monalisa

လူကြီးမင်းတို့ရဲ့ နေအိမ်နဲ့ ရုံးခန်းတွေကို သပ်ရပ် ခံ့ညားပြီး ရေရှည်ခိုင်ခံ့တဲ့ နေရာတစ်ခုအဖြစ် မွမ်းမံ ပြင်ဆင်မယ်ဆိုရင် ကြွေပြားတွေကို အသုံးပြုတာဟာ လူကြီးမင်းတို့ရဲ့ ရွေးချယ်မှုမှန်ကန်ပြီဆိုတဲ့ သဘောပါ ပဲ။ကြွေပြားတွေကို အသုံးပြုဖို့တော့ သေချာနေပြီ၊ တစ်ဆင့်တက်ပြီး ဘယ်လိုကြွေပြားတွေကို ရွေးချယ် ရမယ်ဆိုတဲ့အပိုင်းက ပိုလို့အရေးကြီးလာပါပြီ။ပိုလို့အရေးကြီး လာတာနဲ့အမျှ အမှတ်တံဆိပ် အမျိုးမျိုးရှိတဲ့ အတွက်လည်းဘယ်အမှတ်တံဆိပ်၊ ဘယ်လိုကြွေပြားတွေကို သုံးစွဲရမယ်ဆိုတာ လူကြီးမင်း တို့ ခေါင်းစားနိုင်ပါတယ်။ ဒီအတွက်တော့ ဦးနှောက် ရှုပ်ခံပြီး စဉ်းစားမနေပါနဲ့။ဟုတ်ပါပြီ။ အခုပဲ ပြောပြပါမယ်။ တ ရုတ်ပြည်မ ကြီးနဲ့ အာရှနိုင်ငံတချို့ မှာ ဈေးကွက်ခိုင်ခိုင်မာမာ ရရှိပြီးသား မြန်မာနိုင်ငံအတွက် ကုန်ပစ္စည်းအမှတ် တံဆိပ်အသစ်ဖြစ်တဲ့ MONALISA  ကြွေပြားတွေကို သုံးစွဲဖို့လမ်းညွှန်ချင် ပါတယ်။

Read more: အရည်အသွေးပြည့်ဝ ဈေးနှုန်းမျှတ ကာလကြာရှည်သုံးစွဲနိုင်မယ့်MONALISA

small-room

ကိုယ်ရဲ့ အသုံးအဆောင် ပစ္စည်းတွေကို အခန်း အကျယ်ကြီးထဲမှာ စနစ်တကျထား တာထက် အခန်း ကျဉ်း ကျဉ်းလေးထဲမှာ စနစ်တကျထားတာ ဘယ်ဟာက ပိုခက်မယ်လို့ သင် ထင်ပါသလဲ မိတ်ဆွေ ။ သေချာ တာ ပေါ့။အခန်းအကျယ်ကြီးထဲမှာ ထားတာက ပို လွယ်ကူ ပြီး အခန်းကျဉ်းကျဉ်းလေးထဲမှာထားတာက ခက်ခဲ ပါတယ်။ ဒါပေမဲ့ ထားတတ်မယ်ဆိုရင်တော့ အခန်း ကျဉ်းကျဉ်းလေးထဲမှာ ကိုယ့်ရဲ့အသုံးအဆောင် ပစ္စည်းတွေကိုစနစ်တကျ ထားလို့ရပါတယ်။  ဘယ်လို ထားမလဲဆိုတာကို ကျွန်တော်တို့ လေ့လာကြည့် လိုက်ကြရအောင်။

Read more: အခန်းသေးသေးလေးထဲက ပြီးပြည့်စုံတဲ့ ကမ္ဘာ

sydney

မိတ်ဆွေ … သင့်လုပ်ငန်းအတွက် ရုံးခန်းတစ်ခန်း ဖွင့်ဖို့ စိတ်ကူးနေသလား၊ ဘယ်လိုပုံစံမျိုး ရုံးခန်း ဖွင့်လှစ် ဖို့ စိတ်ကူးနေသလဲ၊ သာမန်ကာလျှံကာ ရုံးခန်းလား၊ ဒါမှမဟုတ် ထည်ထည်ဝါဝါ ရုံးခန်းလား၊ ကိုယ့်ရုံး ခန်းရဲ့အပြင်အဆင်ဟာ ကိုယ့်လုပ်ငန်းနာမည်ရဲ့ ထည်ဝါ တောက်ပမှုကို အထောက်အကူပြုနေတယ်ဆိုတာ သင် သိပါရဲ့လား။ ရုံးခန်းထဲ ဝင်လိုက်တာနဲ့ ရုံးခန်းထဲမှာ ပြင်ဆင်ထားတဲ့ ပြင်ဆင်မှုကိုကြည့်ပြီး လုပ် ငန်းရဲ့အခြေအနေကို မသိမသာ အကဲခတ်လို့ ရတယ်လေ။ ဆိုတော့ ကိုယ့်ရဲ့ရုံးခန်းကို ဘယ်လိုပြင်ဆင်ပြီး ကိုယ့် ရုံးခန်း ထဲ ဝင်လိုက်တာနဲ့ First Impression ရရှိအောင် ကိုယ့်လုပ်ငန်းရဲ့အခြေအနေကို ဘယ်လိုပြောပြကြမလဲ။

Read more: သေသပ်လှပ Sydney ရုံးသုံး ပရိဘောဂ

unitedplaza1

အိမ်တစ်အိမ် ဆောက်လုပ်ပြီး စီးသွားတဲ့အခါ အဲ့ဒီအိမ်ကလေး လှပထည် ဝါလာဖို့အရေး ကျွန်တော် တို့တစ်တွေ စိတ်ကူးရှိသလောက် ပြင်ဆင် မွမ်းမံတတ် တာ သဘာဝပါပဲ။ ကိုယ့်အိမ်ကလေး သာယာလှပေ န တာ ဟာကိုယ့်ရဲ့စိတ်တွေ သာယာလှပလာ စေဖို့ အကောင်း ဆုံး အကြောင်းပြချက်ပါပဲ။ တစ်နေကုန် တစ်နေခန်း အလုပ်တွေ လုပ်ပြီးလို့ မောမောပန်းပန်းနဲ့ အိမ်ပြန်လာ တဲ့ အခါမှာ သပ်ရပ်ကြော့ရှင်းနေတဲ့ ကိုယ့်အိမ်ကလေးရဲ့ရင်ခွင်ထဲမှာ ခိုနားလိုက်တာနဲ့ ရင်ထဲက အမောတွေ ဘယ်လောက်တောင် ပြေပျောက်သွားမလဲ. . .  ဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အိမ်ကလေးတွေကို လှလှပပ သေသေ သပ် သပ် ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။

Read more: အိမ်လှလှလေး ဖန်တီးပေးမယ့် အိမ်ဆောက်ပစ္စည်းတွေ

bed1

ကောင်းမွန်နွေးထွေး နူးညံ့တဲ့ အိပ်ရာလေးဖြစ်စေဖို့ အဓိက အရေးကြီးတဲ့အရာ တစ်ခုကတော့ အိပ်ရာခင်း (Bed Sheet) ဖြစ်ပါတယ်။ ဥရောပ တိုင်းပြည်တချို့မှာတော့ အိပ်ရာခင်းက Fitted Sheet ဒါမှမဟုတ်  Coupie Sheet လို့လည်း ခေါ်ကြပါတယ်။အိပ်ရာခင်း (Bed Sheet) ဆိုတဲ့ စကားလုံးကို ၁၅ ရာစုလောက်က စတင်အသုံးပြုခဲ့ပြီး အစောပိုင်း ကာလတုန်းက အဖြူရောင်သာဖြစ်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ အရောင် အမျိုးမျိုး အဆင်အစုံစုံ ရှိပါတယ်။

အိပ်ရာခင်းက Flat ဒါမှမဟုတ် Fitted လို့ အဓိက နှစ်မျိုးခွဲခြားထားပါတယ်။ Flat  အမျိုးအစားဟာ အဝတ်စဖြစ်ပြီး Fittedကတော့ မျှော့ကြိုး (elastic) ဖြစ်ပြီး အောက်ခံ အခင်းအဖြစ် အသုံးပြုကြပါ တယ်။ မွေ့ ရာချော်မကျအောင် ရည်ရွယ်သုံးစွဲတာလည်း ဖြစ် ပါတယ်။အိပ်ရာခင်းတွေကို ချည်၊ ပိတ်သား၊ ဖဲ၊ ပိုး၊ ပိုးတု၊ ဝါးမျှင် စတာတွေနဲ့ ရက်လုပ်ကြတာများ ပါတယ်။ Polypropylene လို့ခေါ်တဲ့ ပလတ်စတစ် တစ်မျိုး နဲ့ ပြုလုပ်ထားတဲ့ ဈေးပေါတဲ့ တစ်ခါသုံး အိပ်ရာခင်းတွေကိုတော့ ဆေးရုံတွေ၊ ဟိုတယ်တွေနဲ့ တခြားအရေးပေါ် နေရာတွေ မှာ အသုံးပြုတတ်ကြပါတယ်။

ခုတင်အရွယ်အစား ကိုလိုက်ပြီး အိပ်ရာခင်း အရွယ် အစား အမျိုးမျိုးရှိပါတယ်။ နိုင်ငံအလိုက်၊ ဒေသ အလိုက် ခုတင်အရွယ်အစား ၊ မွေ့ရာ အမျိုးမျိုး ရှိပါတယ်။ မြန်မာ လူမျိုးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းလူမျိုးတွေ ရဲ့ မွေ့ရာ အရွယ်အစားကို ဖော်ပြလိုက်ရပါတယ်။ မွေ့ရာ (matt-ress) ရဲ့ ယေဘုယျအထူမှာ ၄ လက်မကနေ ၁ဝ လက်မ ရှိပါတယ်။

bed2

ကမ္ဘာကျော် Luxury Bedding ကုမ္ပဏီကြီးများ

1.Frette
ဇိမ်ကျတဲ့ Linens တွေကို ထုတ်လုပ်တာကြောင့် ကမ္ဘာ ကျော်တဲ့ အီတလီ အဝတ်အထည် ကုမ္ပဏီကြီး တစ်ခုဖြစ်ပါ တယ်။ ၁၈၆ဝ ပြည့်နှစ်မှာ ပြင်သစ်နိုင်ငံ Grenoble မြို့မှာ စတင် တည်ထောင်ခဲ့ပေမဲ့ ၁၈၆၅ ခုနှစ်မှာ အီတလီနိုင်ငံ Concorezzo မြို့ကို ပြောင်းရွှေ့ ခဲ့တာပါ။ ရုံးချုပ်ကတော့ အီတလီနိုင်ငံ  Monza မြို့မှာ ရှိပါတယ်။လန်ဒန်မှာရှိတဲ့ The Ritz ဟိုတယ်၊ ပြင်သစ်မှာရှိတဲ့Hotel George V? Boston မြို့ မှာ ရှိတဲ့Mandarin Oriental  စင်ကာပူမှာရှိတဲ့Raffles Hotel ဟောင်ကောင် မှာရှိတဲ့ Peninsula စတဲ့ ဟိုတယ်တွေမှာ Frette ကုမ္ပဏီ ထုတ် အိပ်ရာခင်းတွေကိုပဲ အသုံးပြုကြပါတယ်။

bed3

2.Bellino Fine Linens
အီတလီကုမ္ပဏီတစ်ခုဖြစ်ပြီး အီဂျစ်ချည်တွေနဲ့သာ ရာနှုန်းပြည့်ချုပ်လုပ်ပါတယ်။ အီတလီနိုင်ငံမှာ ရုံးချုပ်ရှိပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ Atlanta မြို့တွေမှာ ပြခန်း တွေရှိပါတယ်။

3.Anichini
နှစ် ၂ဝ သက်တမ်းသာရှိပေမဲ့ ကမ္ဘာ့သိက္ခာအရှိဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ခေတ်မီဆန်းပြားပြီး ဆွဲဆောင်မှု ကောင်းတဲ့ အရောင်ဒီဇိုင်းတွေကြောင့်လည်း Anichini  ပစ္စည်း တွေဟာ လူကြိုက်များလှပါတယ်။ အမေရိကန်Vermont မြို့ မှာ hand-made ပရိဘောဂတွေကို ထုတ်လုပ်နေပါတယ်။

4.Peacock Alley
ကမ္ဘာကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်ပြီး 100% Egyption Cotton  ကိုသာ အသုံးပြုထားပါတယ်။ နှစ်သက် ဖွယ်အရောင်၊ ဒီဇိုင်း၊ အရွယ်အစား အမျိုးမျိုးပါဝင်တဲ့ အိပ်ရာ ခင်းတွေကို ထုတ်လုပ်နေ ပါတယ် ။ ပေါ်တူဂီနဲ့ အီတလီနိုင်ငံ ထုတ် ကုန်ကြမ်းတွေကိုသာ အသုံးပြုပါတယ်။

5.Pratesi
အိပ်ရာခင်း၊ စားပွဲခင်း၊  စောင်၊ ကလေးအထည်၊ ကမ်းခြေ အထည်များစွာကို ထုတ်လုပ်ဖြန့်ချိတဲ့  အီတာလျံ ကုမ္ပဏီ ကြီးတစ်ခုဖြစ်ပါတယ်။

bed4

ဧပရယ်မိုးဆက်

Go to top