lightweightblocks

Aung Thu Wun Co.,Ltd ကနေ မြန်မာပြည် မှာ သြစတြေးလျ နည်းပညာနဲ့ ထုတ်လုပ်နေတဲ့ light- weight အုတ်တွေအကြောင်းကို မိတ်ဆက်ပေးချင်ပါ တယ်။ မြန်မာနိုင်ငံကို ပထမဆုံး တင်သွင်း လာ တဲ့ဆောက်လုပ်ရေးပစ္စည်းဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် တပ်ဆင်ရလွယ်ကူပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ကုန်ပစ္စည်းပဲ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ Pan Pacific Group Of Companies ကနေ franchise ရယူထားတဲ့ Aung Thu Wun Co.,Ltd ရဲ့ CEO ဦးမောင်မောင်အေးက light- weight အုတ်တွေနဲ့ ပတ်သက်တာတွေကို အသေးစိတ် ပြောပြပေးထားပါတယ်။

Read more: အချိန်နဲ့ ကုန်ကျစရိတ်သက်သာစေမယ့် သြစတြေးလျနည်းပညာထုတ်

IMG 7719

အခုရောက်နေတဲ့ နေရာကတော့ ၇ မိုင်၊ သာလာဝတီလမ်းမှာရှိပြီး သဘင်ပညာနဲ့ ပရိသတ်ကို ဖျော်ဖြေတင်ဆက်နေတဲ့ အနုပညာရှင် တင်ဇာမိုးဝင်းရဲ့ နေအိမ်ပဲ ဖြစ်ပါတယ်။ ခြံဝင်းထဲမှာ နှစ်ထပ်ခွဲ တိုက်အိမ်ကို ရှင်းလင်းသေသပ်တဲ့ ပုံစံနဲ့ တည်ဆောက်ထားပြီး အရောင်ကိုတော့ အဖြူနဲ့အနက် နှစ်ရောင်ကိုသာ အသားပေးအသုံးပြုထားတာကို တွေ့ရပါတယ်။ အိမ်ထဲဝင်ဝင်ချင်းမှာ ရှင်းလင်းသပ်ရပ်တဲ့ ပုံစံနဲ့ ဧည့်ခန်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အိမ်နဲ့ပတ်သက်လို့ တင်ဇာမိုးဝင်းက . . .

Read more: Her Place - တင်ဇာမိုးဝင်း

parque

ပါကေး (parquetry) ဆိုသည်မှာ တန်ဆာဆင်ခြင်းအတွက် အသုံးပြုကြသော သစ်သားတုံးငယ်များဖြစ်သည်။ ပါကေး အသုံးပြုရခြင်း ရည်ရွယ်ချက်နှစ်မျိုးရှိရာ ပရိဘောဂများအတွက် သစ်ပါးလွှာအဖြစ် အသုံးချခြင်းနှင့် ကြမ်းပြင်များအတွက် အတုံးငယ်များအဖြစ် အသုံးချခြင်းတို့ဖြစ်သည်။ ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးရှိရာ စတုရန်း၊ တြိဂံ၊ မှန်ကူကွက်တို့သည် လူကြိုက်များသော ပုံစံများဖြစ်ကြသည်။ လူကြိုက်အများဆုံး ပါကေးကြမ်းခင်း ပုံစံများမှာ ငါးရိုးချုပ်ပုံစံဖြစ်သည်။

ပါကေးဟူသော စကားလုံးသည် ပြင်သစ်စကားလုံး "Parchet" မှ ဆင်းသက်လာပြီး "သေးငယ်သော နေရာအခင်းအကျင်း" ဟု အဓိပ္ပာယ်ရသည်။ ဗာဆိုင်းပါကေးများကို ၁၆၈၄ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကြသည်။ မှန်ကူကွက်ပါကေးကို ၁၆၉၃ ခုနှစ် လောက်တွင် ဆွီဒင်ဗိသုကာပညာရှင် Daniel Gronstrom က မှတ်တမ်းပြုခဲ့သည်။

Read more: အကွက်ကျကျ ပါကေးအလှ

KK

သူ့နာမည်က ကျော်ကျော်။ Studio 35က မွေး ထုတ်ပေးလိုက်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်သလို ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ရဲ့ လက်ရင်း တပည့်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဟာ အခုဆိုရင် ပရိသတ် ကပေးတဲ့နေရာတစ်နေရာကို ရရှိထားပြီးဖြစ်ပါတယ်။ အနုပညာခြေလှမ်း မှန်မှန်နဲ့ လျှောက်လှမ်းနေတဲ့ သရုပ်ဆောင်ကျော်ကျော်ရဲ့ lifestyle ကို Living Fashion ပရိသတ်တွေ ကြည့်မြင်ခံစားရအောင် တင်ဆက် ပေးလိုက်ပါတယ်။

Read more: His Place - ကျော်ကျော်

color decoration

The right color is worth a thousand words မှန်ကန်သော အရောင်တစ်ရောင်သည် စကားလုံးတစ်ထောင်ကဲ့သို့ တန်ဖိုးကြီးသည်ဟု အဆိုရှိကြ သည်။ အရာင်များကို စကားမပြောသော ဆက်သွယ်ရေး လမ်းကြောင်း (non-verbal communication) ပုံစံတစ်ခု အနေနဲ့လည်း ဖွင့်ဆိုသည်များလည်း ရှိသည်။ သို့သော် အရောင်၏ သဘော သဘာဝသည် တည်မြဲသော သဘောကို မဆောင်ပေ။

Read more: ရွေးကောက်ပွဲအတွက် အကောင်းဆုံး အရောင်များ

Go to top