franzo

အိမ်တစ်အိမ်ကို အလှဆင်တော့မယ်ဆိုရင် ဘာလုပ်ရမယ် ညာလုပ်ရမယ်ဆိုပြီး ထွေထွေထူးထူး သိပ်စဉ်းစားမနေပါနဲ့။ ကိုယ့်ရဲ့အိမ်ကို သင့်တော်လှပတဲ့ အရောင်တစ်ရောင် ခြယ်သပြီးသွားပြီဆိုရင် ပရိဘောဂ အသုံးအဆောင် ပစ္စည်းတွေ ထည့်သွင်း ကြည့်လိုက်ပါ မိတ်ဆွေ။ အိမ်တစ်အိမ်ဟာ ဘာမှမွမ်းမံ မထားရင်တောင် ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေ အနည်းအကျဉ်း ထည့်သွင်းလိုက်ရုံနဲ့ အတော်အ တန် ထည်ဝါသွားတတ်ကြတာ မဟုတ်လား။ ဘယ်လိုပုံစံမျိုး မွမ်းမံမလဲဆိုတာ ကတော့ ကိုယ့်ရဲ့ အိမ်ကို ဘယ်လိုပရိဘောဂအမျိုးအစားတွေနဲ့ မွမ်းမံမလဲဆိုတဲ့ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်နေတာပေါ့။

 

franzo1franzo2

Modern  Furniture တွေနဲ့ မွမ်းမံမလား၊ Classic Furniture တွေနဲ့ ပြင်ဆင်မလား။ ဒီလ Classic Furniture  တွေကို ကြိုက်နှစ်သက်သူ Living Fashion Magazine စာဖတ်ပရိသတ်တွေ အတွက်Franzo Living Mallက တောက်ပြောင်လှပ တဲ့ ရွှေရောင် Classic Furniture တွေကို ဝေမျှ တင်ဆက်ပေး လိုက်ပါတယ်။Franzo Living Mall  မှClassic Furniture တွေနဲ့ ပတ်သက်ပြီး သိလိုတာတွေ အတွက် လည်း Franzo Living Mall ရဲ့Managing Director  ဦးကျော်နိုင်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။

 Franzo Living Mall ကို ဘယ်အချိန်က စတင် ဖွင့်လှစ်ဖြစ်ခဲ့တာလဲ။ ဘယ်လိုကြောင့် ဖွင့်လှစ် ဖြစ်သွားတာလဲ သိပါရစေ။Franzo Living Mall ကို ၂ဝ၁၁ ခုနှစ်ကစတင်ဖွင့် လှစ်ခဲ့တာပါ။ ဈေးကွက် ရဲ့လိုအပ် ချက်အရ Classic Furniture  တွေကိုမှ အဆင့်အတန်းတစ်ခု အဖြစ် သုံးစွဲချင်သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ် ဖြစ်ခဲ့တာပါ။

Furniture များစွာထဲကမှ ဒီ Classic Furniture  တွေကို ရွေးချယ် ရောင်းချပေးဖြစ်တာက . . .အဓိကကတော့ Classic Furniture တွေကိုမှ အသုံးပြုချင်ကြတဲ့ သူတွေအတွက်ပေါ့။ Classic Furniture က အိမ်တစ်အိမ်ရဲ့ Elegent  ဖြစ်မှုကို ဖော်ပြပေးနိုင်တယ်လေ။ အဲ့ဒီအတွက် Classic Furniture တွေကိုမှတသီးတသန့် အသုံးပြု လိုကြတဲ့ သူတွေ တစ်နေရာတည်းမှာပဲ အဆင်ပြေစွာနဲ့ Classic Furniture Design မျိုးစုံကို ဝယ်ယူလို့ရအောင် ဆိုပြီး ရွေးချယ် ရောင်းချပေးဖြစ်တာပါ။

franzo3franzo4

Franzo Living Mall  မှာ ဘယ်လို Classic Furniture အမျိုးအစားတွေ ရရှိနိုင်ပါသလဲ။
အမျိုးအစားကတော့ အိမ်သုံး ၊ Hotel သုံး၊  Office တွေအတွက Series  မျိုးစုံ ရရှိနိုင်ပါတယ်။

Franzo Living Mall မှာ ရရှိနိုင်တဲ့ Classic Furniture  တွေက ပြည်တွင်းဖြစ်တွေပဲလား၊ ဒါမှမဟုတ် ဘယ်နိုင်ငံတွေ က တင်သွင်းသလဲ သိပါရစေ။
အီတလီနိုင်ငံကနေ တိုက်ရိုက်တင်သွင်းပြီးတော့ Palazzo Brand အဖြစ် မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်ယူပြီး လက်လီလက်ကား ရောင်းချ ပေးနေတာပါ။

Franzo Living Mall အနေနဲ့ မိမိတို့ဆိုင်က ဃျူျေငခ င်္ကမညငအကမန တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး လက်မထောင် ပြောနိုင်တဲ့ ထူးခြားသေချာမှုတွေက . . .
Franzo မှာ ကျွန်တော်တို့ Furniture တွေရဲ့ quality ကို ထိန်းထားနိုင်ဖို့၊ နောက်ပြီး Franzo Classic Furniture တွေရဲ့ ဒီဇိုင်းနဲ့ အရည်အသွေးကို customer တွေ တစ်သက်စာစိတ်ချပြီး ရေရှည်သုံးစွဲ နိုင်ဖို့ အတွက် အထူးပြုလုပ်ထား ပါတယ်။ နူးညံ့ပြီး သက်သောင့်သက်သာရှိတဲ့ ပိတ်စတွေနဲ့ Furniture ရဲ့အတွင်းသားမှာ မှိုတက်တာ၊ ခြကိုက်တာ မရှိရလေ အောင် ပြုလုပ်ထားတယ်။ အဲ့ဒါကြောင့် Franzo က Classic Furniture တွေကို သုံးစွဲလိုက်တဲ့ customer  တွေအတွက် Elegent Antique Superior Lifestyle ကိုလည်း ရရှိစေမှာပါ။

franzo5franzo6

Franzo Living Mall  အနေနဲ့ Franzo ကို ရောက်လာတဲ့ customer တွေကို ဘယ်လို ဝန်ဆောင်မှုတွေ ပေးနေပါသလဲ။
ဝန်ဆောင်မှု အပိုင်းမှာတော့ Franzo က Furniture  တွေကို ဝယ်လိုက်ပြီဆိုတာနဲ့ အိမ်တိုင် ရာရောက်ပို့ဆောင်ပြီး စိတ်တိုင်း ကျ ခင်းကျင်းပေးပါတယ်။ Design ဆွဲပြီး Furniture တွေကို ဟိုတယ် သုံး၊ အိမ်သုံး ၊ရုံးသုံးတွေအတွက်လည်း အော်ဒါ မှာကြားသမျှ လက်ခံ ဆောင်ရွက်ပေးပါတယ်။

လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ်လိုယုံကြည်ချက်နဲ့ ရပ်တည်နေ သလဲဆိုတာ သိပါရစေ။
Classic Furniture ကို သုံးစွဲသူတိုင်း နှစ်ရှည်သုံးစွဲနိုင်စေဖို့ ရည်ရွယ်သလို Furniture  တွေကို best quality တွေပဲ ရောင်းချ ပေးတာက ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။

နွေလ
ဓာတ်ပုံ - Franzo Living Mall

Go to top