ပြင်သစ်နိုင်ငံ Lyon ဒေသမှာ လှပခံ့ညား ကျယ်ဝန်းတဲ့ နှင်းဆီမြို့ပြ ဥယျာဉ်ကြီး သုံးခုရှိတယ်။ပြင်သစ်လို dk Parc de la Tete d’Ór (France) လို့ ခေါ်ဝေါ်ကြပြီး အဓိပ္ပာယ်ကတော့ Golden Head Park (ရွှေရောင် ဦးခေါင်းတော်ကြီး ဥယျာဉ်) ပါတဲ့။ ဟိုရှေးက ခရစ်ယာန်နဲ့ အစ္စလာမ်တွေ ဘာသာရေးစစ်ပွဲ ဖြစ်ပွားနေစဉ် ခရူဆိတ်ဒါတွေက ခရစ်တော်ရဲ့ ဦးခေါင်းတော်ကို အဲဒီနေရာ သို့မဟုတ်  တစ်နေရာရာ မှာ မြှုပ်နှံခဲ့ကြတယ်လို့အဆို ရှိပါတယ်။ ဥယျာဉ်တွေရဲ့ အပြင်အဆင် အမွမ်းအမံတွေကိုတော့ ဟိုတုန်းက လူတွေ သတိမပြုခဲ့ ကြပေမဲ့ သမိုင်းရာဇဝင်ကတော့ ခုတိုင် ရှိနေတာပါ။ အခုဆိုရင် ကမ္ဘာမှာ နိုင်ငံတကာ ဥယျာဉ်ပြိုင်ပွဲတွေခေတ်စားလာနေတာ၁၇ ကြိမ်မြောက် နှင်းဆီဥယျာဉ် ပြိုင်ပွဲကို ပြင်သစ်က အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပပါလိမ့်မယ်။ ၂ဝ၁၅ မှာ လာရောက် ကြည့်ရှုလိုသူတွေကိုလည်း အကဲဖြတ်စေဖို့  ဖိတ်ကြားပါလိမ့်မယ်။TheWorld Rose Convention and Festival in 2015 ပွဲတော်ကို ကျင်းပမယ်လို့  ဂျာမနီနိုင်ငံမှာ ရုံးစိုက်တဲ့ Garden Kingdom Dessau-Woertitz အဖွဲ့ က ကြေညာထားပါတယ်။ ယူနက်စကို (UNESCO) World HertageSite  ကလည်း ၂ဝဝဝ ပြည့်နှစ်က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စစ်စစ်ဖြစ်ကြောင်း ကြေညာထားပါတယ်။ သမိုင်းရော ၊ ဒဏ္ဍာရီရော၊ ရုက္ခဗေဒ ပညာရပ်တွေရော စုပေါင်း ဆက်နွှယ်နေတဲ့ လက်ရာမွန်ဒီဇိုင်းတွေဖြစ်တာမို့  ထူးထွေတည့် အံ့ရာလို့ ဆိုရမှာပါ။ခု ကမ္ဘာတစ်ဝန်းမှာ ထင်ရှားကျော်ကြားဆဲ ဥယျာဉ်ကြီး ၁၃ ခုကို CNN က စာရင်းပြုစုထားတာကို  ဖလောရစ်က အခု ဝေမျှပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာထင်ရှား တဲ့ အံ့ဖွယ်ဥယျာဉ်တွေဖြစ်ပါတယ်။သူ့ အရည်အချင်းနဲ့ သူ လမ်းဆုံးထိ ခရီးဆက်ကြမယ့် ဥယျာဉ်ကြီးတွေကို အခုလို စာရင်းပြုထားတာ တွေ့ရတယ်။

pare-de-la-tete

 

Pare de la Tete d’Ór (Lyon, France)
ဒီဥယျာဉ်ကြီးကတော့ မြေနေရာ ၂၈၉ ဧကတောင် ကျယ်ဝန်းတဲ့ ရုက္ခဗေဒ ဥယျာဉ်ကြီး ဖြစ်ပါတယ်။ တန်ဖိုးများစွာထိုက်တဲ့ နာမည်ကျော် ကမ္ဘာ့နှင်းဆီ ပန်းခြံကြီးပါ။ နှင်းဆီမျိုးစိတ်ပေါင်း ၄၅ဝ ရှိပြီးတော့ နှင်းဆီ ရုံပေါင်းတစ်သောင်း ငါးထောင်ကို လှလှပပ ပြသထားပါတယ်။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နှင်းဆီ ပွဲတော်မှာ အသစ်အသစ် ဖြစ်ထွန်း မျိုးပွားထားတဲ့ နှင်းဆီတွေကိုလည်း ပြသဦးမှာ ဖြစ်ပါသတဲ့။

butchart

Butchart Gardens (British Columbia, Canada)
 ၁၉ဝ၄ ခုနှစ်က ဂျင်းနီပြောခဲ့ရာမှာ သူ့ခင်ပွန်းဘတ်ချာ့ထ်ဟာ  ထုံး ကျောက်တွေ ပြည့်သိပ်နေတဲ့ ကျောက်မိုင်း မြေကြီးတွေကို ပြုပြင် ပြီး ပန်းခြံလုပ်ဖို့  စိတ်ကူးခဲ့ကြတာပါ။ အစတော့စိတ်ဓာတ်တော်တော်  လေး ကျခဲ့တာပေါ့။ ဒါပေမဲ့  မဖြစ်မနေ လုပ်ချင်စိတ်က လွှမ်းမိုးနေလေတော့  ရအောင်လုပ်နိုင်ခဲ့တယ်။ကျောက် တွေ သိပ်များနေတော့ လုပ်ရတာ အားမရှိဘူးပေါ့။ဒါပေမဲ့ ခု ကြည့်ပါဦး။ ဒီလို ဖွင့်လှစ်ပြသနိုင် ခဲ့လို့ လူေ တွကိုဘယ်လောက် ဆွဲဆောင်နိုင်ခဲ့သလဲ ဆိုတာ ပြောပြ စရာမလိုတော့ပါဘူးတဲ့။ ရေကန်ကြီးကတင် လူတွေကို အရမ်းကာရော ဖြားယောင်းနေတာပါ။ ပန်းခြံနဲ့ ရေကန်ဟာ သိပ်ကိုမှ ပဏာရနေပါတယ်။ သစ် ရွက်တွေဆိုရင်အပင် တစ်ပင်မှာကို အရွက်တိုင်း အရွက်တိုင်း ရောင်စုံ ထင်ဟပ်နေတာမို့  သိပ်ကို လှပါတယ်တဲ့။ သူ့ပန်းခြံရဲ့ လိပ်စာက Butchart Gardens, 800 Benvenuto Avenue, Brentwood Bay, British Columbia,Canada  ဖြစ်ပါတယ်။

hershey-gardens

Hershey Gardens, Pennsylvania
 သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး ဟာရှေရဲ့ ပန်းခြံပါ။ ပန်ဆယ်ဗေးနီးယားက သူ့ ခြံမြေ နေရာ မှာ ပန်းခြံတည်ဆာက်ဖို့ သူက စိတ်အားထက်သန် ခဲ့ တာပါ။ လာရောက်လည်ပတ် ကြသူတွေ စိတ်ချမ်းသာပျော်ရွှင် စေဖို့ အတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ပါ။ ကလေးတွေအတွက် သီးသန့်ပန်းခြံရှိသလို လိပ်ပြာ နန်းတော် လို့ တင်စား ခေါ်ရတော့မလောက် အမေရိကန် လိပ်ပြာမျိုးပေါင်း များစွာ ကိုလည်း ဥကအစသက်ကြီး ရွယ်အို လိပ်ပြာအထိ မွေးမြူထားပါတယ်။၁၉၃၇ ခုနှစ် က တည်ဆောက်ခဲ့တာပါ။ နှင်းဆီတစ်ရုံတည်းမှာတင် အပွင့်ပေါင်း ၆ဝဝဝ ကျော်ရှိပြီး မျိုးစိတ်ပေါင်းက ၂၇၅ မျိုး ရှိနေ တာပါ ။လိပ်စာကတော့HersheyGardens 170 Hotel Road Hershey, Pennsylvania ဖြစ်ပါတယ်။

botanic

The Royal Botanic Gardens (Kew Gardens), Brentford Gate, London
 လန်ဒန်မြို့ အနောက်တောင်ပိုင်းမှာရှိတ Kew ပန်းခြံပါ။ တော်ဝင် ရုက္ခဗေဒဥယျာဉ်ဆိုလည်း မမှားဘူး ပေါ့။၂ဝဝ၃ ခုနှစ်က World Heritage Site မှာ စာရင်းဝင်သွားတယ်။ သိပ္ပံဆိုင်ရာ စမ်းသပ်လေ့လာခန်း နဲ့ကမ္ဘာ့အပူချိန် တိုင်းထွာရာစခန်း (The Temperate House) လည်း ဖြစ်ခဲ့တယ်။ ၁၉၇၅ခုနှစ်ကတည်းက ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနခန်းအဖြစ်လည်း လှူဒါန်းထားခဲ့တာပါ။

abbey

Abbey Garden island (Isles of Scilly UK)
 ယူကေ နိုင်ငံက စစ္စလီ ကျွန်းစုတွေထဲက ၂ မိုင်ခွဲ ရှည်ပြီး တစ်မိုင်ကျယ်တဲ့ ကျွန်းငယ်ကလေး ထရက်စကို ပေါ်မှာ ရှိပါတယ်။အဘေး ပန်းခြံကြီးပါ။ ဟိုအရင်ကတော့ဘုန်းတော်ကြီးတွေ နေထိုင် ခဲ့တဲ့ ကျောင်း ကြီးပေါ့။ခုအခါ အိုမင်း ဆွေးမြည့်နေတဲ့ အဆောက်အဦကို ပြုပြင်ပြီး ပန်းခြံလုပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း  အဘေးလို့ ခေါ်တွင်နေတာပါ။ ၁၈ဝဝ ပြည့်နှစ်က စလို့ အပူပိုင်းဒေသ ပန်းပင်ကြီးတွေ။ ဟမ်းစဖီးယားမြောက်ပိုင်း ဒေသက ဒေသန္တရတိရစ္ဆာန် အပါအဝင် မက္ကဆီကန် သဲကန္တာရက အရွက်ချွန်းပြီး  ပေါက်ကွဲစေတဲ့ အသီးပါ အပင်ကြီးတွေ သြစတြေးလျ ကွင်းစ်လဲန်ဒေသပေါက် လီလီ ပန်းပင်စ တာတွေကို ဆန်းပြားစွာစိုက်ပျိုးထားပါ တယ်။

monet-garden

Monet Garden (Giverny, France)
 နာမည်ကြီး တွေးခေါ် ပညာရှင် ပန်းချီဆရာကြီး ကလောဒစ် မိုနေး ကိုယ်တိုင် လက်ကုန် ဖန်တီး တီထွင် လိုက်တဲ့ ပန်းခြံပါ။၁၈၉ဝ ပြည့်နှစ်မှာ အိမ်ကြီးတစ်လုံး ဝယ်ယူပြီး စိတ်တိုင်းကျ ခြယ်မှုန်းခဲ့တယ်။ သူ့ရဲ့ အနုပညာလက်ရာတွေက သူ့ ရဲ့ ပန်းခြံမှာ ပြောင်မြောက်စွာဆန်းသစ် တည်ရှိနေတာပါ။ ဂျပန်စတိုင်ပြုပြင်ထားတဲ့ ဥယျာဉ် ဆိုလည်း မမှားပေဘူးပေါ့။ ခေါင်းလောင်းသဏ္ဌာန် လီလီ ပန်းတွေက ပန်းခြံအလှ ကို ထူးထူးခြားခြားပေါ်လွင် စေခဲ့တယ်။ လိပ်စာက Monet Garden, 84 Rue Claude Monet, Giverny, France ဖြစ်ပါ တယ်။

rose-to-comunale

Rose to Comunale (Rome)
Aventine တောင်ကုန်းခြေရင်းမှာ ဝပ်စင်း တည်ရှိနေတဲ့ ရောမမြို့က မြူနီစီပယ်ပိုင် နှင်းဆီ ခြံကြီး ပါ။ ၁၇ရာစုနှစ်လောက်က ဂျူးလူမျိုးတို့ ရဲ့ သင်္ချိုင်းပေါ့။ ဒါပေမဲ့ ၁၉၃၄ ခုနှစ်၊ အာဏာရှင် မူဆိုလူနီလက်ထက် မှာ သင်္ချိုင်းကို ဖြတ်လျက် လမ်းဖောက်လုပ်လိုက်အပြီး ဂျူးတို့ရဲ့ သင်္ချိုင်းကို မြို့တော်ရဲ့ အဓိကကျရာ သင်္ချိုင်း တစ်ခုမှာ ရွှေ့ ပြောင်းနေရာချထားစေပြီးနှင်းဆီ ဥယျာဉ် တစ်ခုအသွင် ဖန်တီးတည်ဆောက် ခဲ့တယ် ။ထော င်ပေါင်းများစွာသော ဂူတွေကတော့ ကျန်ရှိနေဆဲလို့ ဆိုပါ တယ်။၁၉၅ဝ ပြည့်နှစ်မှာ ဂျူးအသိုင်းအဝိုင်းရဲ့ သဘော တူညီချက်အရ ဖယောင်းတိုင် ကိုင်မြှောက်ထားတဲ့ ဟီဘရူး ရေမြေ့ရှင် ဘုရင့်ပုံတူ ကျောက် ရုပ် ကိုအမှတ်တရ ကျောက်တိုင်အဖြစ် အဲဒီ ဥယျာဉ်မှာ သွန်းထုခဲ့တယ်။Premio Rome နှင်းဆီ ဥယျာဉ် လို့ လည်း ခေါ်ပါတယ်။နှင်းဆီပြပွဲပြိုင်ပွဲမှာ လူထုကို ပြသသွားမှာဖြစ်တယ်။လိပ်စာကRoseto Comunale, Via di ValleMurcia, 6 (Aventine), Rome  ဖြစ်ပါတယ်။

garden-kingdom

Garden Kingdom Dessau Woerlitz (Dessu, Germany)
 ဂျာမနီနိုင်ငံက ပန်းခြံပါ။ အလယ်ခေတ် ၁၇၇၈ ခုနှစ်က Luisium Castle ရဲတိုက်ကို ပန်းခြံပြုလုပ် ထားတာမို့ လူစီယမ်ရဲတိုက် ပန်းဥယျာဉ်လို့ ခေါ်တွင်နေ တာဖြစ်ပါတယ်။ဘုရားသခင် က မင်းသား င်္France of AnhealthDessau အတွက် အိပ်မက်ဥယျာဉ် တစ်ခု ဖန်ဆင်းပေးခဲ့တာဖြစ် ပြီး မင်းသားက ဇနီးဖြစ်သူLouise အတွက် ပြန်လည် ပြုပြင် မွမ်းမံပေးခဲ့တာပါ။ UNISCO  အဖွဲ့က ခရစ်သက္ကရာဇ် ၂ဝဝဝ မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဖြစ် အသိအမှတ်ပြုခဲ့တယ်။ လိပ်စာက Garden Kingdom Dessau-Woerlitz, Kulturstiftung DessauWörlitz, Schloss Großkühnau Germany ဖြစ်ပါတယ်။

egeskov-castle

Egeskov Castle Garden (Funen, Denmark)
 ဒိန်းမတ်နိုင်ငံက Egeskov Castle ရဲတိုက် ဥယျာဉ်ပါ သက္ကရာဇ်ကို နောက်ကြောင်းပြန်တွက်ရင် ၁၅၅၇ လို့ ပြောရမှာဖြစ်တယ်။အလွန်လှပတဲ့ ရီနေဆင် ခေတ် စတိုင် ပုံစံယူတည်ဆောက်ထား တာ ဖြစ်တယ် ဟက်တာ၂ဝ ရှိတဲ့ မြေပေါ်မှာ တည်ဆောက်ထားတဲ့ ဥယျာဉ်ပါ။ နဂိုမူလ အရှိအတိုင်းကို ပြုပြင်ဖို့ မလိုတဲ့ ဥယျာဉ်ကြီးပါတဲ့။ ဥရောပ ပန်းခြံဆု(European Garden Award ) ကို ၂ဝ၁၂ မှာ ရယူထားပါ တယ်။ လိပ်စာက EgeskovCastle, Egeskov Gade 18, 5772 Kværndrup, Denmark  ဖြစ်တယ်။

peterhof

Peterhof Palace Garden (St. Petersburg, Russia)
ရုရှားနိုင်ငံ၊ စိန့်ပီတာ စဘတ်ဂ်မြို့က ပန်းခြံပါ။ ရောင်စုံပန်းအလှတွေနဲ့ ကျက်သရေရှိလှတဲ့ နေရာ ထိုင်ခင်းတစ်ခုပါပဲ၊ ရေပန်းတွေ ရှိတယ်။ ရေကန်နဲ့ တခြားသဘာဝအလှအပစုဝေးရာ ဌာန ကြီးပါပဲ။ ၁၇၇၅ ခုနှစ်က Peterthe Great ဘုရင်ကြီးရဲ့ အမိန့်နဲ့ Peterhof Palace ကို တည်ဆောက်ခဲ့တာပါ။ခုတော့ ဗာဆေးလ်မြို့က ခေတ်အမီဆုံး ပုံစံတွေယူပြီး ပြုပြင် ဖန်တီးခဲ့တယ်။ သမားရိုးကျ ပုံစံဆိုလည်း မမှားပါဘူး။ သူ့ လိပ်စာကတော့Peterhof Palace, 2 Razvodnaya Ulitsa, Peterhof, St. Petersburg, Russia ဖြစ်ပါသတဲ့။

david-austin-rose

David Austin Rose Gardens (United Kingdom)
 မြေနှစ်ဧက အကျယ်အဝန်းထဲမှာ ဒေးဗစ် အော်စတင် ကိုယ်တိုင် စိတ်ပါလက်ပါ ပြုစုပျိုးထောင် ရောင်းဝယ်လာ ခဲ့တာ နှစ်ပေါင်း ၇ဝ ကျော်ပါပြီတဲ့။မျိုးစိတ်ပေါင်း ၇ဝဝ ကျော် ရှိသတဲ့။ ဥရောပ ရဲ့  နာမည်ကြီး ပန်း ခြံကြီးတစ်ခု ပေါ့။ ကမ္ဘာမှာ အင်္ဂလိပ် နှင်းဆီရယ်လို့လည်း အင်မတန် နာမည်ကြီးခဲ့သေးတာပါ။ လိပ်စာက David Austin Roses, Bowling Green Lane, Albrighton, Wolverhampton, West Midlands , UnitedKingdom ဖြစ်ပါတယ်။

kenrokuen

Kenrokuen (Kanazawa, Japan)
 ၁၆၂ဝ ကစပြီး ၁၈၄ဝ အထိ ရေပန်းအမျိုးမျိုး၊ ရေ တံခွန်အမျိုးမျိုး၊ ရှုခင်းတွေနဲ့အတူ လက်ဖက်ရည် ဆိုင်လေးတွေ၊ စမ်းချောင်းနဲ့ တံတားလေးတွေပါ မကျန် ပန်းခြံက ပန်းတွေကလည်း ဆန်းသစ်ပြီး ဖြာဖြာဝေရော ယှက်နေတဲ့ ဂျပန်နိုင်ငံက ပန်းခြံနေရာပေါ့။ ၁၈၇ဝ ပြည့်နှစ်မှာတော့ လူထုကို ဖွင့်လှစ်ပြသခဲ့ပါတယ်။လိပ်စာက Kenrokuen, 1 Kenrokumachi, Kanazawa, Ishikawa 920−0936, Japan  ဖြစ်ပါတယ်။

churistchurch
Christchurch Botanic Gardens (Christchurch, New Zealand Kenrokuen,)
နှစ်ပေါင်း ၁၂ဝ သက်တမ်းရှိတဲ့ ရုက္ခဗေဒ ဥယျာဉ် ကြီးပါ။နယူးဇီလန်မှာ ရှိပါတယ်။ ၂ဝ၁၁ ခုနှစ်က ငလျင် အကြီးအကျယ်လှုပ်ခတ်ခဲ့လို့ ပျက်စီးခဲ့ပေမဲ့ အခုအခါ ပြန်လည်စိုပြည်နေပြီဖြစ်ပါတယ်။ River Avon   မြစ်ရိုးတစ်လျှောက် လှေကလေး နဲ့ ပန်းခြံတွေ ကို လှည့်လည် ကြည့်ရှုနိုင်ပါတယ်။ Juressic သစ်တောကြီးကို ညဘက်ကြီးလည်း သွားရောက်နိုင် တယ်။လိပ်စာ က Christchurch Botanic Gardens, 7 Rolleston Ave,Christchurch 8013, New Zealand;  ဖြစ်ပါတယ်။

ဖလောရစ်(စ်) Refer: CNN

Go to top