1

ပရိဘောဂစတိုင်တွေဟာ  ဒီနေ့ခေတ်မှာ ကိုယ်နှစ်သက်တဲ့စတိုင်၊  ကိုယ်ရဲ့ အခန်းအကျယ်အဝန်း၊ အသွေးအရောင်လေးတွေ ရောနှောပေါင်းစပ်ပြီး စတိုင်သစ်တွေ ထုတ်လာကြတယ်။  နည်းစနစ်ဟောင်းနဲ့ စတိုင် အမျိုး အစား နမူ နာလေးတွေ တစ်ခုစီ သိထားနိုင်ရင်ဘာတွေ ရောနှောပေါင်းစပ်နိုင်မလဲ။ ဘယ် စတိုင်လေး တွေက

လိုက်ဖက်ညီမလဲ ရွေးနုတ်ကြည့်လို့ လွယ်ကူမှာပါ။ ကိုယ့်ရဲ့တစ်ကိုယ်ရေ သုံးဧည့်ခန်းလေးထဲက ပရိဘောဂတွေကို  ကိုယ်ပိုင် စတိုင်အတိုင်း ဖန်တီးကြည့်ရရင် စိတ်ဝင်စားဖို့ကောင်းနေမှာပဲနော်။ ဈေးကွက်ထဲမှာ လည်း စတိုင်အမျိုးမျိုး ဝယ်ယူလို့ရနေပါတယ်။ ဒါပေမဲ့ အခေါ်အဝေါ်တွေက ခပ်များများဆိုတော့ ဘာကို ဘယ်လိုခေါ် တယ်ဆိုတာ သိရဖို့ခက်နေတော့တာပေါ့။ ကိုယ်တကယ်နှစ်သက်တဲ့ စတိုင်တစ်ခုရရှိဖို့ ခေတ် အစားဆုံး၊ လူသုံးအများဆုံးစသဖြင့် ယှဉ်ပြီး ရွေးချယ်ကြည့်နိုင်အောင် အမျိုးအစားလေးတွေ ဖော်ပြပေးလိုက် ပါတယ်။

 

2

 

Antique    vs.  Vintage

Antique furniture တွေဟာ စောစောပိုင်း၊ ရှေးကျတဲ့ကာလက ဒီဇိုင်းမျိုးပါ။ များသောအားဖြင့် သစ်သားနဲ့ပြုလုပ်ကြပါတယ်။ ပရိဘောဂရဲ့သက်တမ်း၊ အခြေအနေ၊ ထူးခြားတဲ့ ဒီဇိုင်းရယ်၊ စုဆောင်းသူတွေ ဘယ်လောက်စိတ်ဝင်စားလဲဆိုတာပေါ် မူတည်ပြီး ဈေးတွေမြင့်တတ်ပါတယ်။ ဗညအငဆကန ပရိဘောဂ အစစ်တွေဟာ  နှစ် ၁ဝဝ နဲ့ အထက်  သက်တမ်းရှိနေကြ ပြီး အတွေ့အကြုံပြည့်ဝတဲ့ ရောင်းချသူတွေ ဆီက ခိုင်မာတဲ့ အာမခံရရှိမှ  ဝယ်ယူစုဆောင်းသင့်ကြ တယ်။ Vintage Furniture ဟာ  အတိအကျဆိုရရင် တော့  နှစ်ပေါင်း ၃ဝ နဲ့ ၁ဝဝ ကြားသက်တမ်းရှိကြတယ်။Vintage ထဲမှာမှ Mid-Century Modern တွေဟာ အလွန်ပေါ်ပြူလာဖြစ်တဲ့စတိုင်တွေပါ။ Vintage Furniture   တွေကို ပရိဘောဂပြပွဲတွေမှာပြသတဲ့အခါ ရွေးချယ်ဖို့က အရည်အသွေး အကောင်းဆုံးရဖို့ ဆို ရရင် သက်ဆိုင်တဲ့ခေတ် ကာလပေါ် မူတည်ပြီး ပစ္စည်းအရည် အသွေး ကွာတတ်ကြတယ်တဲ့။Vingtage 1940 Wishbone  ထိုင်ခုံတွေဟာ Vintage 1980 Wishbone  ထိုင်ခုံတွေ မှာတောင် ကွာခြားမှုရှိကြတယ်။ တချို့လူတွေက  အိုမင်းတဲ့ပရိဘောဂကို  Vintage လို့ပြောနေတတ်ကြသေးတယ်။ ရိုးရိုးရှင်း ရှင်း အိုမင်း သွားတဲ့ ပရိဘောဂဟာ  Vintage ဖြစ်မသွားနိုင်ပါ ဘူး။

3

Traditional   vs.  Rustic

Traditional Furniture တွေဟာ  Victorian ခေတ်က တခမ်းတနားအသုံးပြု ကြတဲ့ အဆင်အပြင်မျိုးပါ။ Queen Anne ခေတ်ပရိဘောဂတွေဟာ တင့်တယ် ခမ်းနားပြီး  အသေးစိတ် ဖန်တီးတန်ဆာ ဆင်ထား ကြတယ်။ Chippendale   စတိုင် ကတော့ ၁၈ ရာစုစတိုင်ပါ။ အသားမှာ အနုပညာမြောက်အကွန့် အညွန့်ဒီဇိုင်းလေး တွေပါပြီး  အပြင်ဘက်လိုင်းကတော့ ဖြောင့်ဖြောင့် ရှင်းရှင်းပုံစံမျိုးပါပဲ။ Sheraton   စတိုင် ကျတော့ ၁၈ ရာစုနှောင်းပိုင်းလက်ရာ ချောမွတ်တဲ့ သစ်သား၊ ထိပ်ဖျားဘက် ထိုင်ခုံခြေထောက်တွေချွန်သွားတဲ့ပုံစံမျိုးဖြစ်ပြီး အတွင်းဘက်တွေမှာ အဆင် တန်ဆာမြှုပ်သွင်းစီခြယ်တဲ့  စတိုင်မျိုးနဲ့ ကွဲပြားပါ တယ်။  အားလုံး ကတော့  သက်သောင့်သက်သာ ရှိစေပြီး  လက်နဲ့ ပုံဖော်ထုဆစ်ပြုလုပ်ကြတယ်။ နက်မှောင်တဲ့ သစ်သားမျိုးတွေကိုပဲ အသုံးပြုတတ် ကြပါတယ်။ အမွေးပွ ပိုးသား၊ ချည်ထည်ဆိုဖာ နဲ့ နုနု ရွရွ ပိုး ချည် မျှင် လေးတွေ ဝဲဖြာကျနေတဲ့ ဆိုဖာသားတွေ တပ်ဆင် တန်ဆာ ဆင်ကြတယ်။Rustic Style Furniture    တွေက နွေးထွေးပြီး သဘာဝဆန်တဲ့၊ ရိုးရှင်းတဲ့ပုံစံကို အဓိကထားပြီး ကွဲပြားတဲ့ စတိုင်တွေ လွှမ်းမိုးနေ ကြတယ်။  ကျေးလက်ဆန်တဲ့ ပရိဘောဂစတိုင် ပါ။  အဝါရောင်နွေးနွေးသစ်သား ဒါမှမဟုတ် တိရစ္ဆာန်သားရေလို သဘာဝပစ္စည်း၊ ချည်သားနဲ့ လီနင်သားတွေ ပေါင်းစပ်အသုံးပြုကြ တယ်။ တခမ်း တနား စတိုင်မျိုး ထက် ရိုးစင်းတဲ့စတိုင်မျိုးရှိကြတယ်။ စကန်ဒီနေး ဗီးယန်းနဲ့ စက်မှုလုပ်ငန်းသုံး Industrial   ခေတ်ပရိဘောဂ ဒီဇိုင်းတွေဟာ Rustic တွေနဲ့ ဆင်တူကြပါတယ်။

7 Real   2-3 Real       


Art Deco   vs.  Retro

Art Deco   ဟာ ၂ဝ ရာစုနှစ် Machine Age   ပုံရိပ်တွေနဲ့ ရိုးရာလက် မှုပညာ နဲ့ပြုလုပ်ထား တဲ့ ပစ္စည်းတွေ ပေါင်းစပ်ထားကြတယ်။  ဒီစတိုင်ဟာ ဂျီသြမေတြီ ပုံစံတွေ၊ ထောင့် ချွန်းတွေပုံသဏ္ဌာန်တွေဖြစ်ပြီးခရိုမီ ယမ်သတ္တု၊  ဖန်၊ တောက်ပ တဲ့အသား၊ မှန်နဲ့ မှန်ဖြတ်စအပိုင်းအစလေးတွေပေါင်းစပ်ပြီး လေယာဉ်ပုံ၊ ကားနဲ့ မိုးမျှော်တိုက်ပုံရိပ်တွေ ပုံစံတကျပြုလုပ်ထား ဒီဇိုင်းဆင်ထားတဲ့ ပရိဘောဂမျိုးတွေပါ။ Great Gatsby ရုပ်ရှင်၊  Broadwalk Empire   တို့လို TV  ဇာတ်လမ်းတွဲတွေ မှာ Art Decoစတိုင်တွေ ပြည့်ပြည့်ဝဝ အသုံးပြုထားကြတယ်။  Retro Furniture  ကတော့ စတိုင်သတ်သတ်မှတ်မှတ်ပြောပြဖို့  ပိုပြီး ခက်ခဲနိုင်ပါတယ်။ ၁၉၅ဝ ပြည့်နှစ်တွေနဲ့ ၁၉၈ဝ ပြည့်နှစ်တွေက လက်ရာ မျိုးလို့ ပြောရမှာပါ။  retro ဆိုတဲ့ စကားလုံးအဓိပ္ပာယ်အတိုင်း နောက်ကြောင်းပြန် လက်ရာမျိုးဆိုပေမဲ့ ပန်းချီကားမှာ စုတ်ချက်တွေ ခပ်များများ စုံလင်အောင်ဂရုတစိုက် ရေးခြယ်ထားနိုင်တယ်။ ကိုးရိုးကားရားနိုင်တယ်လို့တောင် ဆိုနိုင်ဦးမယ်။ ခေတ်မမီတဲ့ပရိဘောဂစတိုင်ကို စုတ်ချက်များများ ဒီဇိုင်းပါတဲ့ ဆိုဖာတွေနဲ့ မော်ဒန်ယဉ်ကျေးမှုထဲ ဆွဲယူထားတဲ့ပုံစံပါ။

 

8   9

ဖြိုးဖြိုး

 

 

 

Go to top