likar1

အိမ်ခန်းတွေမှာ လိုက်ကာ စတွေကို တပ်ဆင်ခြင်းက အိမ်အတွင်း ပိုင်းအလှဆင် မှုအတွက် အရေးပါသလို သီးသန့်ဖြစ်တည်မှု ပုံစံကိုလည်း ပေါ်လွင်စေပါတယ်။ လှပတဲ့ အိမ်အလှဆင် မှုအတွက် လိုက်ကာစ တပ်ဆင် မှုကပိုမို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ သင့်အိမ်မှာ လိုက်ကာ စတပ်တော့မယ် ဆိုရင် သင် စဉ်းစားရမယ့် အကြောင်းအချက် အနည်းငယ် ရှိနေပါတယ်။ အဲဒါတွေကတော့ သင့်အခန်းရဲ့ အရောင်အသွေးနဲ့ အခန်းရဲ့ဘယ်နေရာမှာ တပ်ဆင်မယ် ဆိုတာကို ကြိုတင်စဉ်းစား ထားရမှာဖြစ်ပါတယ်။ သင့်အခန်းဟာ အားလုံး ပြင်ဆင် ထားပြီးသား ဆိုရင်တော့ သင့်အခန်းရဲ့ အရောင်အသွေးနဲ့ အနေအထားပေါ်မှာ မူတည်ပြီး လိုက်ကာစ ကိုရွေးချယ် တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းမွန်မှုကို လိုချင်တယ် ဆိုရင်တော့ ပေါ့ပါးတဲ့ ချည်ထည်စမျိုးနဲ့ ချုပ်လုပ်ထားတဲ့ လိုက်ကာ စမျိုးကို ရွေးချယ်ပါလို့ အကြံပြုပါရစေ။ အရောင်ရွေးချယ် ရာမှာလည်း အရောင်နုလေးတွေကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သဘာဝ အလင်းရောင် ကို ရရှိနိုင်သလို ကိုယ့်အိမ်လေး အတွင်း ကိုလည်း ပြင်ပ မှ တိုက်ရိုက်မမြင်နိုင်အောင် ကာကွယ်ပေး ထားပါ တယ်။ ထိုကဲ့သို့မဟုတ်ဘဲ သင်ဟာ သင့်အိမ်တွင်းမှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဇိမ်ကျကျပုံစံမျိုး နေချင်တယ်ဆိုရင်တော့ အရောင်ရင့်ပြီး ထူထဲတဲ့ ချည်သားစမျိုးနဲ့ ချုပ်ထားတဲ့ လိုက်ကာစ မျိုးကိုအသုံးပြုပါလို့ ဆိုပါရစေ။ ဒါဆိုရင် တော့ အလင်းရောင် နည်းနည်းနဲ့ ငြိမ်သက်အေးချမ်း မှုကိုခံစားရ ရှိနိုင်မှာ ဖြစ်ပါတယ် ။အထက်မှာ ပြောခဲ့သလိုပဲ လိုက်ကာ တပ်ဆင် တော့မယ်ဆိုရင် အိမ်ရဲ့ ပြင်ဆင်ထားတဲ့ အရောင်အသွေး ကို ကြည့်ပြီး တပ်ဆင်ရတာဖြစ်ပါတယ်။ အကယ်၍ သင့်အခန်းလေးကို အနီရောင်ခြယ် သထားတဲ့ အခါမှာလိုက် ကာစကိုပါ အနီရောင် အသုံးပြုပေးလိုက်ခြင်းက သင့်အိမ်ခန်းလေးကို ပေါ်လစ်တင် ပေးလိုက်သလို တောက်ပ သွားစေပါတယ်။ ဒါ့အပြင် သင့်အိမ် ခန်းလေး ရဲ့ အဓိကကျတဲ့ Furniture လို အရာတွေ မှာ ကြားကာလာတွေကို အသုံးပြုပေးပြီး accessories တွေနဲ့ တန်ဆာဆင်ထားတဲ့ လိုက်ကာမျိုးနဲ့ တွဲဖက်လိုက်ရင် တော့ ဆန်းသစ်တဲ့ အလှတရားကို ရရှိစေမှာပါ။ အရောင်တွေရဲ့ သဘောတရား အရ အပူရောင်၊ အအေးရောင် ဆိုတာ ရှိပါတယ်။ ဒါတွေကို မျှတအောင် ပေါင်းစပ် အသုံးပြုပေး ရမှာဖြစ်ပါတယ်။ ကြားကာလာတွေချည်းပဲ အသုံးပြုထားမယ် ဆိုရင်လည်း သင့်ရဲ့ အခန်းဟာ ပျင်းရိ စရာ ကောင်းတဲ့ အသွင် ပုံစံဖြစ်ပေါ်နေမှာပါ။ဒါ့အပြင် အစင်း၊ အကွက်စတဲ့ အဆင်ဒီဇိုင်းတွေ ပါဝင်တဲ့ လိုက်ကာဒီဇိုင်းမျိုးကိုလည်း အသုံးပြုဖို့ တွန့် ဆုတ်နေစရာ မလိုပါဘူး။ ဒီ ဒီဇိုင်းတွေဟာ သင့်အခန်း စတိုင်ကို  Perfect  ဖြစ်စေရုံသာမက အမြင်အာရုံကို လည်းဖမ်းစားပါတယ်။

 

likar2

လိုက်ကာအသုံးပြုလို့ရတဲ့ တခြားနေရာတွေ

လူတွေဟာ လိုက်ကာ လို့ပြောလိုက်ရင် ပြတင်း ပေါက်နေရာလောက်ပဲ အသုံးပြုနိုင် တယ်လို့ ထင်ကြပါ တယ်။ ဒါဟာ မှားနေတယ်ဆိုတာကို သင် သိထားရပါ မယ်။ လိုက်ကာကို တခြားနည်း လမ်းတွေ နဲ့ နေရာများ စွာ မှာအသုံးပြု လို့ရပါတယ်။ အခြား အသုံးပြုလို့ရတဲ့ နေရာတွေထဲက နေရာတချို့ကို ပြောပြရရင်တော့ ...

likar3

စာအုပ်စင်၊ အဝတ်စင်၊ ဖိနပ်စင်

သင့်ရဲ့စာအုပ် စင်လေးမှာလည်း တံခါးအဖြစ် လိုက်ကာကို တပ်ဆင်ထားလို့ရပါတယ်။ စာအုပ်စင် လေးကို ချည်သား စလိုက်ကာလေးနဲ့ ကာရံထားခြင်း က အမြင်ကို တစ်မျိုးဆန်း သစ်စေသလို သင့်စာအုပ် စင်လေးကိုလည်း အဆင်တန်ဆာ တစ်ခု ဆင်ယင်ထား သလို ဖြစ်ပေါ်စေပါတယ်။ စာအုပ်စင်သာမက ဖိနပ်စင်၊ အဝတ်စင် စတဲ့ နေရာတွေမှာလည်း အသုံးပြုလို့ ရပါ တယ်။

likar4

အိပ်ခန်း

သင့်အိပ်ရာဟာ အခန်းနဲ့ သီးသန့်ရှိနေ တာမျိုး မဟုတ်တဲ့ အပြင် အိပ်ရာကို မြင်ရတာ ပျင်းရိခြောက်သွေ့ ဖွယ်ပုံစံမျိုး ရှိနေ တယ်ဆိုရင်တော့ အဆင်ဒီဇိုင်းလှလှ လိုက်ကာတစ်ခုနဲ့ ကာရံလိုက်ခြင်းက အကောင်း ဆုံးနည်း လမ်းပဲ ဖြစ်ပါတယ်။

likar5

အနုပညာလုပ်ငန်း

တချို့ချည်သား လိုက်ကာစတွေရဲ့ ဒီဇိုင်းဟာ ထူးကဲတဲ့ သဏ္ဌာန်နဲ့ ခမ်းနားထည်ဝါတဲ့ အဆင်မျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ဘောင်ခတ်ထားခြင်းမရှိ တဲ့ ပန်းချီကားတစ်ချပ်ကို နံရံမှာ တွဲလျောင်းဆွဲ ထားတဲ့ ပုံသဏ္ဌာန်မျိုး ပေါ်လွင်စေပါတယ်။ လိုက်ကာစကို ပုံမှန် ချိတ်ဆွဲနေကျပုံစံမျိုးမဟုတ်ဘဲ ကိုယ်စိတ်ကူးရှိသလို ဖန်တီးချိတ်ဆွဲတဲ့ creation တွေက အနုပညာလုပ်ငန်း တွေမှာလည်း လိုက်ကာတွေကို ထည့်သွင်းအသုံးပြုလို့ရတယ်ဆိုတာကို ဖော်ပြနေပါတယ်။

 likar6

ကူရှင်အဖုံးတွေ

သင့်အိမ်မှာရှိတဲ့ လိုက်ကာဒီဇိုင်းတွေဟာ ဟောင်းနွမ်း သွားပြီ ဆိုရင်တောင်မှ နောက်ဆုံးအနေနဲ့ အသုံးပြုလို့ ရပါသေးတယ်။ ဒါကတော့ အိမ်မှာရှိတဲ့ ထိုင်ခုံတွေနဲ့ ကားတွေရဲ့ ကူရှင်အဖုံး အစွပ်တွေ အဖြစ်ပြောင်းလဲ အသုံးပြုလိုက် လို့ရခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သင့်အိမ်မှာရှိတဲ့ ထိုင်ခုံတွေအတွက် ကူရှင်အဖုံးစွပ်ချုပ်ရာမှာ ပိတ်စအသစ် ထပ်ဝယ်စရာ မလိုအပ်တော့ပါဘူး။

အေမီချို

Go to top