white1

အဖြူရောင်ကို နှစ်သက်ပေမဲ့ သင့်ဧည့်ခန်းက ဆိုဖာတွေ အဖြူရောင်ချည်းပဲ ဖြစ်နေတာကို ငြီးငွေ့လာ ပြီး ဆိုဖာအဖုံးစွပ်တွေကို လဲလှယ်ချင် လာပြီဆိုရင်တော့ သင့်ဆိုဖာအဖုံးစွပ် တွေကို အဖြူရောင်ကို အခြေ ခံထား တဲ့အစင်းကြောင်း၊ အစက်အပြောက် စတာတွေကို ဆေးရိုက် ထားတဲ့ အဆင်စမျိုးကို အသုံးပြုလို့ရပါတယ်။ တကယ်လို့ နဂို အခံအဖြူရောင်က စွန်းထင်းနေ တယ်ဆိုရင်တောင် သန့်ရှင်းသွား တယ်လို့ ထင်မြင်စေ ပါလိမ့်မယ်။

 

white2white3

ပန်းရောင်နဲ့ Navy ရောင်တို့ကို တွဲဖက်ထားတာက အဆင့်အတန်း မြင့်မားဟန်ကို ပေါ်လွင်စေပါတယ်။ ဒါ့အပြင် ရွှေရောင်မှိန်မှိန် အလုံးလေးတွေပါ တဲ့ခေါင်းအုံး အသေးတစ်လုံး ကိုပါရောနှောပေါင်း စပ်လိုက်တဲ့ အခါမှာတော့ သင့်ဧည့်ခန်းလေးရဲ့ ပရိဘောဂတွေဟာ ခေတ်မီပြီး ကြီးပွား တိုးတက်နေတဲ့ ဟန်ပန်ကို ပေါ်လွင်စေပါတယ်။

white4white5

အဖြူနဲ့အနက်ကို တွဲဆက်တာဟာ ရိုးရှင်းပေမဲ့ ဘယ်တော့မှ မရိုးသွားတဲ့ တွဲဆက်မှုပဲဖြစ်ပါတယ်။ ဒီနေရာမှာ တိရစ္ဆာန်အရေခွံ ပုံစံဒီဇိုင်းတွေ ကိုတော့ အားမပေးချင်ပါဘူး။ ဒါပေမဲ့ ဒီလိုဒီဇိုင်းတွေ ကိုနှစ်သက် တတ်သူ ရင်တော့ အမဲလိုက်ခွေးရဲ့ အသွားထက်တဲ့ သွားပုံစံနဲ့ အသွင်ဆင်တူ တဲ့အချွန်ပုံစံဒီဇိုင်း မျိုးလေးတွေ ကိုခေါင်းအုံးလေးတွေရဲ့ အဖုံးစွပ်ချွတ်ပြီးဆိုဖာရဲ့ လက်ရန်းဘေး တစ်ဖက် တစ်ချက်မှာ ထားပေးနိုင် ပါတယ်။ ဒါဟာလည်း အမြင်ဆန်း သွားစေတဲ့ အဖြူနဲ့ အနက်ပေါင်းစပ် မှုမျိုးပဲဖြစ်ပါတယ်။

white6white7

သင့်ရဲ့ အဖြူရောင် ဆိုဖာတွေကို နွေးထွေးပြီး သက်သောင့် သက်သာရှိတဲ့ စတိုင်ဖြစ်ပေါ် လာစေဖို့ အပြာနုရောင်နဲ့ မီးခိုးရောင်ကို အခုလိုထားပေး လိုက်ခြင်းက သင်ဘယ်လောက်မှ အားမထုတ်ရပါဘဲ သင့် ဧည့်ခန်းကို သင်ကိုယ်တိုင် 'ဟာ'ခနဲ အံ့အားသင့် သွားစေမှာပါ။သံပရို၊ သံပရာနဲ့ လိမ္မော်သီးတွေရဲ့  အရောင်တွေကို သင့်ဧည့်ခန်းဆို ဖာအဖြူရောင် အပေါ်မှာပေါင်းစပ် ထားလိုက်တယ် ဆိုရင်တော့ သင့်အိမ်လေးဟာ နွေရာသီရဲ့ နွေးထွေး လတ်ဆတ်မှုကို အမြဲတမ်း ခံစားနေရမှာပါ။

white8white9

ဒါကတော့ ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်ရဲ့ အပြင်အဆင်မျိုးပဲ ဖြစ်ပါတယ်။ အခုံး ငယ်လေးတွေပါပြီး နောက်မှီနဲ့ လက်တန်းမပါတဲ့ ပန်းရောင်ခုံကို ထည့်သွင်းထားတဲ့ပုံစံက သင့်ဧည့်ခန်း ကို နုနယ်ပြီး ချစ်စရာကောင်း သွားစေမှာ ဖြစ်ပါတယ်။ သင့်ရဲ့ အဖြူရောင် ဆိုဖာကြီးကို မိန်းကလေး အကြိုက် ဖြစ်အောင် အခုလို ပန်းရောင်လေးနဲ့ တွဲဖက်လို့ရပါ တယ်။

အေမီချို

Go to top