au531ee16139dc0

လေ့လာစူးစမ်းမှုတွေအရ အိမ်တွင်းစိုက်အပင်တွေဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးကာ ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးနိုင်ကြောင်း သိရပါ တယ်။ ဒါ့အပြင် မိုးရာသီမှာ လေထုကစိုစွတ်ထိုင်းမှိုင်းသလို နေရောင်ခြည်ရရှိမှုလည်းနည်းတာကြောင့်

လေထုသန့်ရှင်းဖို့လည်း ဒီအပင်တွေကပဲ ကူညီပြီး အဆိပ် အတောက်တွေကို စုပ်ယူကာ လေထုသန့်ရှင်း ပေးပါတယ်။

များသောအားဖြင့် အိမ်တွေမှာ Bengene, formaldehyde နဲ့ trichloroethylene ဆိုတဲ့ အဆိပ်အတောက် ၃ မျိုးရှိနေတတ်ပါတယ်။ ဒီအဆိပ် အတောက်တွေကို စုပ်ယူပေးနိုင်တဲ့ အပင်တွေများစွာရှိပေမဲ့ အချို့က အိမ်မွေးတိရစ္ဆာန်နဲ့ ကလေးတွေကို အန္တရာယ်ဖြစ်စေတာကြောင့် ....

(၁) စိတ်ဖိစီးမှုလျှော့ချပေးနိုင်ခြင်း
(၂) လေထုသန့်ရှင်းပေးနိုင်ခြင်း
(၃) ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်ကလေးတွေကို အန္တရာယ်မရှိနိုင်စေခြင်းဆိုတဲ့ ရလဒ်တွေပေးနိုင်တဲ့ အပင်လေးတွေကို စုစည်းဖော်ပြပေးရရင်တော့...

feng-shui-plants-for-harmony-and-positive-energy-in-the-living-room-32-180

Aloe Vera

သိပ္ပံနာမည်အားဖြင့် aloe barbadensis လို့အမည်ရတဲ့ ရှားစောင်းလက်ပက်ပင်ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဓာတ်စာအပင်အဖြစ် အသုံးဝင်ပါတယ်။ အသားအရေနဲ့ ဆံပင်အတွက်သာမက အနာကျက်စေတဲ့ အာနိသင်ရှိကာ သူ့ရဲ့ဂျယ်လီလိုအသားဟာ ဗီတာမင်၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်းနဲ့ အခြားအဟာရတွေများစွာပါဝင်နေပါတယ်။ သူဟာ အိမ်တွင်းမှာရှိတဲ့ ဓာတုအဆိပ်အတောက်တွေအနက် formaldehyde (အခန်းသန့်ဆေးနဲ့ ပိုးသေရန် သုံးတဲ့အပုပ်နိုင်ဆေး) တွေ လေထုထဲမှာရှိနေခဲ့ရင် ဖယ်ရှားပေးနိုင်ပါတယ်။ စိုက်ပျိုးရတာလွယ်ကူတဲ့ ရှားစောင်းကိုများသောအားဖြင့် ရေအိမ်နဲ့ အခန်းတံခါးပေါင်တွေ ပေါ်တင် စိုက်ကြပြီး ရေကောင်းကောင်းဝနေတဲ့ မြေဆွေးထည့်ပြီး ရှားစောင်းစိုက်ရုံပါပဲ။ နေရောင်ကိုအလွန်အမင်းကြိုက်ပေမဲ့ ပြင်းရှလွန်းတဲ့ အပူခံရတဲ့အခါမှာတော့ အရောင်စိမ်းဖျော့ပြီး သေသွားတတ်ပါတယ်။ ရေမကြာခဏလောင်း ပေးစရာမလိုဘဲ အများဆုံး တစ်ပတ်တစ်ကြိမ်လောက်ဆိုရပါပြီ။

indoor-plants-living-room-dekoideen-stylish-living-room-furniture

Areca Palm

အုန်းအမျိုးနွယ်ဝင်ဖြစ်ကာ ရုက္ခဗေဒအခေါ်အားဖြင့် Chrysalidocarpus လို့ အမည်ရပါတယ်။ လေထုသန့်ရှင်းပေးနိုင်တဲ့အပင်ဖြစ်ကာ အခန်းတွင်း၊ အိမ်တွင်းရှိ အဆိပ်အတောက်တွေကို စုပ်ယူကာ လေထုတွင်းကိုလည်း အစိုဓာတ်ပြန်ဖြည့်ပေးနိုင်ပါတယ်။ဒါကြောင့် ရုံးခန်းများနဲ့ အိမ်တွင်းမှာ အထူးသဖြင့် ဧည့်ခန်းနဲ့ လှေခါးအနီးတစ်ဝိုက်စိုက်ကြပြီး စိုက်ရလွယ်ကူသလို အထူးတလည် ဂရုစိုက်ပေးစရာလည်း မလိုပါဘူး။ ကလေးငယ်နဲ့ တိရစ္ဆာန်တွေအတွက် အဆိပ်လည်းမဖြစ်တာကြောင့် အထူးစိုက်ကြသလိုသူဟာ မြေဆွေးထည့်ပေးရုံလောက်ပဲလိုပါတယ်။ ပြီးသွားရင်တော့ နေရောင်များများရတဲ့ နေရာမှာထားလိုက်ရုံပါပဲ။

DRACAENA LEMON SURPRISE

Dracaena

နဂါးမအပင် (Female Dragon) အဖြစ် လူသိများပြီး သူ့မှာ မျိုးစိတ်တူပြီးအသွင်မတူတဲ့ပုံစံနဲ့ မျိုးနွယ်ဝင်ပေါင်း ၄ဝ ကျော်ရှိပါတယ်။ များသောအားဖြင့် အဝါနဲ့အနီဟာ လူကြိုက်များပြီး အခန်းတွင်းလေ ကိုသန့်ရှင်းစေပါတယ်။ ခွေးနဲ့ကြောင်တွေအတွက် စားမိရင် အဆိပ်ဖြစ်စေတာကြောင့် အိမ်တွေမှာ အစိုက်နည်းပြီး ရုံးတွင်းမှာပဲ စိုက်ကြပါတယ်။ အဆိပ်အတောက်တွေဖြစ်တဲ့ Bengene, Xylene, trichloroethylene နဲ့ Formaldehyde တို့ကို ဖယ်ရှားပေးနိုင်ပါတယ်။

baby

Baby Rubber Plant

Pepper Face (သို့) သဖန်းရွက်နဲ့တူတဲ့ အတွက် Ficus Robusta လို့ခေါ်ကြပါတယ်။ အခန်းတွင်း လေသန့်ပေးနိုင်စွမ်း မြင့်မားသလို အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးကာ အဆိပ်အတောက်မှန်သမျှ အကုန်စုပ်ယူပါတယ်။ သူဟာ နေရောင်တိုက်ရိုက်မလိုဘဲ မှန်တွေက တစ်ဆင့်လာတဲ့ အလင်းလောက်နဲ့ ကောင်းကောင်း ရှင်သန်နိုင်ပါတယ်။ မြေဆွေးအထူးလိုအပ်ပြီး မကြာခဏတော့ ရေလောင်းပေးရပါမယ်။

bamboo-palm

Bamboo Palm

ဝါးနဲ့ထန်းပေါင်းထားတဲ့ ဝါးထန်းပင်ကို Bamboo Palm (သို့မဟုတ်) Reed Palm လို့ခေါ်ပါတယ်။ NASA ရဲ့ လေ့လာစူးစမ်းမှုအရ သူဟာ ဓာတုအဆိပ် အတောက်တွေဖြစ်တဲ့ ormaldehyde, Bengene နဲ့ trichloroethylene တို့ကို တားဆီးပေးနိုင်သလို အခန်းတွင်း လေထုသန့်စင်စက်တစ်လုံးရဲ့ လုပ်ဆောင်ရည်အားလုံး သူ့မှာရှိပါတယ်။ အလင်းရောင်ကြိုက်ပေမဲ့ နေရောင်တိုက်ရိုက်ထိတာမျိုးတော့ မလိုပါဘူး။ ဒါ့အပြင် သူဟာ မြေဆွေးကို ရေအမြဲစိုနေအောင်ထားပေးဖို့ မလိုအပ်ပါဘူး။ အမြင့် ပေအားဖြင့် ၄ ပေကနေ ၁၂ ပေအထိမြင့်နိုင်ပါတယ်။

avasflowers-peace-lily-plant max

Peace Lily

အပင်ပုမျိုးဖြစ်ကာ ပိန်းပန်းနဲ့ဆင်တူပြီး မြန်မာ အခေါ်အားဖြင့် ရှင်သီဝလိဂမုန်းလို့ အမည်တွင်ပါတယ်။ အပင်ပုမျိုးဖြစ်ပေမဲ့ လေသန့်ဝင်အား မြင့်မားလှ ပါတယ်။ ဓာတုအဆိပ်အတောက်တွေဖြစ်တဲ့ Bengene, ammonia, formaldehyde နဲ့ richloroethylene တို့ကို ဖယ်ရှားပေးနိုင်သလို မီးဖိုချောင်၊ ရေချိုးခန်းနဲ့ အဝတ်ထားခန်းတွေအတွင်းမှာ ပျံ့နှံ့နေတဲ့ မှိုတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။စိုက်ပျိုးရလွယ်ပြီး နေရောင်သိပ်မကြိုက်တာကြောင့် အခန်းတွင်းမှာ ထားလို့ရပါတယ်။ နွေရာသီမှာ ရေလောင်းပေးဖို့ပဲ အထူးလိုကာ ပုံမှန်အားဖြင့်တော့ တစ်ပတ်မှာတစ်ကြိမ်ပဲ ရေလောင်းရင် အဆင်ပြေပါ ပြီ။ နွေရာသီမှာအပွင့်ပွင့်ပြီး အကယ်၍ ကိုယ်က အဲဒီ ပန်းနံ့ကိုမကြိုက်ရင် အိမ်အပြင်ဘက် အရိပ်ကောင်းတဲ့ နေရာမှာ ရွှေ့ထားပါ။ သူရဲ့အရွက်ဟာ လူနဲ့ တိရစ္ဆာန်တွေကို နည်းနည်းအဆိပ်အတောက်ဖြစ်စေတာကြောင့် စားမိရင် အသားမှာ ပူစပ်ပူလောင်ဖြစ်မယ်။ ပျို့အန်လာချင်မယ်ဆိုရင်တော့ ဆေးခန်းသွားဖို့ လိုလာပါပြီ။

gerbera-daisy-houseplant

Berbera Daisy

Berbera Daisy အဖြစ် မျိုးစိတ်အားဖြင့်သိကြကာ အရောင်စုံတဲ့အတွက် မျက်စိပသာဒလည်း ဖြစ်ပါတယ်။ NASA ရဲ့ အဆိုအရကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း Bengene ကို ဖယ်ရှားကာ အခန်းတွင်း လေကိုသန့်စင်စေပါတယ်။ ညအချိန် အိမ်အတွင်းက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူကာ အောက်ဆီ ဂျင်ကို ထုတ်လွှတ်ပေးတဲ့အတွက် ကောင်းမွန်စွာ အိပ်ပျော်စေတဲ့ အာနိသင်ရှိပါတယ်။ စိုက်ရလွယ်ကူပေမဲ့ တောက်ပတဲ့ နေရောင် အထူးကြိုက်တာကြောင့် နေရောင်တိုက်ရိုက်ရတဲ့ နေရာမှာစိုက်ပါ။

feng-shui-plants-for-harmony-and-positive-energy-in-the-living-room-28-180

Moth Orchid

ကျန်းမာရေးအထူးအကျိုးပြု အိမ်တွင်းစိုက်ပင်ဖြစ်ကာ အိမ်တွင်းရှိ သစ်သားပရိဘောဂနဲ့ ကော်အစရှိတဲ့ ပစ္စည်းတွေမှာပါတဲ့ fromaldehyde ကို စုပ်ယူ ပစ်ပါတယ်။ မြေဆွေးမှာ အစိုဓာတ်အပြည့်ရှိဖို့၊ အလင်းရောင်များများရဖို့ အထူးလိုကာ သူဟာ ရာသီဥတုပူချိန်မှာ နေရောင်ပြင်းပြင်းထိရင် သေတတ်ပါတယ်။

img 1043

Garden Mu

ဂန္ဓမာအပင်သေးမျိုးဖြစ်ကာ လေထုသန့်စင် နိုင်စွမ်း မြင့်မားပါတယ်။ ဈေးမကြီးတဲ့အပြင် စိုက်ရလွယ်ပါတယ်။ အပွင့်အဆုပ်တွေနဲ့ လှပလွန်းသလို ဓာတုအဆိပ်အတောက်မှန်သမျှ အကုန်စုပ်ယူပစ်ပါတယ်။ အပင်ကိုရေများများလောင်းပြီး နေရောင်များများထိပေးရင် အထူးအဆင်ပြေလှပါတယ်။ Indoor Plant သာမက အပြင်ဘက်မှာလည်း စိုက်လို့ရပါ တယ်။ စိုက်ပျိုးရေးပိုင်းမှာ အထူးလိုအပ်တာတွေက...

(၁) လေထုသန့်စင်ပေးတဲ့ အပင်တွေရဲ့ အထူး အာနိသင်အပြည့်ရချင်ရင် အိုးကို အထူးဂရုစိုက်ပြီး size ရွေးပါ။ စတုရန်းပေတစ်ရာအတွင်း လေထုသန့်
စင်နှုန်းအပြည့်ရဖို့ အိုးအရွယ်အစားက ၁ဝ-၁၂ လက်မအရွယ်ရှိရပါမယ်။
(၂) နေရောင်ဝင်တဲ့ နေရာမျိုးမှာ စိုက်ပေးပါ။
(၃) ရေပမာဏ ဘယ်လောက်လိုအပ်သလဲကို အထူးဂရုပြုပေးပါ။ အထူးသဖြင့် အိမ်တွင်းစိုက် လေထုသန့်စင်အပင်တွေဟာ မိုးရေအထူးကြိုက်ပါတယ်။
(၄) အရွက်တွေကို အဝတ်စိုလေးနဲ့ မကြာခဏ သုတ်ပေးပါ။ ဒါမှ အဆိပ်အတောက် စုပ်ယူနိုင်စွမ်းပိုမြင့်မားလာမှာ ဖြစ်ပါတယ်။
(၅) ဓာတ်မြေသြဇာ လုံးဝမသုံးပါနဲ့။ မြေဆွေးကိုပဲ သုံးသင့်သလို လက်ဖက်ခြောက် (အကြမ်း၊ အချို) နှစ်မျိုးစလုံးကို မြေဆွေးနဲ့ရောပြီး သုံးပေးပါ။
(၆) ဖော်ပြပေးခဲ့တာအားလုံးက လေထုသန့်စင် ပေးသလို စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တာကြောင့် အိပ်မပျော်တဲ့ ရောဂါရှိရင် အိပ်ခန်းတွင်းမှာ
ထည့်စိုက်ပေးပါ။ ဒါဆိုရင်တော့ မိုးရေတွေကြောင့် အပြင်မထွက် ဖြစ်ရင်တောင် အိမ်တွင်းမှာပဲ ဥယျာဉ်တစ်ခုဖန်တီးလို့ ရပါပြီနော်။

Anada

Go to top