indoor-plants

အိမ်ဆိုတာ မိသားစုတိုင်း အတွက် နွေးထွေးတဲ့ နေရာလေးတစ်ခုပါ။ အားချိန်လေးများ ရှိလာရင် အများစုဟာ အပြင် ထွက်လည်ပတ်ဖို့ထက် အိမ်တွင်းမှာပဲ နွေးထွေးစွာနေပြီး စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း စ တာတွေနဲ့အနားယူ လာကြပါတယ်။ အပြင်ထွက်ရင် ငွေကုန်မယ်၊ လူပင်ပန်း မယ် စတာတွေကြောင့် အိမ်ထဲမှာနေလာကြပေမယ့် မြေနေရာ ရှားပါးပြီး လူဦးရေ ထူထပ်မှုတွေကြောင့် ခြံနဲ့ဝင်းထက် တိုက်ခန်းေ တွမှာအနေများလာကြတဲ့အခါ သန့်ရှင်းတဲ့ လေက လိုလာပါပြီ။ မိုးနဲ့ဆောင်းလို အချိန်မျိုးတွေမှာ အိမ် တံခါးပိတ်ထားရတာများတဲ့အတွက် အိမ်တွင်းလေဟာ မသန့်ရှင်းမှုတွေ စုလာပါတယ်။ ဒီအခါ ပထမဆုံးခံ စား ရမှာ ကအသက်ရှူမဝတာဖြစ်ပြီး ဒီကတစ်ဆင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ ကို ဖြေရှင်းရာရောက်သလို စိတ်ကိုလည်း အပန်းပြေစေတဲ့ ဖြေရှင်းနည်းက အိမ်တွင်း မှာ လေထုကိုသန့်ရှင်းမှုပေးနိုင် တဲ့ အိမ်တွင်းစိုက်သစ်ပင်ကလေးတွေကို စိုက်ပျိုးဖို့ပဲဖြစ်ပါ တယ်။ အပင်တွေဟာ လူသား တွေအတွက် မရှိမဖြစ်လိုအပ် တဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ပြန်ထုတ်ပေးနေတာ အား လုံး အသိပါပဲ။ ဒါကြောင့်ဒီလို စုပ်ယူနိုင်တဲ့ အစွမ်းရှိတာချင်း အတူတူ သူများထက် ပိုပြီး အစွမ်းထက်အာနိသင်ရှိနေသလို မျက်စိပသာဒ လည်း ဖြစ်စေတဲ့ Indoor Plants လေးတွေ စိုက်ပျိုး ကြည့်ရအောင်။

 

shar-soung-la-pat

 

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ကို အသားအရေပြဿနာ အမျိုးမျိုးမှာ ကုစားမှုပေးနေတဲ့ ဆေးဖက်ဝင်အပင် အဖြစ် လူသိများကြပါတယ်။ သူ့ရဲ့ နောက်ထပ်အရည် အသွေးဖြစ်တဲ့ လေထုသန့်စင်ပေးနိုင်မှုကိုတော့ အသိနည်း ကြ ပါတယ်။ သူက စိုက်ပျိုးရလည်း လွယ်ကူတာ မို့ ပထမဆုံးအကြိမ် Indoor Plant  ကို စိုက်တဲ့သူတွေ စမ်းကြည့်သင့်ပါတယ်။ရှားစောင်းဟာ formaldehyde နဲ့ benzene  ဓာတ်တွေကိုသန့်ရှင်း ပစ်နိုင်စွမ်း ရှိပါ တယ်။ဒါကြောင့် ဓာတုပစ္စည်းကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ သန့်ရှင်း မှုပေး ပစ္စည်းတွေ အများဆုံးထား တဲ့အခန်း ဒါမှမဟုတ် မကြာသေးမီကမှ ဆေးအသစ် သုတ်ထားတဲ့အခန်းထဲ မှာ ထားပေးမယ်ဆိုရင် ရှားစောင်းကဓာတုပစ္စည်းတွေ ဆီက အဆိပ်ဖြစ်စေမယ့် အနံ့တွေကို စုပ်ယူပစ်လိုက်ကာ လေထုကို သန့်စင်သွားစေပါတယ်။ သူ့ကို အိမ်တွင်းမှာ စိုက်ရင် နေရောင်ခြည်များများ ရတဲ့နေရာမှာ ထားပေး ဖို့တော့ လိုအပ်ပါတယ်။

 

 

snake

အာဖရီကန်ဒေစီ
အာဖရီကန်ဒေစီက ဒေစီမျိုးစိတ် တို့အနက် အရောင်အသွေးစုံစုံနဲ့ အတော်လှတဲ့ အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက နေရောင်ခပ် များများရမှ အပွင့်ပွင့် တာဖြစ်တဲ့အတွက် နေရောင်အပြည့်ရတဲ့ အခန်းပြတင်းပေါက်တွေအနီးမှာ စိုက်ပါ။ သူက အဝတ်အစားလျှော်တာ၊ အခြောက်လှန်းတာ စတာတွေ ပြုလုပ်ရာမှာ အသုံးပြုရတဲ့ စက်တွေနဲ့ ပစ္စည်းတွေမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေကို စုပ်ယူနိုင် သလိုရေနံ နဲ့ကတ္တရာကရတဲ့ Benzene  ဓာတ်ကို ဖယ်ရှားရာမှာလည်း အထူးအားကိုးရပါတယ်။Benzene  ဟာ ပလတ်စတစ် နဲ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေနဲ့ အရောင်ချွတ် အာနိသင် ပါတဲ့ ပစ္စည်းတွေကနေ အများဆုံး ထွက်ရှိပါတယ်။ဒါကြောင့် အဝတ်ခြောက်စက်၊ လျှော်စက် စတာတွေ အနီးမှာ ထားပေးလို့ရသလို အဝတ်ဗီရိုရှိတဲ့ အခန်း တိုင်းရဲ့ ပြတင်းပေါက်ဘောင်လို နေရာမျိုးမှာ စိုက်ပျိုးလို့ ရပါတယ်။

 

 

 

mother

Snake Plant (or)
Mother In Law Tongue
ဒီအပင်ကို အတော်များများ တွေ့ဖူးကြမှာပါ။ အိမ်တွင်းမှာ စိုက်ပျိုးတာထက် အိမ်အပြင်မှာ စိုက်ပျိုး ကြတာတွေ့ရပါမယ်။ အချို့တွေက သူတို့ကို ဂမုန်းမျိုး နွယ်ထဲ ထည့်ထားကြပါတယ်။ ဒီ  snake plant လို အဆ င်ပေမဲ့ပုံသဏ္ဌာန်ကွာတဲ့ (အပု၊အရှည်) ဖြစ်နေ တဲ့ ကြွက်နားရွက် ဂမုန်းဆိုတာလည်း ရှိပါသေး တယ်။ဒီ D snake plant (အရွက်ရှည်ရှည်) ကိုတော့ ရေချိုးခန်းလို နေရာက လေထုမသန့်ရှင်းဘူးလို့ ခံစား ရရင် အဲဒီအခန်းထဲမှာထည့်ပေးပါ။ ဒါ့အပြင် သူဟာskincare products တွေဆီက ထွက်လာတဲ့ ဓာတု ပစ္စည်းတွေအပြင်၊ တစ်ရှူးစက္ကူနဲ့ အိမ်သာသုံးစက္ကူ တွေကလာတဲ့ အနံ့အသက်တွေကိုပါ စုပ်ယူဖယ်ရှား ပစ် နိုင် တဲ့အတွက်အိပ်ခန်းတွေမှာလည်း ထည့်ပြီး စိုက်ပျိုး လို့ရပါတယ်။ သူတို့တွေဟာ နေရောင်ခြည်များစွာ မလိုအပ်သလို ပူအိုက်စိုထိုင်းပြီး ရေငွေ့များတဲ့ ရာသီ ဥတုမျိုးမှာပါ ကောင်းကောင်း ရှင်သန်နေနိုင်ပါတယ်။ ဒါကြောင့် ဒီအပင်ကိုစိုက်ပျိုးဖို့က ကရိကထသိပ်မများ ပါဘူး။

 

 

ga-na-mar

 

ဂန္ဓမာပန်း
အပင်တွေစိုက်ရတာ ဝါသနာပါသလို အရောင် စုံစုံလေးတွေ ခင်းကျင်းပြသရတာကို စိတ်ဝင်စားရင် တော့ ဂန္ဓမာပန်းဟာ သင်နဲ့ အသင့်တော်ဆုံးပါပဲ။ သူ သည်လည်း Benzene  ကို စုပ်ယူရမှာ အင်မတန် အား ကိုးရပါတယ်။ သူဟာ လေထုထဲက မကောင်းတဲ့ အနံ့တွေစုပ်ယူပြီး ကောင်းတဲ့လေကို ပြန်ထုတ်ပေးနိုင် သလို သူ့ရဲ့ လှပပြီး အရောင်စုံတဲ့ ပန်းရဲ့ ရုပ်သွင်ကလည်း အခန်းကို လင်းသွားသယောင် ဖြစ်သွားစေပါ တယ်။သူက နေရောင်တိုက်ရိုက်ထိမှ အဖူးတွေက ပန်းပွင့်မှာ ဆိုတဲ့အတွက် နေရောင်တိုက်ရိုက်ကျနေတဲ့ ပြတင်း ပေါက်ဘေးမှာ ထားဖို့တော့ လိုပါတယ်။

 

 

 

zaw-gyi

 

ဇော်ဂျီတောင်ဝှေးအနွယ်ဝင်တွေ
Dracaena ဆိုတဲ့ ရုက္ခဗေဒဆိုင်ရာ အမည်ရှိ တဲ့ ဇော်ဂျီတောင်ဝှေးဟာ အရွက်နီရဲပြီး လှပသလို ဆေးဖက်ဝင် အာနိသင်လည်း များစွာရှိနေပါတယ်။ ဇော်ဂျီတောင်ဝှေးမှာမှ မျိုးစိတ်များစွာရှိပြီး အထဲကမှ Warneck Dracaena (တစ်ခါတစ်ရံ လပ်ကီးဂမုန်း အမည်ပေးပြီး ကိုင်းဖျားလေးတွေ လိုက်ရောင်းကြ သလို မွန်ပြည်နယ်နဲ့ တနင်္သာရီဒေသတွေမှာတော့ ခြံ စည်းရိုးပင်အဖြစ် အတွေ့ရ များတယ်) ကို  နေရာ ကျယ်ဝန်း တဲ့ အိမ်တွေမှာစိုက်ပျိုးလို့ရပါတယ်။ သူကတော့ အရောင်တင်ဆီနဲ့တကွ ဆီအမျိုးမျီုးမှာ ပါဝင်တဲ့ လေ ညစ်ညမ်းစေတဲ့ ပစ္စည်းတွေကို တိုက်ဖျက်နိုင်ပါ တယ်။နေရောင်ခြည်များစွာမလိုအပ်ပေမဲ့ ၁၂ ပေ အထိ ရှည်လျားနိုင်တဲ့သူ့အနေအထားကြောင့် နေရာ ကျယ်ကျယ်လိုတာ တစ်ခုပဲ ပြောစရာရှိပါတယ်။

 

 

chinese

 

Chinese Evergreen
Chinese Evergreen တွေကတော့ မြန်မာတွေ အတော်များများ ဂမုန်းအဖြစ် လက်ခံထား တဲ့ အပင်တွေပဲ ဖြစ်ပါတယ်။ စိမ်းလန်းပြီး ကြည့်ရတာ  မျက်စိအေးတဲ့ ဒီအပင်တွေဟာ လေထုထဲက ညစ်ညမ်း မှုမှန် သမျှကိုစုပ်ယူပစ်နိုင်စွမ်း မြင့်မားလှပါတယ်။ စိုက်ရတာ လွယ်သလို အလင်းရောင်လည်း များစွာမလို တဲ့အတွက် အိမ်တွင်းမှာ ကြိုက်တဲ့နေရာ စိုက်လို့ရပါ တယ်။ အချိန်လည်း ကြာလာမယ်၊ စိုက်ပျိုးပုံ စနစ်လည်း မှန်ကန်တယ်ဆိုရင် အပွင့်ပွင့်လာသလို ဘယ်ရီသီး အနီရောင်လို အသီးသေးသေးလေးတွေလည်း သီး လာပါတယ်။

 

 

 

peace

 

Peace Lily
Peace Lilyဆိုတဲ့အပင်က မြန်မာအခေါ် ရှင်သီဝလိဂမုန်းပဲ ဖြစ်ပါတယ်။ သူဟာ အရိပ်များများ ရှိလေ ကြိုက်လေဖြစ်ပြီး ရေကိုလည်း တစ်ပတ်တစ် ကြိမ်ခန့်သာ လောင်းပေးဖို့လိုအပ်ပါတယ်။ နာဆာက ပြုလုပ်ထားတဲ့သုတေသနရှာဖွေမှုအရ လေထုရဲ့ အကောင်းဆုံးအနေအထားကို ထိန်းပေးတဲ့နေရာမှာ အသုံးဝင်ဆုံးအပင်ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ သစ်သားပရိဘောဂတွေကနေ ထွက်ရှိတဲ့  ormalde-hyde, benzene နဲ့xylene တို့ကို လုံးဝသန့်ရှင်းတဲ့ အနေ အထားရောက်တဲ့အထိ ရှင်းထုတ်ပစ်နိုင်ပါတယ်။ ဒါ့အပြင် peace lily  ဟာ ပွင့်ရင် ချိုမြိန်တဲ့ ချစ်စဖွယ် အနံ့နဲ့ အဖြူရောင် ပိန်းပန်းသဖွယ် ပွင့်တာကြောင့် အပင်က စိမ်းစိမ်း၊အပွင့်က ဖြူဖြူနဲ့ အင်မတန် ကြည့်ရ တာ စိတ်ကို ကြည်နူးစေပါတယ်။

 

 

လူတွေတော်တော်များများဟာ အိမ်မှာ နေရာ လွတ်ရှိရင် ပရိဘောဂဖြည့်ဖို့ကိုပဲ အာရုံရောက်ကြပါ တယ်။ ပရိဘောဂအပါအဝင် တခြားလူ့အသုံးအဆောင် ပစ္စည်းတွေက ထုတ်လွှတ်တဲ့ လေထု ညစ်ညမ်းစေ တဲ့ အရာတွေကိုတော့ မေ့နေတတ်ကြပါတယ်။ အားလုံး သော လူ့အသုံးအဆောင်ပစ္စည်းတွေဟာ ဓာတုဗေဒ နည်းပညာနဲ့ ကင်းလွတ်ပြီး ဘာမှမရှိသလို ရှိခဲ့ရင်လည်း သူ့နည်း သူ့ဟန်နဲ့တော့ လေထုကို ညစ်ညမ်းေ စပါတယ်။ဒါကြောင့် ကမ္ဘာအနှံ့မှာ Indoor Planting ကို အခန်း တွင်းလေထုသန့်ရှင်းစေဖို့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးလာ ကြတာပဲ ဖြစ်ပါတယ်။ လေထုကို အထူးသန့်ရှင်းစေတဲ့ အပင်တွေကို သီးသန့်တင်သွင်းကြ၊ သိပ္ပံနည်းကျစမ်းသပ်ကြနဲ့ ပညာရှင်တွေ မအားလပ်ကြရပါဘူး။ ဒါကြောင့် အခုဆိုရင် Air Purifying Plants ဆိုပြီး မျိုးစေ့တွေ နဲ့ အပင်တွေများစွာ ရှိလာပါပြီ။ ဒီထဲကမှ မြန်မာပြည် အနှံ့မှာ အလွယ်တကူတွေ့ရ သလို ဝယ်ယူရင်လည်းဈေးမကြီးတဲ့ ဒီအပင် ၇ မျိုးက super အဆင့်ရှိနေတဲ့ လေထုသန့်ရှင်းမှု အရှိဆုံးအပင်တွေ ဖြစ်တာကြောင့် ဒီ ၇ မျိုးကို သီးသန့်ဖော်ပြပေးထားတာပါ။ ဒီအတွက် အခုပဲ ၇ ပင်လုံး မဟုတ်ေ တာင် ၃ ပင်လောက် စပြီးစိုက်ကြည့်ရအောင်။

 

ဒါယူ

Go to top