home-garden

သင့်မှာ မြေနေရာအများကြီးရှိမှ သစ်ပင်၊ ပန်းပင်လေးတွေကို စိုက်ပျိုးနိုင် မယ်ဆိုတာ မဟုတ်ဘူးလို့ သင်သိထားရပါမယ်။ သင်ဟာ ဥယျာဉ်ကြီးတစ်ခုကို မပိုင်ဆိုင်နိုင်ရင်တောင်မှ သင့်အိမ်တွင်း မှာပဲဥယျာဉ် ငယ်လေးတစ်ခုကို ဖန်တီး တည်ဆောက်လို့ရပါတယ်။ ဒါကြောင့် သင်ဖန်တီးရာမှာ အထောက်အပံ့ဖြစ်စေမယ့် indoor plant အခင်းအကျင်းလေးတွေကို တင်ဆက် ပေးလိုက်ပါတယ်။

 

home-garden-1home-garden-2home-garden3

သင့်မီးဖိုချောင်မှာ အသုံးတည့်နိုင်မယ့် ဆေးဖက် ဝင် အပင်လေးတွေကို ပန်းခြံထဲမှာ မဟုတ်ဘဲ သင့် မီးဖိုချောင်ရဲ့နံရံမှာ အခုလို စိုက်ပျိုးထားလို့ရပါတယ်။ ဒါဆိုရင်တော့ သင်ဟာ စားသောက်စရာတွေကို ချက် ပြုတ်ရင်းလိုအပ်လာပြီဆိုရင်တော့ သင့်ရဲ့ လက်တစ် ကမ်းအကွာမှာ လှမ်းယူခူးဆွတ်လို့ရနိုင်ပါတယ်။ သင့် အတွက် ပန်းခြံနေရာအကျယ်ကြီး မလိုပါဘူး။ နံရံပေါ် မှာ သစ်သားပုံးလေးတွေကို တန်းစီကပ် ရိုက်ပြီး စိုက်ပျိုးထားတာကြောင့် ဒီသစ်သားပုံးနေရာလေးက သေးငယ် ပေမဲ့ တန်ဖိုးရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ မီးဖိုချောင်လေးကိုလည်း မြို့ကြီးပြကြီးနဲ့ ကင်း ဝေးပြီး အေးချမ်းရိုးရှင်းတဲ့ အလှ မျိုးကို ဖြစ်ပေါ်စေပါတယ်။

ကိုယ့်ရဲ့ အိပ်ခန်းထဲမှာ အလှစိုက်သစ်ပင်၊ပျိုးပင် လေးတွေကို စိမ်းလန်းနေအောင် စိုက်ပျိုးထားရင်တော့ သင့်အိပ်ခန်းလေးဟာ စိမ်းလန်းအေးမြနေမှာပါ။ ဒါ့အပြင် သစ်ပင်လေးတွေ ဟာသဘာဝတရား ကပေး တဲ့ လေသန့်စက်တွေပဲ ဖြစ်ပါတယ်။ သစ်ပင်လေးတွေဟာ လေထုထဲမှာရှိတဲ့ ညစ်ညမ်းမှုတွေနဲ့ အဆိပ်အတောက် တွေကို သန့်စင်ဖယ်ရှားပေးပါတယ်။ အေးမြတဲ့ အရိပ် အာဝါသကိုနှစ်သက်သူတွေအတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

home-garden5home-garden6home-garden3

ဖန်ပုလင်း အလွတ်ကလေးတွေကလည်း fh indoor plant လုပ်ဖို့အတွက် အသုံးဝင်တယ်ဆိုတာ ဒီပုံက ပြသနေပါတယ်။ နံရံပေါ်မှာ ကပ်ရိုက်ထားတဲ့ သစ်သား ပြားပေါ်မှာ ဖန်ပုလင်းတွေကို သတ္တုကြိုးနဲ့ သေ ချာစွာ ပတ်သိုင်းထားတာဖြစ်ပါတယ်။ အသေအချာပြုလုပ်ဖို့ တော့ လိုအပ်ပါတယ်။ ဒီအပြင်အဆင်က သင့်အိမ် နံရံကို သဘာဝဆန်စေပါတယ်။

သင်တို့ လျစ်လျူရှုထားတတ်တဲ့ အိမ်ရဲ့ထောင့်ချိုး နေရာလေးတွေကို အသုံးပြုပြီး သင့်အိမ်တွင်းမှာပဲ သစ်ပင်၊ သစ်ရွက်လေးတွေ ဖားဖားဝေဝေနဲ့ စိမ်းလန်း စိုပြည်နေဖို့အတွက် ဖန်တီးလို့ရတယ်ဆိုတာကို အ ခုမြင်တွေ့ရတဲ့ ပုံလေးက သက်သေပြနေပါတယ်။ အဆင့်လေးတွေပါတဲ့ stand မှာ အရင်က ကုန်ပစ္စည်း ထည့်တဲ့ သစ်သားသေတ္တာအဟောင်းတွေကို ပြန် အသုံးပြုပြီး အပင်လေးတွေ စိုက်ပျိုးကြည့်ပါ။ ဍရင်ကောက် ပင်လိုမြန်မာနိုင်ငံမှာ အလေ့ကျပေါက်တဲ့ အပင်လေး တွေကလည်း သင့်အိမ်တွင်းကို လှပစေနိုင်ပါတယ်။ ဒါ့အပြင် အိမ်တွင်းမှာ အပင်လေးတွေရှိနေတဲ့ အတွက် သင် အသက်ရှူလိုက်တဲ့အခါ သန့်စင်တဲ့ လေထုရဲ့ အရသာကိုခံစားနိုင်မှာပါ။ ရိုးရှင်းအေးချမ်းတဲ့ သင့်အိမ် ရဲ့ အငွေ့အသက်ကိုလည်း သင် ခံစားနိုင်မှာဖြစ်ပါ တယ်။

home-garden8home-garden-9home-garden4

သင့်အိမ်ရဲ့ ရေချိုးခန်းအတွင်းမှာဆိုရင်တော့ ရေ ကြိုက်တဲ့ ရေညှိပင်၊ ဍရင်ကောက်ပင်ကဲ့သို့ အပင်တွေ ကို စိုက်ပျိုးထားလို့ရပါတယ်။ ဒီလိုဖန်တီးထားတဲ့ အတွက် သင့်ရေချိုးခန်းလေးဟာ သင့်ကိုယ်ပိုင် အိုအေ စစ်လေးသဖွယ် မျက်စိပသာဒဖြစ်နေမှာပါ။ ပူပြင်းတဲ့ရာသီဆိုရင်တော့ သင့်ရဲ့ ရေချိုးခန်းလေးဟာ စိမ်းလန်းနေတဲ့ အပင်လေးတွေကြောင့် အေးမြပြီး ကျေနပ်စရာအကောင်းဆုံး ပီတိကို ခံစားရရှိစေမှာဖြစ် ပါ တယ်။

home-garden-10home-garden11home-garden-12

သင့်အိမ်ရဲ့ နေရာအနည်းငယ်ကို သစ်ပင်လေး တွေအတွက် ပေးထားခြင်းက သင့်ရဲ့ ကျန်းမာရေး အတွက်သာမက ကိုယ်စိတ်နှစ်ပါးကို လန်းဆန်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဘယ်လိုအပင်မျိုး ကိုမဆိုသင့် အိမ်တွင်းကို ယူဆောင်စိုက်ပျိုးလို့ရပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ အလင်းရောင်ရရှိဖို့တော့ လိုအပ် ပါတယ်။ လုံလောက်တဲ့ နေရောင်ခြည်ကို ရရှိမှသာ အပင်တွေဟာ တာရှည်ရှင်သန်နိုင် မှာဖြစ်ပါတယ် ။အိမ် ခန်းတွေရဲ့ မြောက်ဘက်အခြမ်းဟာ တောင်ဘက်အခြမ်းထက် ပိုမိုအလင်းရောင် ရရှိပါတယ်။ ဒါကြောင့် ယေဘုယျအားဖြင့် အိမ်ခန်းတွေရဲ့ မြောက်ဘက်ခြမ်းဟာ Indoor Plant  ပြုလုပ်ဖို့ ပိုမိုကောင်း မွန်ပါ တယ်။နံရံရဲ့ အပေါ်ဘက်နေရာမှာ ထားမယ်ဆိုရင်တော့ ရှည်သွယ်သွယ်ပုံစံ အောက်ဘက်ကို သွယ်ဆင်းလာမယ့် အပင်အမျိုးအစားမျိုးကို စိုက်ပျိုးသင့်ပါတယ်။

Go to top