတွေကို သူတို့စုံတွဲက သိပ်ကို နှစ်ခြိုက်ကြပါတယ်။ ဒါတင်မက ကမ္ဘာအနှံ့က ရောင်စုံငှက်တွေ၊ ဘဲတွေကို ရှာခိုင်းပြီး ငှက်လှောင်အိမ်တွေဆောက်၊ ရေကန်တွေ တူးပြီး သူတို့ကို ထားထားပါတယ်။ အဲဒီဥယျာဉ်တွေဟာ သူတို့မြေး အိုင်ရန်ရော့စ် ၂၁ နှစ်ပြည့်တဲ့အခါမှာတော့ မြေးလေးအတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်မှာတော့ အဲဒီ ဥယျာဉ်တွေနေရာက ကမ္ဘာသိ ပန်းအလှကြည့်နေရာ တစ်နေရာ၊ ရုက္ခဗေဒ ဥယျာဉ်တွေရှိရာ သမိုင်းဝင်နေရာ ဖြစ်လာပြီးဆွေစဉ်မျိုးဆက်မွမ်းမံ၊ ပြုပြင်၊ ဖြည့်စွက် ထိန်းသိမ်း၊ အဆင့်မြှင့်တင်ရင်း ကမ္ဘာ့ အဆင့်မီ ဥယျာဉ်ကြီးတွေ ဖြစ်လာခဲ့တာ ယနေ့ပိုင်ရှင်လက်ထက် အထိပါပဲ။

Read more: ရင်သပ်ရှုမောဖွယ် မြေယာရှုခင်း အလှတို့ ပေါင်းစုရာ Butchart Gardens

title

ပန်းချီဆရာတစ်ယောက်ရေးဆွဲထားတဲ့ ပန်းချီကားချပ်တစ်ချပ်လို စိမ်းလန်းစိုပြည်တဲ့ တောတောင်ရေမြေ ရှုမျှော်ခင်းတွေနဲ့ သာယာအေးမြစွာ စီးဆင်းဖြာကျနေတဲ့ ရေတံခွန်စိမ့်စမ်းတွေ၊ ပန်းပုဆရာထုဆစ်ထားသလို ထုထည်အုံဖွဲ့ ခိုင်မာတည်တံ့နေတဲ့ ကျောက်ဆောင်ကျောက်သားတွေနဲ့ အံ့သြဖွယ်လိုက်ဂူတွေ. . . ဒီထူးခြားဆန်းပြားတဲ့ ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားကို လူတိုင်းပဲ ဘဝမှာ

Read more: ရင်သပ်ရှုမောဖွယ်ရာ အိပ်မက်နေရာ


f01

Waterfront Park (Charleston)

အမေရိကန်ပြည်ထောင်စု ၊ တောင်ကာရိုလိုင်းနားပြည်နယ်၊ ချားလ်စတန်ဒေသ၊ ကူးပါးမြစ်အနီးခန့်မှန်း မိုင်ဝက်ရှည်ပြီး၁၂ဧက ရှိတဲ့ မြေနေရာမှာ တီထွင်ဆောက်လုပ်ထားတဲ့ နာနတ်သီးပုံ ရေပန်းပါ။ ၂ဝဝ၇ ခုနှစ်က Landmark Awardဆုကို လက်ခံရရှိခဲ့သတဲ့။ American Society of Landscape Architects အဖွဲ့နဲ့ National Trust for Historic Preservation  အဖွဲ့ တို့က ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ဒီဇိုင်းလက်ရာတွေကြောင့် ပေးခဲ့တာဖြစ်တယ်။ Sasaki Associates အဖွဲ့က

Read more: ကမ္ဘာပေါ်က အလှဆုံး ရေပန်းများ

title

စိမ်းလန်းတဲ့ရှုခင်းတွေဟာ စိတ်နှလုံးကို လန်းဆန်းစေတဲ့အရာ၊ သဘာဝကိုထိန်းသိမ်းစေတဲ့ အလှရှုခင်းနဲ့ ရာသီဥတု ကောင်းမွန်ခြင်းရဲ့ ပြယုဂ်တွေအဖြစ် ကျွန်မတို့ရဲ့ ဘိုးဘေးတွေ လက်ထက်ကတည်းက လက်ခံထားကြပါတယ်။ သည်နေ့မှာတော့ တဖြည်းဖြည်း ယိုယွင်းညစ်ထေးလာတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ကို မူလအတိုင်းပြန်ဖြစ်လာအောင် ကြိုးပမ်း ကြရာမှာ သဘာဝရှုခင်းတွေကို ထိန်းသိမ်းခြင်း နဲ့အတူ ကျွန်မတို့ နေထိုင်လှုပ်ရှားတဲ့ ပတ်ဝန်းကျင်မှာပါ သဘာဝဆန်တဲ့ မြေယာ ရှုခင်းတွေကို ကျွန်မတို့လူသားတွေရဲ့ အနု ပညာဆန်လှတဲ့ မြေယာရှုခင်း ဗိသုကာဒီဇိုင်းတွေနဲ့ ပုံဖော်ပြီး သဘာဝနဲ့ လူနေမှုဘဝကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ရှုခင်း ဆိုတာ တောတောင် ရေမြေတွေ ဆီသွားမှ တင်မဟုတ်ဘဲ ကျွန်မတို့ရဲ့နေအိမ်၊ ရုံး၊ မြို့၊ ရွာ၊ ပန်းခြံတွေဆီမှာ ဆွဲခေါ်ယူထားနိုင်သလိုမျိုး လှပတဲ့ ရှုခင်းတွေဖြစ်ပေါ်လာပါတော့တယ်။ ယနေ့ ဆန်းပြားတဲ့မြေယာရှုခင်း ဗိသုကာဒီဇိုင်းတွေကို ကမ္ဘာအနှံ့က ပညာရှင်တွေက နေရာ အနှံ့မှာ ဖန်တီးလျက်ရှိပါတယ်။ အဲဒီထဲက တကယ့်ကို ရင်သပ် ရှုမော ဖွယ်ကောင်းတဲ့ အနုပညာ ဆန်ပြီး လက်တွေ့အသုံးတည့်တဲ့ မြေယာ ရှုခင်းဒီဇိုင်းတွေကို လေ့လာကြည့်ရအောင်။

Read more: အနုပညာပြည့်ဝသော ခေတ်မီမြေယာ ရှုခင်း ဗိသုကာဒီဇိုင်းများ

landscaping

ဥယျာဉ်တွေရဲ့ ဒီဇိုင်းလှပမှုနဲ့ ပတ်သက်ရင် ယဉ်ကျေးမှုနဲ့ စီးပွားရေး တိုးတက်တဲ့၊ တစ်ချိန်က နယ်ချဲ့မှုပြုလုပ်ခဲ့တဲ့ အနောက်တိုင်းက နိုင်ငံအများစုရဲ့ ဒီဇိုင်းတွေက အာရှအပါအဝင် ကမ္ဘာအနှံ့မှာ ပျံ့နှံ့တည်ရှိနေပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ အာရှတိုက်ဟာ အပင်အမျိုးအစားစုံလင်ကြွယ်ဝပြီး မျိုးစိတ်တွေလည်း များပြားလှပါတယ်။ ဒါပေမဲ့ အာရှဒေသက အပင်တွေရဲ့အလှကို ကောင်းကောင်းခံစားပြီး အသုံးချတတ်တဲ့သူတွေကတော့ အနောက်နိုင်ငံ ကြီးတွေက ဥယျာဉ်မှူးတွေ၊ အပင်မုဆိုးတွေက နှစ်ပေါင်းများစွာ စောနေခဲ့ပါတယ်။

Read more: ကမ္ဘာ့အနောက်ဘက် မြေယာရှုခင်းများ ထဲက အာရှမျိုးရင်း အပင်များ

Go to top