cosy1

အိမ်ဆောက်ပြီး သွားပြီဆိုတာနဲ့ အိမ်ကိုအလှ ဆင်တော့မယ် ဆိုရင် ပရိဘောဂတွေဟာ အကောင်းဆုံး အဆင် တန်ဆာတွေပါပဲ။ ပရိဘောဂတွေ ကတော့ အမျိုးမျိုးရှိပါတယ်။ သစ်နဲ့လုပ်တဲ့ Furniture တွေ၊ ကျွန်းနဲ့လုပ်တဲ့Furniture တွေ၊ ကြိမ်နဲ့လုပ်တဲ့ Furniture တွေ ဒါ့အပြင် အခုနောက်ပိုင်း မှာဆိုရင် Classic Furniture တွေ၊ Model Furniture တွေကို လူသုံးများ လာပါတယ်။ ဒီလ ဒီစာမျက်နှာ မှာတော့ ကြိမ်နဲ့ ပြုလုပ်ထား တဲ့ပရိဘောဂတွေ ကိုသဘော ကျတဲ့ Living Fashion မဂ္ဂဇင်း စာဖတ် ပရိသတ်တွေ အတွက် ဒီဇိုင်း ခပ်ဆန်းဆန်းနဲ့ သက်သောင့် သက်သာရှိ စေမယ့်ကြိမ်ပရိဘောဂ တွေကို တင်ဆက်ပေး လိုက်ပါတယ်။

Read more: COSY RATTEN FURNITURE

white1

အဖြူရောင်ကို နှစ်သက်ပေမဲ့ သင့်ဧည့်ခန်းက ဆိုဖာတွေ အဖြူရောင်ချည်းပဲ ဖြစ်နေတာကို ငြီးငွေ့လာ ပြီး ဆိုဖာအဖုံးစွပ်တွေကို လဲလှယ်ချင် လာပြီဆိုရင်တော့ သင့်ဆိုဖာအဖုံးစွပ် တွေကို အဖြူရောင်ကို အခြေ ခံထား တဲ့အစင်းကြောင်း၊ အစက်အပြောက် စတာတွေကို ဆေးရိုက် ထားတဲ့ အဆင်စမျိုးကို အသုံးပြုလို့ရပါတယ်။ တကယ်လို့ နဂို အခံအဖြူရောင်က စွန်းထင်းနေ တယ်ဆိုရင်တောင် သန့်ရှင်းသွား တယ်လို့ ထင်မြင်စေ ပါလိမ့်မယ်။

Read more: သင့်အိမ်မှာ အဖြူရောင် ဆိုဖာတွေ များနေတယ် ဆိုရင်

lay-dout

၂ဝ၁၄ ခုနှစ် အစကတည်းက Furniture Design  တွေကို လေ့လာကြည့် လိုက်မယ်ဆိုရင် Furniture တော်တော်များ များဟာ လေးထောင့်ဆန်လာတာ ကို တွေ့ရပါတယ်။ လေးထောင့်ဆန် တာ မှ လေးထောင့် ဆန်ရမယ့်နေရာမှသာ လေးထောင့် ဆန်တာ မဟုတ်ဘဲ Furniture  ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အကုန်လုံး လေးထောင့် ဆန်လာကြတာပါ။ ဘာကြောင့်လဲ ဆိုရင်တော့ လေးထောင့်ဆန်ဆန် အသုံး အဆောင် ပစ္စည်းတွေနဲ့ဖွဲ့စည်း တည်ဆောက်ထားတဲ့ အခန်းကို ကြည့်လိုက်ရင် ခန့်ထည်သပ်ရပ်မှု တွေနဲ့ ပြည့်နှက်နေ တာတွေ့ရပါ တယ်။ မျက်စိပသာဒတစ်ခုပါပဲ။

Read more: လေးထောင့်ကမ္ဘာ

franzo

အိမ်တစ်အိမ်ကို အလှဆင်တော့မယ်ဆိုရင် ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုပြီး ထွေထွေထူးထူး သိပ်စဉ်းစားမနေပါနဲ့။ ကိုယ့်ရဲ့အိမ်ကို သင့်တော်လှပတဲ့ အရောင်တစ်ရောင် ခြယ်သပြီးသွားပြီဆိုရင် ပရိဘောဂ အသုံးအဆောင် ပစ္စည်းတွေ ထည့်သွင်း ကြည့်လိုက်ပါ မိတ်ဆွေ။ အိမ်တစ်အိမ်ဟာ ဘာမှမွမ်းမံ မထားရင်တောင် ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေ အနည်းအကျဉ်း ထည့်သွင်းလိုက်ရုံနဲ့ အတော်အ တန် ထည်ဝါသွားတတ်ကြတာ မဟုတ်လား။ ဘယ်လိုပုံစံမျိုး မွမ်းမံမလဲဆိုတာ ကတော့ ကိုယ့်ရဲ့ အိမ်ကို ဘယ်လိုပရိဘောဂအမျိုးအစားတွေနဲ့ မွမ်းမံမလဲဆိုတဲ့ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်နေတာပေါ့။

Read more: တောက်ပြောင်လှပရွှေရောင်ပရိဘောဂ

modern-world

မရောင့်ရဲ မတင်းတိမ်နိုင်တဲ့ လူတွေရဲ့တွေးတော ကြံဆမှုတွေနောက်မှာ အရာရာဟာ ပြောင်းလဲတိုး တက်လို့နေပါတယ်။ေ ခတ်တစ်ခေတ် ပြောင်းလဲလာတိုင်း နောက်ကို ပြန်လှည့်ကြည့် လိုက်ရင်လူတွေ ရဲ့ပြု မူ နေထိုင်ပုံတွေ၊ သူတို့ အသုံးပြုကြတဲ့ အသုံးအဆောင် ပစ္စည်းတွေ ပြောင်းလဲလိုက်ပါမှုဟာ အတော့်ကို သိသာလှပါတယ်။ ဟိုးရှေးရှေးတုန်းက ကျွန်းတွေ၊ သစ်တွေနဲ့ ပြုလုပ်ထားတဲ့ ပရိဘောဂတွေကို အ သုံးပြုကြတယ်။ အသုံးပြုကြတဲ့ ဒီဇိုင်းပုံစံတွေကလည်း ရိုးရိုးရှင်းရှင်း တွေ ပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ပရိဘောဂဒီဇိုင်းတွေ ရေးဆွဲတဲ့ ဒီဇိုင်နာတွေရဲ့ အတွေးကောင်းရင် ကောင်းသလောက်၊ အဲ့ဒီ  ဒီဇိုင် နာတွေရဲ့အတွေးတွေကို ဖန်တီးတီထွင်ပေးတဲ့ ပန်းပု ၊ ပန်းတမော့ ပညာရှင် တွေရဲ့ လက်ရာကောင်းရင် ကောင်းသလောက်ဒီဇိုင်းပုံစံ အဆန်းတွေနဲ့ ပရိဘောဂအသစ်တွေ ထွက်ပေါ်လာ ကြပါတယ်။ကဲ … အခု ကျွန်တော်တို့ နေ့စဉ်ပြောင်းလဲနေတဲ့ ခေတ်သစ်ကမ္ဘာထဲက ပန်းပု၊ ပန်းတမော့ပညာ ကောင်းကောင်းနဲ့ ဖန်တီးတီထွင်ထားတဲ့ ပရိဘောဂ အသစ်အဆန်းတွေကို လေ့လာကြည့်လိုက်ရ အောင်။

Read more: FURNITURES MODERN WORLD

Go to top