Orchid1

Anada

တကယ်လို့ မေ့အိမ်ကို သစ်ခွပင်ရောင်စုံနဲ့ အလှခြယ်ဖို့ စိတ်ကူးရှိနေပါသလား။ သစ်ခွဆိုတာ ပန်းမန်တို့အနက် အလှဆုံးပန်းတစ်မျိုးလို့ တင်စားခေါ်ဝေါ် ကြပါတယ်။ မျိုးစိတ်ပေါင်းများစွာ ရွေးချယ်စရာအဖြစ် ရှိနေသလို Indoor ရော၊ Outdoor ပါ စိုက်ပျိုးလို့ ရတာက သူ့ရဲ့အားသာချက်ပဲ ဖြစ်ပါတယ်။  သစ်ခွစိုက်တဲ့ အခါ ပြုစုပေးရတာက ညွှန်ကြား ချက်တွေရှိနေတာကြောင့် ကိုယ်ဝယ်ထားတဲ့ ပန်းခြံ (သို့) သစ်ခွခြံကနေ ပြုစုနည်းတွေကို အသေအချာ မေးမြန်းလာပါ။ သစ်ခွနဲ့ပတ်သက်ပြီး စာအုပ်တွေကော၊ လေ့ လာစရာ website တွေကော ရှိနေတာမို့ ပြုစုနည်း ကို အလွယ်တကူတော့ ရနိုင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရမှာကို အချိန်မအားသေးဘူးဆိုရင် သစ်ခွနဲ့ ပတ်သက်ပြီး အခြေခံဂရုစိုက်ရမယ့်ကိစ္စလေးတွေကို အခုလို စုစည်းပေးလိုက်ပါတယ်နော်။

 

Orchid-Plant49

အမျိုးအစား ရွေးချယ်မှု
    မျိုးစိတ်ပေါင်းများစွာ ကွဲလွဲနေသလို ပြုစုပုံတွေ လည်း မတူညီတဲ့ သစ်ခွကို အခုမှစပြီး စိုက်သူဆိုရင် လွယ်လွယ်ကူကူ ရှင်သန်နိုင်သလို ဂရုစိုက်မှုလည်း သိပ်ပေးစရာမလိုတဲ့ Paphiopedilum နဲ့ JY Cattleya တို့ကို ရွေးပါ။

ပန်းပွင့်ချိန်ဝယ်ပါ
    အခြေခံအားဖြင့် အစေ့ကနေ ပန်းပွင့်ဖို့ ၅ နှစ် ကျော်ကြာပါတယ်။ ဒါတောင် အစေ့ကနေ အပင် အရွယ်အဆင့်လိုက် ဂရုစိုက်မှုတွေပေးဖို့ အထူးလိုပါ တယ်။ အပင်တွေ ဝေဝေဆာဆာနဲ့ စိမ်းလန်းဖို့   Green House  လည်း လိုပါတယ်။ ဒီလိုကရိကထတွေ မခံ ချင်ရင် ခြံတွေမှာ ပန်းပွင့်နေတဲ့ အချိန်ရွေးဝယ်ပါ။

Orchid3          Orchid2

အိုးထဲမှာ ထည့်ရမှာက
    သစ်ခွဆိုတာ တခြားပန်းမန်တွေလို မြေသြဇာ နဲ့ မြေကြီးအရမ်းမလိုတဲ့ အပင်တစ်မျိုးပါ။ အမြစ်တွေ အထူးလိုအပ်တာက လေဖြစ်တာကြောင့် အိုးထဲမှာ အုန်းခွံ၊ အသီးခွံနဲ့ မီးသွေးတို့ ထည့်ပေးဖို့ လိုပါတယ်။

အိုးရွေးချယ်မှု
    အိုးထဲထည့်ရမယ့် ပစ္စည်းတွေရောမွှေပြီးရင် အိုးကိုရွေးရပါမယ်။ သစ်ခွတွေဟာ တင်းတင်းကျပ် ကျပ်နဲ့  ခြင်းလိုအလားသဏ္ဌာန်တူတဲ့ အိုးပုံစံမှသာ အမြစ်တွေ အထပ်ထပ်နဲ့ သိပ်သည်းတဲ့ ပုံစံဖြစ်နိုင်ပါ တယ်။ မြေ၊ ပလတ်စတစ်နဲ့ သစ်သားစတဲ့ အမျိုးအစား က အရေးမကြီးဘဲ အတွင်းနက်ပြီး ဘေးကျပ်တဲ့ ဒုရှည်ပုံစံဖြစ်ဖို့က အဓိကပါ။
အပူချိန်
    သစ်ခွပင်က  အပူပိုင်းဒေသက အပင်တစ်မျိုးပါ။ ဒါကြောင့် ပုံမှန်အပူချိန် ၆၅ ဒီဂရီဖာရင်ဟိုက်နဲ့ ၇၅ ဒီဂရီဖာရင်ဟိုက်ကြား ရရှိဖို့လိုပါတယ်။ ညနဲ့ နေ့အပူ ချိန်ကွာဟချက် ၂ဝ ဒီဂရီလောက်ပဲ ခြားပါတယ်။ ပုံမှန် ပန်းပွင့်နေစေချင်တယ်။ အရွက်နဲ့ ဥတွေစိမ်းလန်းစေ ချင်ရင်တော့  Green House နဲ့ စိုက်ပါ။

အလင်းရောင်
     ပြင်းရှတဲ့ နေရောင်တိုက်ရိုက်ထိခြင်းက အရွက် တွေလောင်သွားစေသလို လုံလောက်တဲ့ အလင်း ရောင်မရပြန်ရင်လည်း အပွင့်ပွင့်ဖို့က ခဲယဉ်းပါတယ်။ ဒါကြောင့် တိုက်ခန်းဖြစ်ခဲ့ရင် ပြတင်းပေါင်ပေါ်စိုက်ပြီး လိုက်ကာကာထားပါ။ ဝရန်တာမှာတင် ထားရင် နေကာ အစိမ်းဖတ်တွေနဲ့ ကာထားပါ။ ဒါဆိုရင်တော့ အလင်း ရောင်လည်း ပုံမှန်ရပြီး အပင်တွေလည်း နေရောင် ကြောင့် အရွက်တွေ မလောင်တော့ပါဘူး။

လိုအပ်တဲ့ ရေပမာဏ
       သစ်ခွတွေဟာ ရေပမာဏဘယ်လောက်လို အပ်မှု ရှိသလဲဆိုတာ အမျိုးအစားကွဲသွားတာနဲ့ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်စိုက်တဲ့ အမျိုး  အစားဟာ ရေဘယ်လောက် လိုအပ်မှုရှိသလဲ အတိ အကျသိနိုင်မှသာ ရေလောင်းများပြီး အမြစ်ပုပ်တဲ့ ပြဿနာတွေ မတွေ့ရမှာပါ။
           ဗန်ဒါသစ်ခွမျိုးတွေ၊ Asocenda မျိုးတွေဟာ ခြောက်သွေ့ မှုကို ကြိုက်ပြီး  Miltonia, Brassia    နဲ့ Oncidium   တွေကတော့ အမြစ်မှာ အစိုဓာတ်ရှိနေ မှသာ အဆင်ပြေနိုင်မှာပါ။
ဓာတ်မြေသြဇာကျွေးပါ။
    မွေးရလွယ်ပြီး လူတိုင်းစိုက်တဲ့ အမျိုးအစား မဟုတ်တဲ့ သစ်ခွတွေစိုက်ပြီဆိုရင် မှန်ကန်တဲ့ အမျိုး အစားဓာတ်မြေသြဇာကိုပါ တစ်ခါတည်း ဝယ်ပါ။ အခြေခံအားဖြင့် တစ်လမှာတစ်ကြိမ် ဓာတ်မြေသြဇာ ကျွေးပေးပါ။ ဓာတ်မြေသြဇာထုပ်မှာ ပါတဲ့ အညွှန်းကို ဖတ်ပြီးလိုအပ်တဲ့ ပမာဏရောက်အောင် ဖြည်းဖြည်း ချင်းလောင်းပေးပါ။

 

 

Orchid5

အိုးပြန်လဲရမယ့်အချိန်
         သစ်ခွကို ပန်းပွင့်ချိန်ဝယ်လာပြီးနောက် ကိုယ့် အိမ်ရောက်လာချိန်မှစကာ ၂ နှစ်အတွင်း ပန်းလုံးဝ မပွင့်ရင် အိုးကို ပြန်လဲရပါမယ်။ သေနေတဲ့ အမြစ် တွေကို ဖယ်ထုတ်ပြီး အိုးအသစ်ထဲထည့်စိုက်ပါ။အပေါ်ကနေ ရေဝအောင် စိမ်ထားတဲ့ အုန်းဆံခွံကိုထည့်ပြီး အုံပေး ပါ။ ဒီအတိုင်း တစ်ပတ်တိတိထားပြီးမှ ပုံမှန်ရေ လောင်းခြင်းကို ပြန်စတင်ပါ။

 

ပိုးမွှားအန္တရာယ်
         အပင်စိုက်တဲ့အခါ ကြုံရတဲ့ အကြီးမားဆုံး ပြဿနာပါ။ သစ်ခွတွေမှာလည်း ခရု၊ ဖြုတ်စိမ်း၊ ပျပိုး၊  Mealybugs ခေါ် ပိုးကောင်သေးသေးလေးတွေ ဟာ အရွက်တွေကို ဝါးကာ ပင်စည်ကို တိုက်ခိုက်ပါတယ်။ ဒီလိုအကောင်တွေကိုက်အထားတဲ့အခါ အရွက်နဲ့ အမြစ်တွေမှာ အမည်းရောင် အစက်အပြောက်တွေ ပေါ်လာပါတော့တယ်။ ဒါဆိုရင် နှောင့်နှေးခြင်းမရှိဘဲ နီးစပ်ရာ ဥယျာဉ်ခြံက ဥယျာဉ်မှူးဆီမှာ ပိုးမွှားသတ် ဆေး (သို့) ထိန်းချုပ်နည်းကို တောင်းဖို့ လိုပါတယ်။

Orchid7
    ဒါဆိုရင်တော့ သစ်ခွတွေကို စိတ်တိုင်းကျစိုက် လို့ရပြီပေါ့နော်။ အခြေခံအချက်ကလေးတွေကို ဖော် ပြပေးထားတာဖြစ်တာကြောင့် သစ်ခွစတင် စိုက်ပျိုး ချင်သူတွေအတွက် အဆင်ပြေမှာပါ။ သစ်ခွစိုက်တာ ဝါရင့်နေသူတွေကတော့ ပြုစုစောင့်ရှောက်နည်းတွေ ကို စာအုပ်တွေ၊ ဝက်ဘ်ဆိုက်တွေမှာ ထပ်မံလေ့လာ ဖို့ လိုပါမယ်နော်။
Anada

Go to top