wedding room6

ဒီလအတွက် colour deco    ကဏ္ဍလေး ကနေ တခြားလတွေနဲ့မတူအောင် တင်ဆက်ပေးမှာက           တော့    Wedding Bedroom   လေးတွေပဲဖြစ်ပါ တယ်။ ဝါကျွတ် တာနဲ့ မင်္ဂလာဆောင်မယ့် မင်္ဂလာမောင်နှံ တွေ အနေနဲ့ ကိုယ့်ရဲ့ မင်္ဂလာဦး အိပ်ခန်းလေးကို လှလှပပ လေး ပြင်ဆင်ချင်ကြမှာပေါ့နော်။ ဒါ့ကြောင့်လည်း ဒီတစ်လကို  Wedding Bedroomလှလှလေးတွေနဲ့ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ရင်း ....

Read more: မင်္ဂလာမဆောင်ခင်စိတ်ကူးယဉ်

Living Fashion ပရိသတ်ကြီးရေ . . . သင့် Baby ရဲ့ အခန်းလေးကိုအလှပဆုံး၊ ချစ်စဖွယ်အကောင်းဆုံးဖြစ်အောင် သင်ပြင်ဆင်ပေးချင်မှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ စိတ်ကူးတွေများလွန်းပြီးဘယ်လို ပြင် ဆင်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ အခန်းရဲ့ အနေအထား၊ အရောင်၊ ဒီဇိုင်းစတာတွေအားလုံး ညီညွတ်မျှတနေဖို့ လိုအပ်ပါတယ်။ Baby လေးတို့ ဖေဖေ၊ မေမေတွေအနေနဲ့ Babyလေးရဲ့အခန်းကို ပြင်ဆင်ဖို့ ကိုယ်တိုင်ပဲပစ္စည်းတွေ သွားဝယ်ရမလား၊ Interior Designer တစ်ယောက်ကိုပဲ အပ်ရတော့မလားဆိုပြီး အာရုံတွေထွေပြားနေရင်တော့ အားလုံးကို ခဏတာလွှတ်ချရပ်နားပြီး Baby လေးတို့ရဲ့ အခန်းဒီဇိုင်း အပြင်အဆင်လေးတွေကို အရင်ဆုံး လေ့လာကြည့်ရအောင်ပါနော်။

 

1

2

12

 

Pinky

modern

အခုနောက်ပိုင်း မီးဖိုချောင်တွေ ကိုလေ့လာ ကြည့်လိုက် မယ်ဆိုရင် မီးဖိုချောင်တော်တော် များများဟာ ပစ္စည်းထားစရာ ဗီရိုတွေ၊ စင်တွေကို သပ်သပ်စီ အသုံးမပြုတော့ဘဲ လေးထောင့် ဗီရိုတွေကို နံရံမှာကပ်ပြီး မီးဖိုချောင်ကို သေသေသတ်သတ် ဖွဲ့စည်းတည်ဆောက် လာကြပါတယ်။ အဲ့ဒီတော့ စင်သပ်သပ်၊ ဗီရိုသပ်သပ် ထားသလိုမျိုး နေရာသိပ် မယူတော့ဘဲ မီးဖိုချောင်ကို အခန်းကျဉ်းကျဉ်းလေး အတွင်းမှာ ထမင်းစားစရာ နေရာ အပါအဝင် စနစ်တကျ ဖွဲ့စည်းနိုင်လာပါပြီ။ကဲ … ဘယ်လို ဖွဲ့စည်း ထားသလဲ သိရအောင်ဒီလ ဒီ စာမျက်နှာလေးမှာ လေ့လာကြည့် လိုက်ရအောင်။

Read more: မော်ဒန်မီးဖိုချောင်

home2

ခေတ်အဆက်ဆက် မှ အိမ်ရှင်မနှင့် မီးဖိုချောင် အိမ်မှု ကိစ္စတို့သည် ဒွန်တွဲနေသော ဓလေ့ထုံးစံ တစ်ခုပင် ဖြစ်ခဲ့ သည်မှာ ယနေ့ခေတ် တိုင်အောင်ပင် ဖြစ်ပါသည်။ မီးဖို ချောင်ကိစ္စ ဆိုသည်မှာ လည်းအရေး ကြီးသော အလုပ်ထဲတွင် တစ်ခုအပါ အဝင်ဖြစ်သောကြောင့် တကယ်တမ်း လုပ်လျှင် တစ်နေကုန်သော အလုပ်များပင် ဖြစ်ပါသည်။တကယ်တမ်း သာမန်အိမ်ရှင်မ များသည် အိမ်မှုကိစ္စ များကို ဇယ်စက် သလိုလုပ်ရင်း တစ်နေ့တာ ကုန်ဆုံးကာ ညမိုးစုပ်စုပ် ချုပ်မှပင် ချက်ရေးပြုတ်ရေး အိမ်သန့်ရှင်းရေး တာဝန် ဝတ္တရားများ ပြီးဆုံးခဲ့ရပါသည်။နေ့စဉ် ဈေးသွား ခြင်း၊ ဈေးပြန်လျှင် ချက်ပြုတ်၊ လှီးချွတ်၊ ထုထောင်း၊

Read more: ခေတ်သစ်အိမ်ရှင်မ

likar1

အိမ်ခန်းတွေမှာ လိုက်ကာ စတွေကို တပ်ဆင်ခြင်းက အိမ်အတွင်း ပိုင်းအလှဆင် မှုအတွက် အရေးပါသလို သီးသန့်ဖြစ်တည်မှု ပုံစံကိုလည်း ပေါ်လွင်စေပါတယ်။ လှပတဲ့ အိမ်အလှဆင် မှုအတွက် လိုက်ကာစ တပ်ဆင် မှုကပိုမို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ သင့်အိမ်မှာ လိုက်ကာ စတပ်တော့မယ် ဆိုရင် သင် စဉ်းစားရမယ့် အကြောင်းအချက် အနည်းငယ် ရှိနေပါတယ်။ အဲဒါတွေကတော့ သင့်အခန်းရဲ့ အရောင်အသွေးနဲ့ အခန်းရဲ့ဘယ်နေရာမှာ တပ်ဆင်မယ် ဆိုတာကို ကြိုတင်စဉ်းစား ထားရမှာဖြစ်ပါတယ်။ သင့်အခန်းဟာ အားလုံး ပြင်ဆင် ထားပြီးသား ဆိုရင်တော့ သင့်အခန်းရဲ့ အရောင်အသွေးနဲ့ အနေအထားပေါ်မှာ မူတည်ပြီး လိုက်ကာစ ကိုရွေးချယ် တပ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဟာ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းမွန်မှုကို လိုချင်တယ် ဆိုရင်တော့ ပေါ့ပါးတဲ့ ချည်ထည်စမျိုးနဲ့ ချုပ်လုပ်ထားတဲ့ လိုက်ကာ စမျိုးကို ရွေးချယ်ပါလို့ အကြံပြုပါရစေ။ အရောင်ရွေးချယ် ရာမှာလည်း အရောင်နုလေးတွေကို အသုံးပြုပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ သဘာဝ အလင်းရောင် ကို ရရှိနိုင်သလို ကိုယ့်အိမ်လေး အတွင်း ကိုလည်း ပြင်ပ မှ တိုက်ရိုက်မမြင်နိုင်အောင် ကာကွယ်ပေး ထားပါ တယ်။ ထိုကဲ့သို့မဟုတ်ဘဲ သင်ဟာ သင့်အိမ်တွင်းမှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ဇိမ်ကျကျပုံစံမျိုး နေချင်တယ်ဆိုရင်တော့ အရောင်ရင့်ပြီး ထူထဲတဲ့ ချည်သားစမျိုးနဲ့ ချုပ်ထားတဲ့ လိုက်ကာစ မျိုးကိုအသုံးပြုပါလို့ ဆိုပါရစေ။ ဒါဆိုရင် တော့ အလင်းရောင် နည်းနည်းနဲ့ ငြိမ်သက်အေးချမ်း မှုကိုခံစားရ ရှိနိုင်မှာ ဖြစ်ပါတယ် ။အထက်မှာ ပြောခဲ့သလိုပဲ လိုက်ကာ တပ်ဆင် တော့မယ်ဆိုရင် အိမ်ရဲ့ ပြင်ဆင်ထားတဲ့ အရောင်အသွေး ကို ကြည့်ပြီး တပ်ဆင်ရတာဖြစ်ပါတယ်။ အကယ်၍ သင့်အခန်းလေးကို အနီရောင်ခြယ် သထားတဲ့ အခါမှာလိုက် ကာစကိုပါ အနီရောင် အသုံးပြုပေးလိုက်ခြင်းက သင့်အိမ်ခန်းလေးကို ပေါ်လစ်တင် ပေးလိုက်သလို တောက်ပ သွားစေပါတယ်။ ဒါ့အပြင် သင့်အိမ် ခန်းလေး ရဲ့ အဓိကကျတဲ့ Furniture လို အရာတွေ မှာ ကြားကာလာတွေကို အသုံးပြုပေးပြီး accessories တွေနဲ့ တန်ဆာဆင်ထားတဲ့ လိုက်ကာမျိုးနဲ့ တွဲဖက်လိုက်ရင် တော့ ဆန်းသစ်တဲ့ အလှတရားကို ရရှိစေမှာပါ။ အရောင်တွေရဲ့ သဘောတရား အရ အပူရောင်၊ အအေးရောင် ဆိုတာ ရှိပါတယ်။ ဒါတွေကို မျှတအောင် ပေါင်းစပ် အသုံးပြုပေး ရမှာဖြစ်ပါတယ်။ ကြားကာလာတွေချည်းပဲ အသုံးပြုထားမယ် ဆိုရင်လည်း သင့်ရဲ့ အခန်းဟာ ပျင်းရိ စရာ ကောင်းတဲ့ အသွင် ပုံစံဖြစ်ပေါ်နေမှာပါ။ဒါ့အပြင် အစင်း၊ အကွက်စတဲ့ အဆင်ဒီဇိုင်းတွေ ပါဝင်တဲ့ လိုက်ကာဒီဇိုင်းမျိုးကိုလည်း အသုံးပြုဖို့ တွန့် ဆုတ်နေစရာ မလိုပါဘူး။ ဒီ ဒီဇိုင်းတွေဟာ သင့်အခန်း စတိုင်ကို  Perfect  ဖြစ်စေရုံသာမက အမြင်အာရုံကို လည်းဖမ်းစားပါတယ်။

Read more: လိုက်ကာ တို့ရဲ့ အသုံးဝင်မှု

  •  Start 
  •  Prev 
  •  1  2  3  4  5 
  •  Next 
  •  End 
Go to top