garden1

ပျော်ရွှင်ဖို့၊ သာယာဖို့ အပင်တွေ စိုက်ပါဆိုလို့ ဆိုရင် မြေယာရှိတဲ့ သူတွေ၊ ခြံကျယ်ကျယ်မှာနေတဲ့ သူတွေအတွက် ဘာမှ ခဲယဉ်းလှတဲ့ ကိစ္စမဟုတ်ပေမဲ့ ရိုးရိုးတိုက်ခန်းတွေ၊ ကွန်ဒိုတိုက် ခန်းတွေမှာနေ တဲ့သူတွေ ဒါမှမဟုတ်မြေကြီး အလွတ်သိပ် မရှိတဲ့ အိမ်မှာ နေတဲ့သူတွေ အဖို့တော့ အပင်စိုက်ရတာ ပြဿနာ တစ်ခုပါပဲ။ ဒါပေမဲ့ မပူပါနဲ့ လိုအပ်ချက်လေးတွေ၊ လိုအပ် တာလေးတွေကို မှတ်သားပြီး ကိုယ်တတ်နိုင်တဲ့ ဝန်တာနဲ့ စရိတ်ကို လိုက်ပြီးနေရာ ကျဉ်းကျဉ်းမှာ အပင်စိုက်လို့ ရတဲ့ ပန်းပင်လေးတွေ ထားလို့ရတဲ့ နည်းတွေရှိပါတယ်။ အဲဒီလို စိတ်ကူးကောင်းလေးတွေ ရချင်ရင်တော့ အောက်မှာဖော်ပြ ထားတဲ့အချက်လေး တွေကို ဖတ်ပြီး နမူနာပုံလေးတွေ ကိုလေ့လာကြည့်လိုက် ပါ။ ရရှိလာမယ့် စိတ်ကူးလေးတွေနဲ့ ကိုယ်နေထိုင်ရာ ကိုယ့်အိမ် ကမ္ဘာလေးကို စိမ်းလန်းအောင်၊ လှပအောင်၊ သက်ဝင်အောင် ဖန်တီးကြည့် လိုက်ကြ ရအောင်နော် ။ဘာ့ကြောင့် လိုအပ်လဲနေ့ စဉ်အလုပ်များ လှတဲ့ဘဝမှာ ရှုခင်းတွေဆီ သွားမကြည့်နိုင်လောက်အောင် အလုပ်များနေတတ် ပါတယ်။ သင့်အိမ်ရဲ့ တည်နေရာနဲ့ အနေအထားကြောင့် လည်း ဒါတွေကို မထိတွေ့နိုင်တာဖြစ်နိုင် ပါတယ်။ ဒါ့ကြောင့်အပင် တုတွေလိုတန်ဆာ ဆင်ရုံသက်သက် မဟုတ်ဘဲ အစိမ်းရောင်မြင် ကွင်းစစ်စစ် ကိုပေးနိုင်၊ လန်းဆန်းတဲ့ ခံစားမှုကို ပေးနိုင်လို့ပါ။

 

garden2

အပင်ဘယ်လိုရွေးချယ်မလဲ
သိပ်ကြီးထွား မလွယ်လှတဲ့ အပင်ကိုရွေးပါ။ အထူးသဖြင့် စားပွဲပေါ်တင်တဲ့ နံရံတွေမှာ အလှဆင်မယ့်၊ တွဲလျောင်း ဆွဲချမယ့် အပင်မျိုးတွေ ကိုအပင်သေးသေး လေးတွေရွေးပါ။ နေပြပေးဖို့ သိပ်မအား လပ်ဘူးဆို ရင်၊အပင် လဲလှယ်မှု မလုပ်နိုင်ဘူးဆိုရင် ရေထည့်ထားရုံနဲ့ ရတဲ့ ရွှေလာ၊ ငွေလာ ဂမုန်းပင်သေးသေးလေးတွေ ကိုစားပွဲပေါ်မှာ သုံးလို့ရပါတယ်။ အိမ်အဝင် ဘယ်ညာထောင့် တွေ၊ ဧည့်ခန်းထောင့်တွေ ဆိုရင်တော့ အလတ်စား အပင်တွေ ကိုရွေးချယ်နိုင် ပါတယ်။ ဒါပေမဲ့သင်ဟာ အပင်လဲလှယ် မှုလုပ်ဖို့ မအားဘူး ၊နေပြရုံလောက်တော့ တတ်နိုင်တယ်၊ အခန်းကိုနေရောင် ဝင်တယ်ဆိုရင်တော့ မဟူရာ၊ ကြိမ်စပ်၊ ဒန့်ဒကူး၊ မြက်ကြားနဲ့   ဂမုန်းပင်မျိုးစုံကိုရွေး ချယ်စိုက်နိုင် ပါတယ်။ ဝရန်တာကျယ် ရင်တော့ ရွက်လှနဲ့ စက္ကူပင်တို့၊ ယိုးဒယားဇွန်ပန်းပင်၊ ယုဇန စတဲ့ ရွေးချယ်စရာတွေ လည်းအများကြီး ပါပဲ။ ရှားစောင်းနဲ့ အဲဒီအနွယ် အပင်တွေ ကိုတော့ နေရောင်ရ တဲ့နေရာ အတွက် ပဲရွေးချယ်ပါ။

garden3

သတိထားသင့်တာတွေကဘာလဲ
မြေကြီးပေါ်မှာ စိုက်တာမဟုတ်လို့ မြေကြီးမှာ စိုက်တဲ့ အပင်လောက် သင်လျစ်လျူရှုထားလို့မရပါ ဘူး။ ဒါ့ကြောင့် နေရောင်ပြပေးနိုင်၊ ရေလောင်းပေးနိုင်၊ ဖုန် သုတ်ပေးနိုင် စတာတွေ လုပ်နိုင်တဲ့အတိုင်း အတာ ပေါ်မူတည်ပြီးပဲ စိုက်ပါ။ အိမ်ထဲမှာထားတဲ့ နည်းနည်း ကြီးတဲ့အပင် အိုးတွေကိုတော့ ဖလှယ်စရာ အပင်ရှိ တာက ပိုအဆင်ပြေပါတယ်။ ဥပမာ ကြိမ်စပ်ပင် ၂ အိုး ရှိရင် တစ်အိုးကို ဝရန်တာမှာထားပါ။ ကျန်တစ်အိုး ကိုအိမ်ထဲမှာထားပါ။ အိမ်ထဲကအိုးကို တစ်လကြာရင် အပြင်ထုတ်ပေးပြီး အပြင်ကအိုးကို အထဲရွှေ့ပါ။ မြေကြီး နဲ့ သဲတွေကြမ်းပေါ်မကျအောင် မြေကို အိုးအပြည့် မထည့်ပါ နဲ့။ ရေကို ချိန်ဆလောင်းပါ။ အပေါက်ပါတဲ့ အိုးဆိုရင် အိုးကိုခွက်ခံပြီး မှထားပါ။ အပင်ခြေရင်း အိုးပတ် ပတ်လည်မှာ ကျောက်ခဲလေးတွေ လိုက်ဖြန့်ပြီး မြေကြီး ကိုဖုံးထားပါ။ အိပ်ခန်းလိုနေရာမျိုး ညဘက် လူရှိမယ့် နေရာတွေမှာ လေဝင်လေထွက် မရှိဘဲ အလုံပိတ်အခန်း ဆိုရင်တော့ အပင်တွေသိပ် မစိုက်မိ ပါစေနဲ့။

garden4

ကိုယ်တိုင်လုပ်ဖို့ဖြစ်နိုင်လား
သင်ပျော်ရွှင်ဖို့ အတွက် ကိုယ်တိုင် လုပ်ခြင်းက အပင်လေးတွေ ကျိန်းသေ စိုက်ဖို့ဖြစ်နိုင်ပါတယ်။ တခြားလူ ကိုလည်း ညွှန်ကြား လုပ်ခိုင်းနိုင်ပါတယ်။

စိတ်ကူးလှလှရဖို့လေ့လာစရာ

၁   -   နေရာတွေတစ်ပုံ တစ်ပင်မ လိုဘဲ မိမိဧည့်ခန်းလေး ကို ဒီလိုမျိုး အပင်သေးသေး မွှားမွှားလေးတွေနဲ့ အလှ ဆင်လို့ရပါတယ်။

၂  - တိုက်ခန်းတွေ မှာရော၊ စိုက်စရာနေရာ ကျယ် မရှိတဲ့သူတွေမှာပါ ဒီလိုသံကြိုး နဲ့ဆိုင်းပြီး ဝါးခြမ်းထဲမှာ ထည့်စိုက်လို့ရပါတယ်။ ပိုလှချင်ရင် ဝါးရဲ့ အပြင်ဘက် မျက်နှာပြင်ကို ပုံမှာလို ဆေးသုတ်နိုင်ပါတယ်။

၃  - အပင်လေးတွေ နဲ့စိမ်းလန်းနေတဲ့ ဒီဧည့်ခန်း လေးရဲ့အလှကိုခံစားကြည့်ပါဦး။

၎  -  ကျဉ်းလှတဲ့နေရာ တစ်ခုမှာ နေရာကိုစိတ်ကူး လှလှနဲ့ ကဗျာဆန်ဆန် အသုံးချတတ် မှုမှာ ပြီးပြည့်စုံ သွားစေတဲ့ အိမ်တွင်းက နဂါးစက်ပင် အိုးလေး။

၅ - နေရာကျဉ်းကျဉ်းမှာ သီးသီးသန့်သန့် ဘာနဲ့မှ မကပ်အောင် အပင်လေးတွေ ထားချင်ရင် ထောင့်ချိုး လေးတွေကို ဒီလို အပင်စိုက်လို့ရပါတယ်။


ဇင်မြင့်စံ

Go to top